ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 24:30-49 Common Language Bible (BCL)

30. ထို​အ​ခါ​လူ​သား​ကြွ​လာ​တော်​မူ​မည့်​နိ​မိတ် လက္ခ​ဏာ​သည်​မိုး​ကောင်း​ကင်​တွင်​ပေါ်​ထွန်း​လာ လိမ့်​မည်။ မိုး​တိမ်​ကို​စီး​လျက်​ကြီး​စွာ​သော​ဘုန်း တန်​ခိုး​တော်​ဖြင့်​လူ​သား​ကြွ​လာ​တော်​မူ​သည်​ကို ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​သည်​မြင်​ကြ​သော အ​ခါ​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။-

31. ထို​နောက်​လူ​သား​သည်​ကြီး​မား​သော​တံ​ပိုး​ခ​ရာ ကို​မှုတ်​စေ​ပြီး​လျှင်​မိ​မိ​၏​ကောင်း​ကင်​တ​မန်​များ အား အ​ရပ်​လေး​မျက်​နှာ​သို့​စေ​လွှတ်​၍​ကမ္ဘာ​မြေ ကြီး​တစ်​စွန်း​မှ​တစ်​စွန်း​အ​ထိ​ရှိ​ကြ​သော ကိုယ် တော်​ရွေး​ချယ်​ထား​တော်​မူ​သော​သူ​တို့​ကို​စု သိမ်း​စေ​တော်​မူ​လိမ့်​မည်။

32. ``သင်္ဘော​သ​ဖန်း​ပင်​မှ​သင်​ခန်း​စာ​တစ်​ရပ်​ကို​သင်​ယူ ကြ​လော့။ ထို​အ​ပင်​တွင်​အ​ကိုင်း​အ​ညှောက်​ထွက်​၍ ရွက်​နု​ပေါက်​သော​အ​ခါ​နွေ​ကာ​လ​နီး​သည်​ကို သင်​တို့​သိ​ကြ​၏။-

33. ထို​နည်း​တူ​စွာ​ဖော်​ပြ​ခဲ့​သော​အ​မှု​အ​ရာ​များ ဖြစ်​ပျက်​လျက်​ရှိ​သည်​ကို​တွေ့​မြင်​ရ​သော​အ​ခါ လူ​သား​သည်​သင်​တို့​အ​နီး​တံ​ခါး​ဝ​သို့​ပင် ရောက်​ရှိ​နေ​ပြီ​ဟု​သိ​မှတ်​ကြ​လော့။-

34. အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား၊ ဤ အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​သည်​ယ​ခု​အ​သက်​ရှင် လျက်​ရှိ​သူ​တို့​မ​သေ​လွန်​မီ​ဖြစ်​ပျက်​လာ​လိမ့်​မည်။-

35. ကောင်း​ကင်​နှင့်​မြေ​ကြီး​မ​တည်​သော်​လည်း​ငါ​၏ စ​ကား​တည်​လိမ့်​မည်။''

36. ``သို့​သော်​လည်း​ထို​အ​မှု​အ​ရာ​များ​ဖြစ်​ပျက် မည့်​နေ့​ရက်​နှင့်​အ​ချိန်​နာ​ရီ​ကို​ခ​မည်း​တော်​မှ တစ်​ပါး​အ​ဘယ်​သူ​မျှ​မ​သိ။ ကောင်း​ကင်​ဘုံ​ရှိ ကောင်း​ကင်​တ​မန်​များ​လည်း​မ​သိ။ သား​တော် လည်း​မ​သိ။-

37. နော​ဧ​လက်​ထက်​က​ဖြစ်​ပျက်​သ​ကဲ့​သို့​လူ​သား ကြွ​လာ​သော​အ​ခါ​၌​လည်း​ဖြစ်​ပျက်​လိမ့်​မည်။-

38. ထို​နေ့​ရက်​ကာ​လ​၌​ရေ​မ​လွှမ်း​မိုး​မီ၊ သင်္ဘော​ထဲ သို့​နော​ဧ​ဝင်​သည့်​နေ့​တိုင်​အောင်​လူ​တို့​သည်​စား လျက်​ထိမ်း​မြား​စုံ​ဖက်​လျက်​နေ​ကြ​၏။-

39. သူ​တို့​သည်​ရေ​လွှမ်း​မိုး​၍​သေ​ကြေ​ပျက်​စီး​ကြ သည့်​အ​ချိန်​တိုင်​အောင်​သ​တိ​မဲ့​လျက်​နေ​ကြ​၏။ လူ​သား​ကြွ​လာ​တော်​မူ​ချိန်​၌​လည်း​ထို​နည်း​တူ ဖြစ်​လိမ့်​မည်။-

40. ထို​အ​ခါ​လယ်​ထဲ​တွင်​ရှိ​သူ​လူ​နှစ်​ယောက်​အ​နက် တစ်​ယောက်​ကို​သိမ်း​ယူ​၍​တစ်​ယောက်​ကို​ထား​ခဲ့ လတ္တံ့။-

41. ကြိတ်​ဆုံ​လှည့်​နေ​သူ​အ​မျိုး​သ​မီး​နှစ်​ယောက်​အ​နက် တစ်​ယောက်​ကို​သိမ်း​ယူ​၍​တစ်​ယောက်​ကို​ထား​ခဲ့​လတ္တံ့။-

42. သို့​ဖြစ်​၍​သ​တိ​နှင့်​စောင့်​နေ​ကြ​လော့။ သင်​တို့​၏ အ​ရှင်​သည်​အ​ဘယ်​အ​ခါ​ကြွ​လာ​တော်​မူ​မည် ကို​သင်​တို့​မ​သိ​ကြ။-

43. အ​ကယ်​၍​အိမ်​ရှင်​သည်​သူ​ခိုး​လာ​မည့်​အ​ချိန်​ကို သာ​သိ​ရ​လျှင်​သ​တိ​နှင့်​နေ​လျက် မိ​မိ​အိမ်​ကို သူ​ခိုး​ဖောက်​ခွင့်​ပြု​မည်​မ​ဟုတ်​ကြောင်း​သင်​တို့ သိ​မှတ်​ကြ​လော့။-

44. လူ​သား​သည်​သင်​တို့​မ​မျှော်​သော​အ​ချိန်​၌​ကြွ လာ​တော်​မူ​မည်​ဖြစ်​၍​သင်​တို့​သည်​လည်း​အ​မြဲ အ​ဆင်​သင့်​ရှိ​ကြ​လော့။

45. ``သစ္စာ​ရှိ​ကျွန်​လိမ္မာ​ကား​အ​ဘယ်​သူ​နည်း။ ထို​သူ ကား​အ​ခြား​ကျေး​ကျွန်​များ​ကို​အုပ်​ချုပ်​ရန်​နှင့် အ​ချိန်​တန်​လျှင်​ရိက္ခာ​များ​ထုတ်​ပေး​ရန်​သ​ခင် က​ခန့်​ထား​သူ​ဖြစ်​၏။-

46. သူ​သည်​မိ​မိ​တာ​ဝန်​ကို​သစ္စာ​ရှိ​စွာ​ဆောင်​ရွက်​နေ သည်​ကို​သ​ခင်​ပြန်​လာ​ချိန်​၌​တွေ့​ရ​လျှင်​မင်္ဂ​လာ ရှိ​၏။-

47. အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား၊ သ​ခင်​သည်​မိ​မိ​ဥစ္စာ​ပစ္စည်း​ရှိ​သ​မျှ​ကို​စီ​မံ အုပ်​ချုပ်​ရန်​ထို​ကျွန်​အား​အပ်​နှင်း​လိမ့်​မည်။-

48. သို့​ရာ​တွင်​ထို​ကျွန်​သည်​ကျွန်​မိုက်​ဖြစ်​ပါ​မူ `ငါ့ သ​ခင်​ပြန်​လာ​ဦး​မည်​မ​ဟုတ်။ ကြာ​ပေ​ဦး​မည်' ဟု အောက်​မေ့​ကာ၊-

49. ကျွန်​ယောကျာ်း၊ ကျွန်​မိန်း​မ​တို့​အား​ရိုက်​နှက်​လျက် သေ​သောက်​ကြူး​သူ​တို့​နှင့်​သောက်​စား​မူး​ယစ်​လျက် နေ​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 24