ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 24:17-37 Common Language Bible (BCL)

17. အိမ်​ခေါင်​မိုး​ပေါ်​တွင်​ရှိ​သူ​သည်​အိမ်​ထဲ​မှ​ဥစ္စာ ပစ္စည်း​များ​ကို​ယူ​ရန်​အောက်​သို့​မ​ဆင်း​စေ​နှင့်။-

18. လယ်​ထဲ​တွင်​ရှိ​သူ​သည်​လည်း​ဝတ်​လုံ​ယူ​ရန် အိမ်​သို့​မ​ပြန်​စေ​နှင့်။-

19. ထို​နေ့​ရက်​ကာ​လ​၌​ကိုယ်​ဝန်​ဆောင်​နှင့်​သား​ငယ် မိ​ခင်​တို့​အ​တွက်​အ​ကျိုး​နည်း​ပေ​တော့​မည်။-

20. သင်​တို့​သည်​ထွက်​ပြေး​ရ​မည့်​အ​ချိန်​ကာ​လ​သည် ဆောင်း​ဥ​တု​၌​သော်​လည်း​ကောင်း၊ ဥ​ပုသ်​နေ့​၌ သော်​လည်း​ကောင်း​မ​ကျ​မ​ရောက်​ပါ​စေ​နှင့်​ဟု ဆု​တောင်း​ကြ​လော့။-

21. ထို​ကာ​လ​၌​အ​လွန်​ဆိုး​ရွား​သော​ဆင်း​ရဲ​ဒုက္ခ ကျ​ရောက်​လာ​လိမ့်​မည်။ ထို​မျှ​ဆိုး​ရွား​သော​ဆင်း​ရဲ ဒုက္ခ​မျိုး​ကို​ကမ္ဘာ​ဦး​မှ​စ​၍​အ​ဘယ်​ကာ​လ​၌ မျှ​လူ​တို့​မ​ကြုံ​စ​ဖူး၊ နောင်​ကာ​လ​၌​လည်း တွေ့​ကြုံ​ရ​ကြ​မည်​မ​ဟုတ်။-

22. ဘု​ရား​သ​ခင်​သည်​ထို​နေ့​ရက်​ကာ​လ​ကို​တို​စေ တော်​မ​မူ​လျှင်​အ​ဘယ်​သူ​မျှ​အ​သက်​ဘေး​မှ​ကင်း လွတ်​နိုင်​လိမ့်​မည်​မ​ဟုတ်။ သို့​ရာ​တွင်​ဘု​ရား​သ​ခင် သည်​မိ​မိ​ရွေး​ချယ်​ထား​တော်​မူ​သော​သူ​များ​အ​ဖို့ အ​လို့​ငှာ​ထို​နေ့​ရက်​ကာ​လ​ကို​တို​စေ​တော်​မူ​လိမ့် မည်။''

23. ``ထို​ကာ​လ​၌​လူ​တစ်​စုံ​တစ်​ယောက်​က `ကြည့်​လော့၊ ဤ​အ​ရပ်​တွင်​မေ​ရှိ​ယ​ရှိ​သည်' ဟူ​၍​လည်း​ကောင်း၊ `ထို​အ​ရပ်​တွင်​မေ​ရှိ​ယ​ရှိ​သည်' ဟူ​၍​လည်း​ကောင်း ဆို​လျှင်​မ​ယုံ​ကြ​နှင့်။-

24. မေ​ရှိ​ယ​အ​တု​အ​ယောင်​များ၊ ပ​ရော​ဖက်​အ​တု အ​ယောင်​များ​ပေါ်​ပေါက်​လာ​လိမ့်​မည်။ သူ​တို့​သည် ဖြစ်​နိုင်​ပါ​က​ဘု​ရား​သ​ခင်​ရွေး​ချယ်​ထား​တော်​မူ သော​သူ​များ​ကို​ပင်​လှည့်​စား​နိုင်​ရန်​အံ့​သြ​ဖွယ် နိ​မိတ်​လက္ခ​ဏာ​များ​နှင့်​ထူး​ဆန်း​သည့်​အ​မှု အ​ရာ​များ​ကို​ပြ​ကြ​လိမ့်​မည်။-

25. ဤ​အ​ကြောင်း​အ​ရာ​များ​မ​ဖြစ်​ပေါ်​မီ​သင်​တို့ အား​ကြို​တင်​၍​ငါ​ဖော်​ပြ​ပြီ။''

26. ``လူ​တို့​က `ကြည့်​လော့။ မေ​ရှိ​ယ​သည်​တော​ကန္တာ​ရ တွင်​ရှိ​သည်' ဟု​ဆို​လျှင်​မ​သွား​ကြ​နှင့်။ `အိမ်​ခန်း ထဲ​မှာ​ရှိ​သည်' ဟု​ဆို​လျှင်​လည်း​မ​ယုံ​ကြ​နှင့်။-

27. လျှပ်​စစ်​ပြက်​၍​အ​ရှေ့​အ​ရပ်​မှ​အ​နောက်​အ​ရပ် တိုင်​အောင်​ကောင်း​ကင်​တစ်​ပြင်​လုံး​ထွန်း​လင်း​စေ သ​ကဲ့​သို့​လူ​သား​ကြွ​လာ​တော်​မူ​လိမ့်​မည်။''

28. ``အ​သေ​ကောင်​ရှိ​ရာ​အ​ရပ်​တွင်​လင်း​တ​တို့​စု​ရုံး ကြ​လတ္တံ့။''

29. ``ထို​သို့​ဆင်း​ရဲ​ဒုက္ခ​များ​ကျ​ရောက်​လာ​ပြီး​နောက် ချက်​ချင်း​ပင်​နေ​သည်​မှောင်​မိုက်​သွား​လိမ့်​မည်။ လ သည်​အ​လင်း​ရောင်​ပေး​လိမ့်​မည်​မ​ဟုတ်။ ကြယ်​များ သည်​ကောင်း​ကင်​မှ​ကြွေ​လိမ့်​မည်။ ကောင်း​ကင်​နက္ခတ် များ​သည်​လမ်း​ပြောင်း​ကြ​လိမ့်​မည်။-

30. ထို​အ​ခါ​လူ​သား​ကြွ​လာ​တော်​မူ​မည့်​နိ​မိတ် လက္ခ​ဏာ​သည်​မိုး​ကောင်း​ကင်​တွင်​ပေါ်​ထွန်း​လာ လိမ့်​မည်။ မိုး​တိမ်​ကို​စီး​လျက်​ကြီး​စွာ​သော​ဘုန်း တန်​ခိုး​တော်​ဖြင့်​လူ​သား​ကြွ​လာ​တော်​မူ​သည်​ကို ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​သည်​မြင်​ကြ​သော အ​ခါ​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။-

31. ထို​နောက်​လူ​သား​သည်​ကြီး​မား​သော​တံ​ပိုး​ခ​ရာ ကို​မှုတ်​စေ​ပြီး​လျှင်​မိ​မိ​၏​ကောင်း​ကင်​တ​မန်​များ အား အ​ရပ်​လေး​မျက်​နှာ​သို့​စေ​လွှတ်​၍​ကမ္ဘာ​မြေ ကြီး​တစ်​စွန်း​မှ​တစ်​စွန်း​အ​ထိ​ရှိ​ကြ​သော ကိုယ် တော်​ရွေး​ချယ်​ထား​တော်​မူ​သော​သူ​တို့​ကို​စု သိမ်း​စေ​တော်​မူ​လိမ့်​မည်။

32. ``သင်္ဘော​သ​ဖန်း​ပင်​မှ​သင်​ခန်း​စာ​တစ်​ရပ်​ကို​သင်​ယူ ကြ​လော့။ ထို​အ​ပင်​တွင်​အ​ကိုင်း​အ​ညှောက်​ထွက်​၍ ရွက်​နု​ပေါက်​သော​အ​ခါ​နွေ​ကာ​လ​နီး​သည်​ကို သင်​တို့​သိ​ကြ​၏။-

33. ထို​နည်း​တူ​စွာ​ဖော်​ပြ​ခဲ့​သော​အ​မှု​အ​ရာ​များ ဖြစ်​ပျက်​လျက်​ရှိ​သည်​ကို​တွေ့​မြင်​ရ​သော​အ​ခါ လူ​သား​သည်​သင်​တို့​အ​နီး​တံ​ခါး​ဝ​သို့​ပင် ရောက်​ရှိ​နေ​ပြီ​ဟု​သိ​မှတ်​ကြ​လော့။-

34. အ​မှန်​အ​ကန်​သင်​တို့​အား​ငါ​ဆို​သည်​ကား၊ ဤ အ​မှု​အ​ရာ​အ​လုံး​စုံ​တို့​သည်​ယ​ခု​အ​သက်​ရှင် လျက်​ရှိ​သူ​တို့​မ​သေ​လွန်​မီ​ဖြစ်​ပျက်​လာ​လိမ့်​မည်။-

35. ကောင်း​ကင်​နှင့်​မြေ​ကြီး​မ​တည်​သော်​လည်း​ငါ​၏ စ​ကား​တည်​လိမ့်​မည်။''

36. ``သို့​သော်​လည်း​ထို​အ​မှု​အ​ရာ​များ​ဖြစ်​ပျက် မည့်​နေ့​ရက်​နှင့်​အ​ချိန်​နာ​ရီ​ကို​ခ​မည်း​တော်​မှ တစ်​ပါး​အ​ဘယ်​သူ​မျှ​မ​သိ။ ကောင်း​ကင်​ဘုံ​ရှိ ကောင်း​ကင်​တ​မန်​များ​လည်း​မ​သိ။ သား​တော် လည်း​မ​သိ။-

37. နော​ဧ​လက်​ထက်​က​ဖြစ်​ပျက်​သ​ကဲ့​သို့​လူ​သား ကြွ​လာ​သော​အ​ခါ​၌​လည်း​ဖြစ်​ပျက်​လိမ့်​မည်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 24