ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 23:4-18 Common Language Bible (BCL)

4. သူ​တို့​သည်​လေး​လံ​၍​အ​ထမ်း​ရ​ခက်​သည့်​ဝန်​ထုပ် များ​ကို​သူ​တစ်​ပါး​တို့​အား​ထမ်း​စေ​ကြ​၏။ မိ​မိ တို့​ကိုယ်​တိုင်​မူ​ထို​ဝန်​ထုပ်​များ​ကို​လက်​ဖျား​နှင့် မျှ​မ​တို့​လို​ကြ။-

5. မိ​မိ​တို့​ပြု​လုပ်​သ​မျှ​သော​အ​ရာ​တို့​ကို​လူ​မြင် သာ​အောင်​ပြု​လုပ်​တတ်​ကြ​၏။ မိ​မိ​တို့​န​ဖူး​နှင့် လက်​မောင်း​များ​ပေါ်​တွင်​ကျမ်း​စာ​လက်​ဖွဲ့​များ​ကို အ​ပြား​ကြီး​ပြု​လုပ်​၍​ဝတ်​ဆင်​တတ်​ကြ​၏။ ဝတ်​လုံ အ​မြိတ်​များ​ကို​ရှည်​လျား​စွာ​ချုပ်​ထား​တတ်​ကြ​၏။-

6. ပွဲ​သ​ဘင်​များ​တွင်​အ​ကောင်း​ဆုံး​သော​နေ​ရာ ထိုင်​ခင်း​များ၊ တ​ရား​ဇရပ်​များ​တွင်​သီး​သန့် ထား​သော​နေ​ရာ​များ​ကို​နှစ်​သက်​ကြ​၏။-

7. စျေး​ရပ်​ကွက်​တွင်​အ​လေး​ပြု​ခြင်း​ကို​ခံ​လို ကြ​၏။ ဆ​ရာ​တော်​ဟု​အ​ခေါ်​ခံ​လို​ကြ​၏။-

8. သို့​ရာ​တွင်​သင်​တို့​အား​လုံး​သည်​ညီ​အစ်​ကို များ​ဖြစ်​လျက် သင်​တို့​မှာ​ဆ​ရာ​တော်​တစ်​ပါး တည်း​သာ​ရှိ​သည်​ဖြစ်​၍​ဆ​ရာ​တော်​ဟု အ​ခေါ်​မ​ခံ​ကြ​နှင့်။-

9. ဤ​လော​က​တွင်​အ​ဘယ်​သူ​ကို​မျှ `အဖ' ဟု​မ​ခေါ် ကြ​နှင့်။ သင်​တို့​တွင်​ကောင်း​ကင်​ဘုံ​ရှင်​အ​ဖ​တစ်​ပါး တည်း​သာ​ရှိ​၏။-

10. သင်​တို့​သည်​ခေါင်း​ဆောင်​ဟူ​၍​လည်း​အ​ခေါ်​မ​ခံ ကြ​နှင့်။ သင်​တို့​တွင်​မေ​ရှိ​ယ​တည်း​ဟူ​သော​ခေါင်း ဆောင်​တစ်​ပါး​တည်း​သာ​ရှိ​၏။-

11. သင်​တို့​အ​နက်​အ​ကြီး​မြတ်​ဆုံး​ဖြစ်​သူ​သည် သင်​တို့​၏​အ​စေ​ခံ​ဖြစ်​ရ​မည်။-

12. မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​သူ​သည်​နိမ့်​ကျ​ရ​လိမ့် မည်။ မိ​မိ​ကိုယ်​ကို​နှိမ့်​ချ​သူ​သည်​ချီး​မြှောက်​ခြင်း ကို​ခံ​ရ​လိမ့်​မည်။

13. ``ကြောင်​သူ​တော်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ လူ​တို့​ကောင်း​ကင် နိုင်​ငံ​တော်​သို့​ဝင်​မည်​ပြု​သော​အ​ခါ​သင်​တို့​သည် တံခါး​ပိတ်​လိုက်​ကြ​၏။ သင်​တို့​ကိုယ်​တိုင်​လည်း​မ​ဝင်၊ ဝင်​ရန်​ကြိုး​စား​သူ​များ​ကို​လည်း​ဝင်​ခွင့်​မ​ပြု​ကြ။

14. (``ကြောင်​သူ​တော်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် မု​ဆိုး​မ​များ​၏​အိမ်​ရာ​ပစ္စည်း​များ​ကို​မ​တ​ရား သိမ်း​ယူ​ကြ​ပြီး​နောက် လူ​အ​မြင်​ကောင်း​စေ​ရန် ရှည်​လျား​စွာ​ဆု​တောင်း​ပတ္ထနာ​ပြု​တတ်​ကြ​၏။ ဤ​အ​ကြောင်း​ကြောင့်​သင်​တို့​သည်​သာ​၍​ကြီး လေး​သော​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​လိမ့်​မည်။'')

15. ``ကြောင်​သူ​တော်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ လူ​တစ်​ယောက် ကို​ဘာ​သာ​သွင်း​နိုင်​ရန်​သင်​တို့​သည်​ရေ​ကြောင်း၊ ကုန်း​ကြောင်း​ခ​ရီး​ပြု​ကြ​၏။ ဘာ​သာ​သွင်း​ပြီး သော​အ​ခါ​၌​လည်း​ထို​သူ​အား​သင်​တို့​ထက် နှစ်​ဆ​ပို​၍​င​ရဲ​သို့​လား​ထိုက်​သူ​ဖြစ်​စေ​ကြ ၏။''

16. ``လမ်း​ပြ​သည့်​မျက်​မ​မြင်​တို့၊ သင်​တို့​သည်​အမင်္ဂ​လာ ရှိ​ကြ​၏။ `လူ​တစ်​စုံ​တစ်​ယောက်​သည်​ဗိ​မာန်​တော်​ကို တိုင်​တည်​၍​ကျိန်​ဆို​လျှင် ထို​ကျိန်​ဆို​ချက်​သည် အ​တည်​မ​ဖြစ်။ သို့​သော်​ဗိ​မာန်​တော်​၏​ရွှေ​ကို တိုင်​တည်​၍​ကျိန်​ဆို​လျှင်​မူ​ကား​အ​တည်​ဖြစ်​၏' ဟု​သင်​တို့​ဆို​ကြ​၏။-

17. လူ​မိုက်​တို့၊ သင်​တို့​၏​မျက်​စိ​သည်​ကန်း​လှ​သည် တ​ကား။ အ​ဘယ်​အ​ရာ​က​ပို​၍​အ​ရေး​ကြီး​ပါ သ​နည်း။ ရွှေ​လော။ သို့​မ​ဟုတ်​ရွှေ​ကို​မြင့်​မြတ် သန့်​ရှင်း​စေ​သည့်​ဗိ​မာန်​တော်​လော။-

18. လူ​တစ်​စုံ​တစ်​ယောက်​သည်​ယဇ်​ပလ္လင်​ကို​တိုင်​တည် ၍​ကျိန်​ဆို​လျှင်​ထို​ကျိန်​ဆို​ချက်​သည်​အ​တည် မ​ဖြစ်။ ယဇ်​ပလ္လင်​ပေါ်​ရှိ​ပူ​ဇော်​သကာ​ကို​တိုင်​တည် ၍​ကျိန်​ဆို​လျှင်​မူ​ကား​အ​တည်​ဖြစ်​၏' ဟု​သင် တို့​ဆို​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 23