24. လမ်းပြသည့်မျက်မမြင်တို့၊ သင်တို့သည်ခြင် ကောင်မမျိုမိစေရန်သောက်ရေကိုစစ်၍သောက် ကြ၏။ သို့ရာတွင်ကုလားအုတ်ကိုကားမျိုချ ကြပါသည်တကား။''
25. ``ကြောင်သူတော်ကျမ်းတတ်ဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် ပန်းကန်ခွက်ယောက်များ၏ပြင်ပကိုစင်ကြယ် အောင်ဆေးကြောကြသော်လည်း သင်တို့၏စိတ် အတွင်းမှာကားလောဘလွန်ကူးမှုနှင့် အကြမ်းဖက်မှုတို့ဖြင့်ပြည့်လျက်နေ၏။-
26. မျက်မမြင်ဖာရိရှဲတို့၊ ပန်းကန်ခွက်ယောက်များ အတွင်းဘက်ကိုဦးစွာဆေးကြောကြလော့။ သို့ ပြုလျှင်ပြင်ပသည်လည်းသန့်ရှင်းစင်ကြယ် လာလိမ့်မည်။''
27. ``ကြောင်သူတော်ကျမ်းတတ်ဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည်ထုံးဖြူသုတ်သောသင်္ချိုင်းဂူများနှင့် တူကြ၏။ ထိုဂူတို့သည်ပြင်ပသဏ္ဌာန်အားဖြင့် လှသော်လည်း အတွင်း၌မူကားလူသေအရိုး နှင့်ပုပ်နေသောအလောင်းကောင်တို့ဖြင့်ပြည့် နှက်နေတော့၏။-
28. ထိုနည်းတူသင်တို့သည်လည်းပြင်ပသဏ္ဌာန်အား ဖြင့် လူတို့ရှေ့တွင်သူတော်ကောင်းများဟုထင်ရ သော်လည်း စိတ်အတွင်း၌ကားသူတော်ကောင်း ယောင်ဆောင်မှုနှင့်ဆိုးညစ်မှုများဖြင့်ပြည့် လျက်နေတော့၏။''
29. ``ကြောင်သူတော်ကျမ်းတတ်ဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် ပရောဖက်များ၏သင်္ချိုင်းဂူများကိုတည်ဆောက် ပေးကြ၏။ သူတော်ကောင်းတို့၏သင်္ချိုင်းဂူများကို မွမ်းမံခြယ်လှယ်ပေးကြ၏။-