11. သင်တို့အနက်အကြီးမြတ်ဆုံးဖြစ်သူသည် သင်တို့၏အစေခံဖြစ်ရမည်။-
12. မိမိကိုယ်ကိုချီးမြှောက်သူသည်နိမ့်ကျရလိမ့် မည်။ မိမိကိုယ်ကိုနှိမ့်ချသူသည်ချီးမြှောက်ခြင်း ကိုခံရလိမ့်မည်။
13. ``ကြောင်သူတော်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ လူတို့ကောင်းကင် နိုင်ငံတော်သို့ဝင်မည်ပြုသောအခါသင်တို့သည် တံခါးပိတ်လိုက်ကြ၏။ သင်တို့ကိုယ်တိုင်လည်းမဝင်၊ ဝင်ရန်ကြိုးစားသူများကိုလည်းဝင်ခွင့်မပြုကြ။
14. (``ကြောင်သူတော်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် မုဆိုးမများ၏အိမ်ရာပစ္စည်းများကိုမတရား သိမ်းယူကြပြီးနောက် လူအမြင်ကောင်းစေရန် ရှည်လျားစွာဆုတောင်းပတ္ထနာပြုတတ်ကြ၏။ ဤအကြောင်းကြောင့်သင်တို့သည်သာ၍ကြီး လေးသောအပြစ်ဒဏ်ကိုခံရလိမ့်မည်။'')
15. ``ကြောင်သူတော်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ လူတစ်ယောက် ကိုဘာသာသွင်းနိုင်ရန်သင်တို့သည်ရေကြောင်း၊ ကုန်းကြောင်းခရီးပြုကြ၏။ ဘာသာသွင်းပြီး သောအခါ၌လည်းထိုသူအားသင်တို့ထက် နှစ်ဆပို၍ငရဲသို့လားထိုက်သူဖြစ်စေကြ ၏။''
16. ``လမ်းပြသည့်မျက်မမြင်တို့၊ သင်တို့သည်အမင်္ဂလာ ရှိကြ၏။ `လူတစ်စုံတစ်ယောက်သည်ဗိမာန်တော်ကို တိုင်တည်၍ကျိန်ဆိုလျှင် ထိုကျိန်ဆိုချက်သည် အတည်မဖြစ်။ သို့သော်ဗိမာန်တော်၏ရွှေကို တိုင်တည်၍ကျိန်ဆိုလျှင်မူကားအတည်ဖြစ်၏' ဟုသင်တို့ဆိုကြ၏။-
17. လူမိုက်တို့၊ သင်တို့၏မျက်စိသည်ကန်းလှသည် တကား။ အဘယ်အရာကပို၍အရေးကြီးပါ သနည်း။ ရွှေလော။ သို့မဟုတ်ရွှေကိုမြင့်မြတ် သန့်ရှင်းစေသည့်ဗိမာန်တော်လော။-
18. လူတစ်စုံတစ်ယောက်သည်ယဇ်ပလ္လင်ကိုတိုင်တည် ၍ကျိန်ဆိုလျှင်ထိုကျိန်ဆိုချက်သည်အတည် မဖြစ်။ ယဇ်ပလ္လင်ပေါ်ရှိပူဇော်သကာကိုတိုင်တည် ၍ကျိန်ဆိုလျှင်မူကားအတည်ဖြစ်၏' ဟုသင် တို့ဆိုကြ၏။-
19. သင်တို့၏မျက်စိသည်ကန်းလှသည်တကား။ အဘယ်အရာကပို၍အရေးကြီးပါသနည်း။ ပူဇော်သကာလော။ သို့မဟုတ်ပူဇော်သကာကို မြင့်မြတ်သန့်ရှင်းစေသည့်ယဇ်ပလ္လင်လော။-
20. ယဇ်ပလ္လင်ကိုတိုင်တည်၍ကျိန်ဆိုသူသည်ယဇ်ပလ္လင် နှင့်တကွယဇ်ပလ္လင်ပေါ်မှာရှိသမျှတို့ကိုပါ တိုင်တည်၍ကျိန်ဆိုသတည်း။-
21. ဗိမာန်တော်ကိုတိုင်တည်၍ကျိန်ဆိုသူသည်ဗိမာန် တော်နှင့်တကွဗိမာန်တော်တွင်ကျိန်းဝပ်တော်မူ သောအရှင်ကိုပါတိုင်တည်၍ကျိန်ဆိုသတည်း။-
22. ကောင်းကင်ဘုံကိုတိုင်တည်၍ကျိန်ဆိုသူသည် ဘုရားသခင်၏ပလ္လင်တော်နှင့်တကွ ထိုပလ္လင် ပေါ်မှာစံနေတော်မူသောအရှင်ကိုပါကျိန် ဆိုသတည်း။''
23. ``ကြောင်သူတော်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် ပင်စိမ်း၊စမွတ်နှင့်ဇီယာတို့ကိုဆယ်ဖို့တစ်ဖို့ ပေးလှူကြသော်လည်းတရားမျှတမှု၊ သနား ကြင်နာမှု၊ ရိုးသားဖြောင့်မတ်မှုစသည့်ပညတ် ကျမ်းမှအကယ်ပင်အရေးကြီးသောသွန်သင် ချက်များကိုမူကားလျစ်လူပြုကြ၏။-
24. လမ်းပြသည့်မျက်မမြင်တို့၊ သင်တို့သည်ခြင် ကောင်မမျိုမိစေရန်သောက်ရေကိုစစ်၍သောက် ကြ၏။ သို့ရာတွင်ကုလားအုတ်ကိုကားမျိုချ ကြပါသည်တကား။''
25. ``ကြောင်သူတော်ကျမ်းတတ်ဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် ပန်းကန်ခွက်ယောက်များ၏ပြင်ပကိုစင်ကြယ် အောင်ဆေးကြောကြသော်လည်း သင်တို့၏စိတ် အတွင်းမှာကားလောဘလွန်ကူးမှုနှင့် အကြမ်းဖက်မှုတို့ဖြင့်ပြည့်လျက်နေ၏။-