19. မိဘကိုရိုသေမြတ်နိုးလော့။ အိမ်နီးချင်းကို ကိုယ်နှင့်အမျှချစ်လော့'' ဟုမိန့်တော်မူ၏။
20. ထိုလူငယ်ကလည်း ``အကျွန်ုပ်သည်ထိုပညတ် အပေါင်းကိုငယ်ရွယ်စဉ်အခါမှစ၍စောင့်ထိန်း ခဲ့ပါပြီ။ အကျွန်ုပ်တွင်အဘယ်အရာလိုနေပါ သေးသနည်း'' ဟုပြန်လည်လျှောက်ထား၏။
21. သခင်ယေရှုက ``သင်သည်အပြစ်ဆိုဖွယ်မရှိသူ ဖြစ်လိုလျှင်သွားလော့၊ သင့်ဥစ္စာရှိသမျှကိုရောင်းပြီး လျှင်ဆင်းရဲသူတို့အားပေးကမ်းစွန့်ကြဲလော့။ ဤ သို့ပြုလျှင်သင်သည်ကောင်းကင်ဘုံတွင်ဘဏ္ဍာကိုရ လိမ့်မည်။ ထိုသို့စွန့်ကြဲပြီးမှငါ့နောက်သို့လိုက် လော့'' ဟုမိန့်တော်မူ၏။
22. သို့ရာတွင်ထိုလူငယ်သည်ဥစ္စာများစွာကြွယ်ဝသူ ဖြစ်သဖြင့်ကိုယ်တော်၏စကားကိုကြားသောအခါ စိတ်မချမ်းမသာဖြစ်လျက်ထွက်ခွာသွားလေ၏။
23. သခင်ယေရှုကလည်း ``အမှန်အကန်ငါဆိုသည်ကား၊ ဥစ္စာကြွယ်ဝသူသည်ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်နိုင်ရန်ခဲယဉ်းလှ၏။-
24. တစ်ဖန်ငါဆိုသည်ကား၊ အပ်နဖားကိုကုလားအုတ် လျှိုဝင်ရန်လွယ်လိမ့်မည်။ ဘုရားသခင်၏နိုင်ငံတော် သို့ဥစ္စာကြွယ်ဝသူဝင်နိုင်ရန်ကားခဲယဉ်းလှ၏'' ဟု တပည့်တော်တို့အားမိန့်တော်မူ၏။
25. တပည့်တော်တို့သည်ကိုယ်တော်၏စကားကိုကြား လျှင်လွန်စွာအံ့သြကြသဖြင့် ``သို့ဖြစ်လျှင် အဘယ်သူသည်ကယ်တင်ခြင်းကိုရနိုင်ပါမည် နည်း'' ဟုမေးလျှောက်ကြ၏။
26. သခင်ယေရှုသည် သူတို့ကိုစိုက်ကြည့်တော်မူ လျက် ``လူသည်မိမိကိုယ်ကိုကယ်တင်ရန်မတတ် နိုင်။ ဘုရားသခင်မူကား အရာခပ်သိမ်းကိုတတ် နိုင်တော်မူ၏'' ဟုမိန့်တော်မူ၏။
27. ထိုအခါပေတရုက ``အကျွန်ုပ်တို့သည်အလုံး စုံသောအရာတို့ကိုစွန့်ပစ်၍ကိုယ်တော်၏နောက် တော်သို့လိုက်ခဲ့ကြပါပြီ။ အကျွန်ုပ်တို့အဘယ် အကျိုးကိုခံစားရကြပါမည်နည်း'' ဟုလျှောက်၏။
28. သခင်ယေရှုက ``ငါအမှန်အကန်ဆိုသည် ကားအသစ်ပြုပြင်ရာကာလတွင်လူသားသည် ဘုန်းအသရေနှင့်ပြည့်စုံသည့်ပလ္လင်တော်မှာ ထိုင်တော်မူသောအခါ ငါ၏တပည့်ဖြစ်သူ သင်တို့သည်လည်းပလ္လင်တစ်ဆယ့်နှစ်ခုပေါ်မှာ ထိုင်၍ ဣသရေလအနွယ်တစ်ဆယ့်နှစ်ပါးကို တရားစီရင်ရကြလတ္တံ့။-
29. ထိုမှတစ်ပါးငါ့အတွက်ကြောင့်အိမ်၊ မြေ၊ ညီ အစ်ကို၊ နှမ၊ အစ်မ၊ မိဘ၊ သားသမီးအနက် တစ်စုံတစ်ယောက်ကိုစွန့်သောသူသည်မိမိစွန့် သည်ထက်အဆတစ်ရာမျှအကျိုးကိုပြန် လည်ရရှိလိမ့်မည်။ ထာဝရအသက်ကိုလည်း ရလိမ့်မည်။-
30. သို့ရာတွင်အမြင့်ဆုံးသို့ရောက်နေသူအများ သည်အနိမ့်ဆုံးသို့ရောက်ကြလိမ့်မည်။ အနိမ့် ဆုံးသို့ရောက်နေသူအများသည်အမြင့်ဆုံး သို့ရောက်ကြလိမ့်မည်။