ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 18:1-15 Common Language Bible (BCL)

1. ထို​အ​ခါ​တ​ပည့်​တော်​တို့​သည်​သ​ခင်​ယေ​ရှု​ထံ တော်​သို့​ချဉ်း​ကပ်​၍ ``ကောင်း​ကင်​နိုင်​ငံ​တော်​တွင် မည်​သူ​သည်​အ​ကြီး​မြတ်​ဆုံး​နည်း'' ဟု​မေး လျှောက်​ကြ​၏။

2. ကိုယ်​တော်​သည်​က​လေး​သူ​ငယ်​တစ်​ယောက်​ကို ခေါ်​ယူ​ပြီး​လျှင်​တ​ပည့်​တော်​တို့​၏​ရှေ့​တွင် ရပ်​နေ​စေ​တော်​မူ​၏။-

3. ထို​နောက်​ကိုယ်​တော်​က ``အ​မှန်​အ​ကန်​သင်​တို့ အား​ငါ​ဆို​သည်​ကား၊ သင်​တို့​သည်​စိတ်​ပြောင်း​လဲ ၍​က​လေး​သူ​ငယ်​ကဲ့​သို့​ဖြစ်​မှ​သာ​လျှင်​ကောင်း ကင်​နိုင်​ငံ​တော်​သို့​ဝင်​ရ​လိမ့်​မည်။-

4. ဤ​က​လေး​သူ​ငယ်​ကဲ့​သို့​စိတ်​နှိမ့်​ချ​သူ​သည် ကောင်း​ကင်​နိုင်​ငံ​တော်​တွင်​အ​ကြီး​မြတ်​ဆုံး ဖြစ်​လိမ့်​မည်။-

5. ငါ​၏​နာ​မ​ကို​ထောက်​၍​ဤ​သို့​သော​က​လေး သူ​ငယ်​တစ်​စုံ​တစ်​ယောက်​ကို​လက်​ခံ​သူ​သည် ငါ့​ကို​လက်​ခံ​၏။

6. ``ငါ့​ကို​ယုံ​ကြည်​ကိုး​စား​သည့်​က​လေး​သူ​ငယ် တစ်​စုံ​တစ်​ယောက်​အား​ယုံ​ကြည်​ခြင်း​ပျက်​ပြယ် စေ​သော​သူ​မူ​ကား လည်​တွင်​ကြိတ်​ဆုံ​ကျောက်​ကြီး ကို​ဆွဲ​လျက်​ပင်​လယ်​နက်​ထဲ​သို့​အ​ချ​ခံ​ရ​လျှင် သူ့​အ​ဖို့​သာ​၍​ကောင်း​၏။-

7. လူ​သား​တို့​အား​ယုံ​ကြည်​ခြင်း​ပျက်​ပြယ်​စေ သော​အ​ရာ​များ​ရှိ​သည့်​အ​တွက်​လူ​သား​တို့ သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ ယုံ​ကြည်​ခြင်း​ကို​ပျက် ပြယ်​စေ​သော​အ​ရာ​များ​ကား​မု​ချ​ရှိ​မည်။ သို့ ရာ​တွင်​ယုံ​ကြည်​ခြင်း​ပျက်​ပြယ်​မှု​ကို​ဖြစ် စေ​သော​သူ​သည်​အ​မင်္ဂလာ​ရှိ​၏။

8. ``သင်​၏​ခြေ​သော်​လည်း​ကောင်း၊ လက်​သော်​လည်း ကောင်း​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ပျက်​ပြယ်​စေ​လျှင် ထို​ခြေ​ထို​လက်​ကို​ဖြတ်​ပစ်​လော့။ ထာ​ဝ​ရ​မီး ထဲ​သို့​ခြေ​လက်​အ​စုံ​နှင့်​ကျ​ရ​သည်​ထက်​ကိုယ် အင်္ဂါ​ချို့​တဲ့​လျက်​ထာ​ဝ​ရ​အ​သက်​ရ​ခြင်း​က သာ​၍​ကောင်း​၏။-

9. သင်​၏​မျက်​စိ​သည်​သင်​၏​ယုံ​ကြည်​ခြင်း​ကို​ပျက် ပြယ်​စေ​လျှင်​ထို​မျက်​စိ​ကို​ထုတ်​ပစ်​လော့။ င​ရဲ​မီး ထဲ​သို့​မျက်​စိ​အ​စုံ​နှင့်​ကျ​ရ​သည်​ထက်​မျက်​စိ တစ်​လုံး​ချို့​တဲ့​လျက် ထာ​ဝ​ရ​အ​သက်​ကို​ရ​ခြင်း က​သာ​၍​ကောင်း​၏။

10. ``သင်​တို့​သည်​အ​ဘယ်​က​လေး​သူ​ငယ်​ကို​မျှ အ​ထင်​အ​မြင်​မ​သေး​မိ​စေ​ရန်​သ​တိ​ထား ကြ​လော့။ သင်​တို့​အား​ငါ​ဆို​သည်​ကား၊ ထို​သူ​ငယ် တို့​၏​ကောင်း​ကင်​တ​မန်​များ​သည်​ကောင်း​ကင်​ဘုံ ရှင်​ငါ့​ခ​မည်း​တော်​၏​ရှေ့​တော်​မှောက်​၌​အ​စဉ် မ​ပြတ်​ခ​စား​လျက်​ရှိ​ကြ​၏။-

11. (လူ​သား​သည်​ပျောက်​ဆုံး​သူ​တို့​ကို​ကယ်​တင် ရန်​ကြွ​လာ​ခြင်း​ဖြစ်​၏။)

12. ``သင်​တို့​သည်​အ​ဘယ်​သို့​ထင်​မှတ်​ကြ​သ​နည်း။ လူ​တစ်​ယောက်​သည်​မိ​မိ​မှာ​ရှိ​သည့်​သိုး​တစ်​ရာ အ​နက်​တစ်​ကောင်​ပျောက်​သွား​လျှင်​ကိုး​ဆယ် ကိုး​ကောင်​ကို​တောင်​ပေါ်​စား​ကျက်​တွင်​ထား​ခဲ့ ပြီး​လျှင်​ပျောက်​သော​သိုး​ကို​လိုက်​၍​မ​ရှာ​ဘဲ နေ​ပါ​မည်​လော။-

13. ပျောက်​သော​သိုး​ကို​ရှာ​၍​တွေ့​သော​အ​ခါ​မ​ပျောက် သည့်​သိုး​ကိုး​ဆယ့်​ကိုး​ကောင်​အ​တွက်​ရွှင်​လန်း​ဝမ်း မြောက်​သည်​ထက် ထို​သိုး​အ​တွက်​ပို​၍​ရွှင်​လန်း ဝမ်း​မြောက်​သည်​ဟု​သင်​တို့​အား​အ​မှန်​အ​ကန် ငါ​ဆို​၏။-

14. ထို​နည်း​တူ​စွာ​ကောင်း​ကင်​ဘုံ​ရှင်​သင်​တို့​၏​အ​ဖ သည်​လည်း ဤ​က​လေး​သူ​ငယ်​တစ်​စုံ​တစ်​ယောက် ပျောက်​ဆုံး​လမ်း​လွဲ​သွား​သည်​ကို​အ​လို​တော် မ​ရှိ။

15. ``သင်​၏​ညီ​အစ်​ကို​သည်​သင့်​ကို​ပြစ်​မှား​လျှင်​သူ့ အ​ပြစ်​ကို​ဖော်​ပြ​ရန်​သူ့​ထံ​သို့​သွား​လော့။ သို့​ရာ တွင်​သင်​တို့​နှစ်​ယောက်​တည်း​သာ​တွေ့​ဆုံ​၍​ပြော ဆို​လော့။ သင်​၏​စ​ကား​ကို​နား​ထောင်​လျှင်​ထို ညီ​အစ်​ကို​နှင့်​သင်​သည်​ပြန်​၍​သင့်​မြတ်​သွား လေ​ပြီ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 18