ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 17:8-14 Common Language Bible (BCL)

8. သူ​တို့​သည်​မော်​၍​ကြည့်​လိုက်​သော​အ​ခါ​သ​ခင် ယေ​ရှု​မှ​တစ်​ပါး​အ​ခြား​အ​ဘယ်​သူ​ကို​မျှ မ​တွေ့​မ​မြင်​ကြ​တော့​ချေ။

9. ထို​နောက်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​တောင် ပေါ်​မှ​ဆင်း​ကြ​၏။ ထို​သို့​ဆင်း​ကြ​စဉ်​သ​ခင်​ယေ​ရှု က ``သင်​တို့​တွေ့​မြင်​ခဲ့​ကြ​သည့်​အ​ခြင်း​အ​ရာ​ကို လူ​သား​သေ​ခြင်း​မှ​မ​ထ​မြောက်​မီ​အ​ဘယ်​သူ အား​မျှ​မ​ပြော​ကြ​နှင့်'' ဟု​တ​ပည့်​တော်​တို့​အား ပ​ညတ်​တော်​မူ​၏။

10. တ​ပည့်​တော်​တို့​က ``ဦး​စွာ​ပ​ထ​မ​ဧ​လိ​ယ ကြွ​လာ​မည်​ဟု​ကျမ်း​တတ်​ဆ​ရာ​တို့​အ​ဘယ် ကြောင့်​ဆို​ပါ​သ​နည်း'' ဟု​ကိုယ်​တော်​အား​မေး လျှောက်​ကြ​၏။

11. ကိုယ်​တော်​က ``ဦး​စွာ​ပ​ထ​မ​ဧ​လိ​ယ​သည်​ကြွ လာ​၍​အ​မှု​အ​ရာ​ခပ်​သိမ်း​ကို​အ​သင့်​ပြင်​ဆင် ရ​မည်​ကား​မှန်​၏။-

12. သင်​တို့​အား​ငါ​ဆို​သည်​ကား​ဧ​လိ​ယ​သည်​ကြွ လာ​ခဲ့​ပြီ။ သို့​ရာ​တွင်​လူ​တို့​သည်​သူ့​ကို​မ​သိ​ကြ သ​ဖြင့်​သူ့​အား​မိ​မိ​တို့​ပြု​လို​ရာ​ပြု​ခဲ့​ကြ​လေ ပြီ။ ထို​နည်း​တူ​ပင်​လူ​သား​သည်​လည်း​ထို​သူ​တို့ ၏​လက်​တွင်​ဒုက္ခ​ဆင်း​ရဲ​ခံ​ရ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။

13. ထို​အ​ခါ​မှ​တ​ပည့်​တော်​တို့​သည်​ဗတ္တိ​ဇံ​ဆ​ရာ ယော​ဟန်​ကို​ရည်​မှတ်​၍​ကိုယ်​တော်​မိန့်​တော်​မူ ကြောင်း​နား​လည်​လာ​ကြ​လေ​သည်။

14. ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ပ​ရိ​သတ်​ရှိ​ရာ သို့​ရောက်​ကြ​လျှင် လူ​တစ်​ယောက်​သည်​ရှေ့​တော်​သို့ လာ​ရောက်​ဒူး​ထောက်​လျက်၊-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 17