ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 17:3-16 Common Language Bible (BCL)

3. ထို​နောက်​မော​ရှေ​နှင့်​ဧလိယ​ပေါ်​လာ​၍​ကိုယ်​တော် နှင့်​စ​ကား​ပြော​လျက်​နေ​ကြ​သည်​ကို​တွေ့​မြင် ကြ​၏။-

4. ထို​အ​ခါ​ပေ​တ​ရု​က ``အ​ရှင်​ဘု​ရား၊ ဤ​အ​ရပ် တွင်​နေ​ဖွယ်​ကောင်း​ပါ​၏။ အ​ရှင်​အ​လို​တော်​ရှိ လျှင်​အ​ရှင့်​အ​တွက်​တဲ​တစ်​ဆောင်၊ မော​ရှေ​အ​တွက် တစ်​ဆောင်၊ ဧ​လိ​ယ​အ​တွက်​တစ်​ဆောင်၊ တဲ​သုံး ဆောင်​ကို​အ​ကျွန်ုပ်​ဆောက်​လုပ်​ပါ​မည်'' ဟု​လျှောက် ထား​၏။

5. ဤ​သို့​ပေ​တ​ရု​လျှောက်​ထား​စဉ်​ပင်​တောက်​ပ​သော မိုး​တိမ်​တိုက်​တစ်​ခု​၏​အ​ရိပ်​သည်​သူ​တို့​အ​ပေါ် သို့​ကျ​လာ​၏။ မိုး​တိမ်​တိုက်​ထဲ​မှ ``ဤ​သူ​ကား ငါ​နှစ်​သက်​မြတ်​နိုး​ရာ​ငါ​၏​ချစ်​သား​ပေ​တည်း။ သူ့​ကို​ငါ​နှစ်​သက်​မြတ်​နိုး​၏။ သူ​၏​စ​ကား​ကို နား​ထောင်​ကြ​လော့'' ဟု​အ​သံ​တော်​ထွက်​ပေါ် လာ​၏။

6. ထို​အ​သံ​ကို​တ​ပည့်​တော်​တို့​ကြား​သော​အ​ခါ လွန်​စွာ​ကြောက်​လန့်​၍​ပျပ်​ဝပ်​လျက်​နေ​ကြ​၏။-

7. သခင်​ယေ​ရှု​သည်​ကြွ​လာ​တော်​မူ​၍​သူ​တို့​ကို လက်​ဖြင့်​တို့​ထိ​ပြီး​လျှင် ``ထ​ကြ။ မ​ကြောက် ကြ​နှင့်'' ဟု​မိန့်​တော်​မူ​၏။-

8. သူ​တို့​သည်​မော်​၍​ကြည့်​လိုက်​သော​အ​ခါ​သ​ခင် ယေ​ရှု​မှ​တစ်​ပါး​အ​ခြား​အ​ဘယ်​သူ​ကို​မျှ မ​တွေ့​မ​မြင်​ကြ​တော့​ချေ။

9. ထို​နောက်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​တောင် ပေါ်​မှ​ဆင်း​ကြ​၏။ ထို​သို့​ဆင်း​ကြ​စဉ်​သ​ခင်​ယေ​ရှု က ``သင်​တို့​တွေ့​မြင်​ခဲ့​ကြ​သည့်​အ​ခြင်း​အ​ရာ​ကို လူ​သား​သေ​ခြင်း​မှ​မ​ထ​မြောက်​မီ​အ​ဘယ်​သူ အား​မျှ​မ​ပြော​ကြ​နှင့်'' ဟု​တ​ပည့်​တော်​တို့​အား ပ​ညတ်​တော်​မူ​၏။

10. တ​ပည့်​တော်​တို့​က ``ဦး​စွာ​ပ​ထ​မ​ဧ​လိ​ယ ကြွ​လာ​မည်​ဟု​ကျမ်း​တတ်​ဆ​ရာ​တို့​အ​ဘယ် ကြောင့်​ဆို​ပါ​သ​နည်း'' ဟု​ကိုယ်​တော်​အား​မေး လျှောက်​ကြ​၏။

11. ကိုယ်​တော်​က ``ဦး​စွာ​ပ​ထ​မ​ဧ​လိ​ယ​သည်​ကြွ လာ​၍​အ​မှု​အ​ရာ​ခပ်​သိမ်း​ကို​အ​သင့်​ပြင်​ဆင် ရ​မည်​ကား​မှန်​၏။-

12. သင်​တို့​အား​ငါ​ဆို​သည်​ကား​ဧ​လိ​ယ​သည်​ကြွ လာ​ခဲ့​ပြီ။ သို့​ရာ​တွင်​လူ​တို့​သည်​သူ့​ကို​မ​သိ​ကြ သ​ဖြင့်​သူ့​အား​မိ​မိ​တို့​ပြု​လို​ရာ​ပြု​ခဲ့​ကြ​လေ ပြီ။ ထို​နည်း​တူ​ပင်​လူ​သား​သည်​လည်း​ထို​သူ​တို့ ၏​လက်​တွင်​ဒုက္ခ​ဆင်း​ရဲ​ခံ​ရ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။

13. ထို​အ​ခါ​မှ​တ​ပည့်​တော်​တို့​သည်​ဗတ္တိ​ဇံ​ဆ​ရာ ယော​ဟန်​ကို​ရည်​မှတ်​၍​ကိုယ်​တော်​မိန့်​တော်​မူ ကြောင်း​နား​လည်​လာ​ကြ​လေ​သည်။

14. ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​ပ​ရိ​သတ်​ရှိ​ရာ သို့​ရောက်​ကြ​လျှင် လူ​တစ်​ယောက်​သည်​ရှေ့​တော်​သို့ လာ​ရောက်​ဒူး​ထောက်​လျက်၊-

15. ``အ​ရှင်၊ အ​ကျွန်ုပ်​၏​သား​ကို​သ​နား​တော်​မူ​ပါ။ သူ သည်​ဝက်​ရူး​နာ​စွဲ​၍​မီး​ထဲ​သို့​ဖြစ်​စေ၊ ရေ​ထဲ​သို့ ဖြစ်​စေ​မ​ကြာ​ခဏ​လဲ​ကျ​တတ်​ပါ​၏။-

16. သူ့​အား​အ​ရှင်​၏​တ​ပည့်​များ​ထံ​သို့​ခေါ်​ဆောင်​ခဲ့ သော်​လည်း​သူ​တို့​သည်​ရော​ဂါ​ပျောက်​အောင်​မ​ကု နိုင်​ကြ​ပါ'' ဟု​လျှောက်​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 17