ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 17:25-27 Common Language Bible (BCL)

25. ပေ​တ​ရု​က ``ပေး​ဆောင်​ပါ​သည်'' ဟု​ဆို​၏။ထို​နောက်​အိမ်​ထဲ​သို့​ပေ​တ​ရု​ဝင်​လာ​သော​အ​ခါ သ​ခင်​ယေ​ရှု​သည်​ပေ​တ​ရု​မ​ပြော​မီ ``ရှိ​မုန်၊ သင် အ​ဘယ်​သို့​ထင်​မြင်​ပါ​သ​နည်း။ လော​ကီ​ဘု​ရင် တို့​သည်​မည်​သူ့​ထံ​မှ​အ​ခွန်​အ​ကောက်​များ​ကို ကောက်​ခံ​ကြ​သ​နည်း။ တိုင်း​ရင်း​သား​များ​ထံ​မှ လော။ နိုင်​ငံ​ခြား​သား​များ​ထံ​မှ​လော'' ဟု မေး​တော်​မူ​၏။

26. ပေ​တ​ရု​က ``နိုင်​ငံ​ခြား​သား​များ​ထံ​မှ​ကောက်​ခံ သည်'' ဟု​လျှောက်​၏။ သ​ခင်​ယေ​ရှု​က ``ထို​သို့​ဖြစ် လျှင်​တိုင်း​ရင်း​သား​တို့​သည်​လွတ်​ငြိမ်း​ခွင့်​ရ ကြ​၏။-

27. သို့​ရာ​တွင်​သူ​တို့​စိတ်​မ​နာ​သွား​စေ​ရန်​သင်​သည် အိုင်​သို့​သွား​၍​ငါး​ကို​မျှား​လော့။ အ​ဦး​မိ​သည့် ငါး​ပါး​စပ်​ကို​ဖွင့်​လော့။ ငွေ​ဒင်္ဂါး​တစ်​ပြား​ကို တွေ့​လိမ့်​မည်။ ထို​ငွေ​ကို​ယူ​၍​သင်​နှင့်​ငါ့​အ​တွက် အ​ခွန်​တော်​ကို​သူ​တို့​အား​ပေး​ဆောင်​လော့'' ဟု မိန့်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 17