13. ထိုအခါမှတပည့်တော်တို့သည်ဗတ္တိဇံဆရာ ယောဟန်ကိုရည်မှတ်၍ကိုယ်တော်မိန့်တော်မူ ကြောင်းနားလည်လာကြလေသည်။
14. ကိုယ်တော်နှင့်တပည့်တော်တို့သည်ပရိသတ်ရှိရာ သို့ရောက်ကြလျှင် လူတစ်ယောက်သည်ရှေ့တော်သို့ လာရောက်ဒူးထောက်လျက်၊-
15. ``အရှင်၊ အကျွန်ုပ်၏သားကိုသနားတော်မူပါ။ သူ သည်ဝက်ရူးနာစွဲ၍မီးထဲသို့ဖြစ်စေ၊ ရေထဲသို့ ဖြစ်စေမကြာခဏလဲကျတတ်ပါ၏။-
16. သူ့အားအရှင်၏တပည့်များထံသို့ခေါ်ဆောင်ခဲ့ သော်လည်းသူတို့သည်ရောဂါပျောက်အောင်မကု နိုင်ကြပါ'' ဟုလျှောက်၏။
17. သခင်ယေရှုက ``သင်တို့သည်ယုံကြည်ခြင်းကင်း၍ လွန်စွာဖောက်ပြန်ကြပါတကား။ ငါသည်သင်တို့နှင့် မည်မျှကြာအောင်နေရမည်နည်း။ မည်မျှကြာအောင် သင်တို့အားသည်းခံရမည်နည်း။ သူငယ်ကိုငါ့ထံ သို့ခေါ်ခဲ့ကြလော့'' ဟုမိန့်တော်မူ၏။-
18. သခင်ယေရှုသည်နတ်မိစ္ဆာအားထွက်ခွာသွားရန် အမိန့်ပေးတော်မူလျှင် နတ်မိစ္ဆာသည်သူငယ်ထံမှ ထွက်ခွာသွားလေသည်။ ချက်ချင်းပင်သူငယ်သည် ကျန်းမာလာ၏။
19. ထိုနောက်တပည့်တော်တို့သည်သခင်ယေရှုတစ် ကိုယ်တည်းရှိတော်မူသောအခါ အထံတော်သို့ ချဉ်းကပ်၍ ``အကျွန်ုပ်တို့သည်ထိုနတ်ကိုအဘယ် ကြောင့်နှင်ထုတ်၍မရပါသနည်း'' ဟုမေး လျှောက်ကြ၏။
20. ကိုယ်တော်က ``သင်တို့တွင်ယုံကြည်ခြင်းနည်းသော ကြောင့်ဖြစ်၏။ အမှန်အကန်သင်တို့အားငါဆိုသည် ကား၊ သင်တို့တွင်မုန်ညင်းစေ့ပမာဏမျှယုံကြည် ခြင်းရှိပါမူဤတောင်အား `ဤနေရာမှထိုနေရာ သို့ပြောင်းရွှေ့လော့' ဟုဆိုလျှင်ပြောင်းရွှေ့လိမ့်မည်။ ယုံကြည်ခြင်းရှိလျှင်သင်တို့မတတ်နိုင်သည့် အရာမရှိ။-
21. (ဤနတ်မျိုးကိုဆုတောင်းပတ္ထနာပြုခြင်းနှင့် အစာရှောင်ခြင်းမှတစ်ပါးအခြားအဘယ် နည်းဖြင့်မျှနှင်ထုတ်၍မရ)'' ဟုမိန့်တော်မူ၏။
22. ကိုယ်တော်နှင့်တပည့်တော်တို့သည်ဂါလိလဲပြည် တွင်လှည့်လည်နေကြစဉ်သခင်ယေရှုက ``လူတို့ ၏လက်တွင်းသို့လူသားကိုအပ်နှံကြလိမ့်မည်။-
23. သူ့ကိုသတ်ကြလိမ့်မည်။ ထိုနောက်သုံးရက်မြောက် သောနေ့တွင်လူသားသည်သေခြင်းမှရှင်ပြန် ထမြောက်လိမ့်မည်'' ဟုတပည့်တော်တို့အား မိန့်တော်မူ၏။တပည့်တော်တို့သည်လည်းလွန်စွာစိတ်မချမ်း မသာဖြစ်ကြကုန်၏။
24. ကိုယ်တော်နှင့်တပည့်တော်တို့သည်ကပေရနောင်မြို့ သို့ရောက်ကြသောအခါဗိမာန်တော်အတွက်အခွန် ကောက်ခံသူများသည်လာ၍ပေတရုအား ``သင်၏ ဆရာသည်ဗိမာန်တော်ခွန်ပေးဆောင်ပါသလော'' ဟုမေးမြန်းကြ၏။