ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 17:1-9 Common Language Bible (BCL)

1. ခြောက်​ရက်​မျှ​ကြာ​သော်​သ​ခင်​ယေ​ရှု​သည်​ပေ​တ​ရု၊ ယာ​ကုပ်၊ ယာ​ကုပ်​၏​ညီ​ယော​ဟန်​တို့​ကို​မြင့်​သော တောင်​ပေါ်​သို့​ခေါ်​ဆောင်​သွား​တော်​မူ​၏။ အ​ခြား မည်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​မ​ပါ​ချေ။-

2. သူ​တို့​၏​ရှေ့​တွင်​ကိုယ်​တော်​၏​အ​ဆင်း​သဏ္ဌာန်​တော် သည်​ပြောင်း​လဲ​သွား​၏။ မျက်​နှာ​တော်​သည်​နေ​ကဲ့ သို့​တောက်​ပ​လျက်​အ​ဝတ်​တော်​များ​သည်​လည်း အ​လင်း​ကဲ့​သို့​ဖြူ​လျက်​နေ​၏။-

3. ထို​နောက်​မော​ရှေ​နှင့်​ဧလိယ​ပေါ်​လာ​၍​ကိုယ်​တော် နှင့်​စ​ကား​ပြော​လျက်​နေ​ကြ​သည်​ကို​တွေ့​မြင် ကြ​၏။-

4. ထို​အ​ခါ​ပေ​တ​ရု​က ``အ​ရှင်​ဘု​ရား၊ ဤ​အ​ရပ် တွင်​နေ​ဖွယ်​ကောင်း​ပါ​၏။ အ​ရှင်​အ​လို​တော်​ရှိ လျှင်​အ​ရှင့်​အ​တွက်​တဲ​တစ်​ဆောင်၊ မော​ရှေ​အ​တွက် တစ်​ဆောင်၊ ဧ​လိ​ယ​အ​တွက်​တစ်​ဆောင်၊ တဲ​သုံး ဆောင်​ကို​အ​ကျွန်ုပ်​ဆောက်​လုပ်​ပါ​မည်'' ဟု​လျှောက် ထား​၏။

5. ဤ​သို့​ပေ​တ​ရု​လျှောက်​ထား​စဉ်​ပင်​တောက်​ပ​သော မိုး​တိမ်​တိုက်​တစ်​ခု​၏​အ​ရိပ်​သည်​သူ​တို့​အ​ပေါ် သို့​ကျ​လာ​၏။ မိုး​တိမ်​တိုက်​ထဲ​မှ ``ဤ​သူ​ကား ငါ​နှစ်​သက်​မြတ်​နိုး​ရာ​ငါ​၏​ချစ်​သား​ပေ​တည်း။ သူ့​ကို​ငါ​နှစ်​သက်​မြတ်​နိုး​၏။ သူ​၏​စ​ကား​ကို နား​ထောင်​ကြ​လော့'' ဟု​အ​သံ​တော်​ထွက်​ပေါ် လာ​၏။

6. ထို​အ​သံ​ကို​တ​ပည့်​တော်​တို့​ကြား​သော​အ​ခါ လွန်​စွာ​ကြောက်​လန့်​၍​ပျပ်​ဝပ်​လျက်​နေ​ကြ​၏။-

7. သခင်​ယေ​ရှု​သည်​ကြွ​လာ​တော်​မူ​၍​သူ​တို့​ကို လက်​ဖြင့်​တို့​ထိ​ပြီး​လျှင် ``ထ​ကြ။ မ​ကြောက် ကြ​နှင့်'' ဟု​မိန့်​တော်​မူ​၏။-

8. သူ​တို့​သည်​မော်​၍​ကြည့်​လိုက်​သော​အ​ခါ​သ​ခင် ယေ​ရှု​မှ​တစ်​ပါး​အ​ခြား​အ​ဘယ်​သူ​ကို​မျှ မ​တွေ့​မ​မြင်​ကြ​တော့​ချေ။

9. ထို​နောက်​ကိုယ်​တော်​နှင့်​တ​ပည့်​တော်​တို့​သည်​တောင် ပေါ်​မှ​ဆင်း​ကြ​၏။ ထို​သို့​ဆင်း​ကြ​စဉ်​သ​ခင်​ယေ​ရှု က ``သင်​တို့​တွေ့​မြင်​ခဲ့​ကြ​သည့်​အ​ခြင်း​အ​ရာ​ကို လူ​သား​သေ​ခြင်း​မှ​မ​ထ​မြောက်​မီ​အ​ဘယ်​သူ အား​မျှ​မ​ပြော​ကြ​နှင့်'' ဟု​တ​ပည့်​တော်​တို့​အား ပ​ညတ်​တော်​မူ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 17