1. ခြောက်ရက်မျှကြာသော်သခင်ယေရှုသည်ပေတရု၊ ယာကုပ်၊ ယာကုပ်၏ညီယောဟန်တို့ကိုမြင့်သော တောင်ပေါ်သို့ခေါ်ဆောင်သွားတော်မူ၏။ အခြား မည်သူတစ်စုံတစ်ယောက်မျှမပါချေ။-
2. သူတို့၏ရှေ့တွင်ကိုယ်တော်၏အဆင်းသဏ္ဌာန်တော် သည်ပြောင်းလဲသွား၏။ မျက်နှာတော်သည်နေကဲ့ သို့တောက်ပလျက်အဝတ်တော်များသည်လည်း အလင်းကဲ့သို့ဖြူလျက်နေ၏။-
3. ထိုနောက်မောရှေနှင့်ဧလိယပေါ်လာ၍ကိုယ်တော် နှင့်စကားပြောလျက်နေကြသည်ကိုတွေ့မြင် ကြ၏။-
4. ထိုအခါပေတရုက ``အရှင်ဘုရား၊ ဤအရပ် တွင်နေဖွယ်ကောင်းပါ၏။ အရှင်အလိုတော်ရှိ လျှင်အရှင့်အတွက်တဲတစ်ဆောင်၊ မောရှေအတွက် တစ်ဆောင်၊ ဧလိယအတွက်တစ်ဆောင်၊ တဲသုံး ဆောင်ကိုအကျွန်ုပ်ဆောက်လုပ်ပါမည်'' ဟုလျှောက် ထား၏။
5. ဤသို့ပေတရုလျှောက်ထားစဉ်ပင်တောက်ပသော မိုးတိမ်တိုက်တစ်ခု၏အရိပ်သည်သူတို့အပေါ် သို့ကျလာ၏။ မိုးတိမ်တိုက်ထဲမှ ``ဤသူကား ငါနှစ်သက်မြတ်နိုးရာငါ၏ချစ်သားပေတည်း။ သူ့ကိုငါနှစ်သက်မြတ်နိုး၏။ သူ၏စကားကို နားထောင်ကြလော့'' ဟုအသံတော်ထွက်ပေါ် လာ၏။
6. ထိုအသံကိုတပည့်တော်တို့ကြားသောအခါ လွန်စွာကြောက်လန့်၍ပျပ်ဝပ်လျက်နေကြ၏။-
7. သခင်ယေရှုသည်ကြွလာတော်မူ၍သူတို့ကို လက်ဖြင့်တို့ထိပြီးလျှင် ``ထကြ။ မကြောက် ကြနှင့်'' ဟုမိန့်တော်မူ၏။-
8. သူတို့သည်မော်၍ကြည့်လိုက်သောအခါသခင် ယေရှုမှတစ်ပါးအခြားအဘယ်သူကိုမျှ မတွေ့မမြင်ကြတော့ချေ။
9. ထိုနောက်ကိုယ်တော်နှင့်တပည့်တော်တို့သည်တောင် ပေါ်မှဆင်းကြ၏။ ထိုသို့ဆင်းကြစဉ်သခင်ယေရှု က ``သင်တို့တွေ့မြင်ခဲ့ကြသည့်အခြင်းအရာကို လူသားသေခြင်းမှမထမြောက်မီအဘယ်သူ အားမျှမပြောကြနှင့်'' ဟုတပည့်တော်တို့အား ပညတ်တော်မူ၏။
10. တပည့်တော်တို့က ``ဦးစွာပထမဧလိယ ကြွလာမည်ဟုကျမ်းတတ်ဆရာတို့အဘယ် ကြောင့်ဆိုပါသနည်း'' ဟုကိုယ်တော်အားမေး လျှောက်ကြ၏။
11. ကိုယ်တော်က ``ဦးစွာပထမဧလိယသည်ကြွ လာ၍အမှုအရာခပ်သိမ်းကိုအသင့်ပြင်ဆင် ရမည်ကားမှန်၏။-
12. သင်တို့အားငါဆိုသည်ကားဧလိယသည်ကြွ လာခဲ့ပြီ။ သို့ရာတွင်လူတို့သည်သူ့ကိုမသိကြ သဖြင့်သူ့အားမိမိတို့ပြုလိုရာပြုခဲ့ကြလေ ပြီ။ ထိုနည်းတူပင်လူသားသည်လည်းထိုသူတို့ ၏လက်တွင်ဒုက္ခဆင်းရဲခံရလိမ့်မည်'' ဟုမိန့် တော်မူ၏။