ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 16:2-18 Common Language Bible (BCL)

2. ကိုယ်​တော်​က ``နေ​ဝင်​ချိန်​၌​မိုး​တိမ်​နီ​လျှင် ရာ​သီ​ဥ​တု​သာ​ယာ​လိမ့်​မည်​ဟူ​၍​လည်း​ကောင်း၊-

3. နံ​နက်​ချိန်​၌​မိုး​တိမ်​နီ​၍​အုံ့​မှိုင်း​နေ​လျှင်​မိုး​ရွာ လိမ့်​မည်​ဟူ​၍​လည်း​ကောင်း​သင်​တို့​ပြော​တတ်​ကြ​၏။ သင်​တို့​သည်​မိုး​ကောင်း​ကင်​ကို​ကြည့်​ခြင်း​အား​ဖြင့် မိုး​လေ​ဝ​သ​၏​အ​ခြေ​အ​နေ​ကို​သိ​နိုင်​ကြ​ပါ လျက် မျက်​မှောက်​ခေတ်​ကာ​လ​၏​အ​ရိပ်​အ​ခြေ​ကို မူ​ပိုင်း​ခြား​၍​မ​သိ​နိုင်​ကြ​ပါ​သ​လော။-

4. ဤ​ခေတ်​လူ​တို့​သည်​အ​လွန်​ဆိုး​ညစ်​၍​ဘု​ရား သ​ခင်​ကို​ယုံ​ကြည်​ခြင်း​ကင်း​မဲ့​ကြ​ပါ​သည် တ​ကား။ သင်​တို့​သည်​နိ​မိတ်​လက္ခ​ဏာ​ကို​တောင်း ဆို​ကြ​၏။ သို့​ရာ​တွင်​ယော​န​၏​နိ​မိတ်​လက္ခ​ဏာ မှ​တစ်​ပါး​အ​ဘယ်​နိ​မိတ်​လက္ခ​ဏာ​မျှ​သင်​တို့ တွေ့​မြင်​ရ​ကြ​လိမ့်​မည်​မဟုတ်'' ဟု​မိန့်​တော်​မူ​၏။ထို​နောက်​ကိုယ်​တော်​သည်​ထို​သူ​တို့​ထံ​မှ​ထွက် ခွာ​သွား​တော်​မူ​၏။

5. တ​ပည့်​တော်​တို့​သည်​အိုင်​တစ်​ဖက်​ကမ်း​သို့​ရောက် ကြ​၏။ သူ​တို့​သည်​အ​စား​အ​စာ​များ​ကို​မ​ယူ ခဲ့​မိ​ကြ။-

6. သ​ခင်​ယေ​ရှု​က ``သင်​တို့​သည်​ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒုကဲ တို့​၏​တ​ဆေး​ကို​သ​တိ​နှင့်​ရှောင်​ကြဉ်​ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

7. တ​ပည့်​တော်​တို့​သည်​မိ​မိ​တို့​၌​စား​စ​ရာ​မ​ပါ လာ​သည့်​အ​တွက်​ဤ​သို့​ကိုယ်​တော်​မိန့်​တော်​မူ​ခြင်း ဖြစ်​သည်​ဟု​အ​ချင်း​ချင်း​ပြော​ဆို​လျက်​နေ​ကြ​၏။

8. ယင်း​သို့​ပြော​ဆို​နေ​သည်​ကို​သ​ခင်​ယေ​ရှု​သိ​တော် မူ​သ​ဖြင့် ``သင်​တို့​သည်​အ​စား​အ​စာ​မ​ပါ​သည် ကို​အ​ဘယ်​ကြောင့်​ဆွေး​နွေး​နေ​ကြ​သ​နည်း။-

9. ယုံ​ကြည်​ခြင်း​အား​နည်း​သူ​တို့၊ ယ​ခု​တိုင်​အောင် ပင်​မ​သိ​နား​မ​လည်​နိုင်​ကြ​သ​လော။-

10. မုန့်​ငါး​လုံး​ကို​လူ​ငါး​ထောင်​စား​၍​ဘယ်​နှစ်​တောင်း ကောက်​သိမ်း​ရ​သည်​ကို​သင်​တို့​သ​တိ​မ​ရ​ကြ​ပါ သ​လော။ မုန့်​ခု​နစ်​လုံး​ကို​လူ​လေး​ထောင်​စား​၍​ဘယ် နှစ်​တောင်း​ကောက်​သိမ်း​ရ​သည်​ကို​လည်း​သ​တိ​မ​ရ ကြ​ပါ​သ​လော။ အ​စား​အ​စာ​နှင့်​ပတ်​သက်​၍ ငါ​ပြော​ဆို​နေ​ခြင်း​မ​ဟုတ်​ကြောင်း​ကို​သင်​တို့ အ​ဘယ်​ကြောင့်​နား​မ​လည်​ကြ​သ​နည်း။-

11. ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒု​ကဲ​တို့​၏​တ​ဆေး​ကို​ရှောင်​ကြဉ် ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

12. ထို​အ​ခါ​တ​ပည့်​တော်​တို့​သည်​မုန့်​လုပ်​တ​ဆေး ကို​ရှောင်​ကြဉ်​ရန်​မ​ဟုတ်​ဘဲ​ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒု​ကဲ တို့​၏​သွန်​သင်​ချက်​များ​ကို​မ​လိုက်​နာ​ရန် ကိုယ်​တော်​သ​တိ​ပေး​တော်​မူ​ကြောင်း​နား​လည် ကြ​၏။

13. သ​ခင်​ယေ​ရှု​သည်​ကဲ​သ​ရိ​ဖိ​လိ​ပ္ပိ​နယ်​သို့​ရောက် ရှိ​တော်​မူ​သော​အ​ခါ​တ​ပည့်​တော်​တို့​အား ``လူ တို့​သည်​ငါ့​ကို​အ​ဘယ်​သူ​ဖြစ်​သည်​ဟု​ပြော​ဆို ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။

14. ``လူ​အ​ချို့​က​အ​ရှင်​သည်​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် ဖြစ်​သည်။ အ​ချို့​က​ဧ​လိ​ယ​ဖြစ်​သည်။ အ​ချို့​က ယေ​ရ​မိ​သို့​မ​ဟုတ်​အ​ခြား​ပ​ရော​ဖက်​တစ်​ပါး ပါး​ဖြစ်​သည်​ဟု​ပြော​ဆို​ကြ​ပါ​သည်'' ဟု​လျှောက် ကြ​၏။

15. ကိုယ်​တော်​က ``သင်​တို့​က​မူ​ငါ့​ကို​အ​ဘယ်​သူ​ဟု ဆို​ကြ​သ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊

16. ပေ​တ​ရု​က ``အ​ရှင်​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​သား​တော်​တည်း​ဟူ​သော​ခ​ရစ် တော်​ဖြစ်​ပါ​သည်'' ဟု​လျှောက်​လေ​၏။

17. သ​ခင်​ယေ​ရှု​က ``ယော​ဟန်​၏​သား​ရှိ​မုန်၊ သင်​သည် မင်္ဂလာ​ရှိ​၏။ ဤ​အ​ကြောင်း​ကို​သာ​မန်​လူ​တစ်​ယောက် အ​နေ​ဖြင့်​သင်​မ​သိ​နိုင်။ ကောင်း​ကင်​ဘုံ​ရှင်​ငါ​၏ ခ​မည်း​တော်​က​ဖော်​ပြ​တော်​မူ​၍​သာ​သင်​သိ သ​တည်း။-

18. ထို့​ကြောင့်​သင်​၏​နာ​မည်​သည်​ကျောက်​ဟု​အ​နက် ရှိ​သော​ပေ​တ​ရု​ဖြစ်​၍​ထို​ကျောက်​တည်း​ဟူ​သော အုတ်​မြစ်​ပေါ်​မှာ​ငါ​၏​အ​သင်း​တော်​ကို​တည်​ဆောက် မည်။ သေ​ခြင်း​တ​ရား​ပင်​လျှင်​ထို​အ​သင်း​တော်​ကို မ​နိုင်​ရ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 16