ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 16:10-23 Common Language Bible (BCL)

10. မုန့်​ငါး​လုံး​ကို​လူ​ငါး​ထောင်​စား​၍​ဘယ်​နှစ်​တောင်း ကောက်​သိမ်း​ရ​သည်​ကို​သင်​တို့​သ​တိ​မ​ရ​ကြ​ပါ သ​လော။ မုန့်​ခု​နစ်​လုံး​ကို​လူ​လေး​ထောင်​စား​၍​ဘယ် နှစ်​တောင်း​ကောက်​သိမ်း​ရ​သည်​ကို​လည်း​သ​တိ​မ​ရ ကြ​ပါ​သ​လော။ အ​စား​အ​စာ​နှင့်​ပတ်​သက်​၍ ငါ​ပြော​ဆို​နေ​ခြင်း​မ​ဟုတ်​ကြောင်း​ကို​သင်​တို့ အ​ဘယ်​ကြောင့်​နား​မ​လည်​ကြ​သ​နည်း။-

11. ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒု​ကဲ​တို့​၏​တ​ဆေး​ကို​ရှောင်​ကြဉ် ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။

12. ထို​အ​ခါ​တ​ပည့်​တော်​တို့​သည်​မုန့်​လုပ်​တ​ဆေး ကို​ရှောင်​ကြဉ်​ရန်​မ​ဟုတ်​ဘဲ​ဖာ​ရိ​ရှဲ​နှင့်​ဇဒ္ဒု​ကဲ တို့​၏​သွန်​သင်​ချက်​များ​ကို​မ​လိုက်​နာ​ရန် ကိုယ်​တော်​သ​တိ​ပေး​တော်​မူ​ကြောင်း​နား​လည် ကြ​၏။

13. သ​ခင်​ယေ​ရှု​သည်​ကဲ​သ​ရိ​ဖိ​လိ​ပ္ပိ​နယ်​သို့​ရောက် ရှိ​တော်​မူ​သော​အ​ခါ​တ​ပည့်​တော်​တို့​အား ``လူ တို့​သည်​ငါ့​ကို​အ​ဘယ်​သူ​ဖြစ်​သည်​ဟု​ပြော​ဆို ကြ​သ​နည်း'' ဟု​မေး​တော်​မူ​၏။

14. ``လူ​အ​ချို့​က​အ​ရှင်​သည်​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန် ဖြစ်​သည်။ အ​ချို့​က​ဧ​လိ​ယ​ဖြစ်​သည်။ အ​ချို့​က ယေ​ရ​မိ​သို့​မ​ဟုတ်​အ​ခြား​ပ​ရော​ဖက်​တစ်​ပါး ပါး​ဖြစ်​သည်​ဟု​ပြော​ဆို​ကြ​ပါ​သည်'' ဟု​လျှောက် ကြ​၏။

15. ကိုယ်​တော်​က ``သင်​တို့​က​မူ​ငါ့​ကို​အ​ဘယ်​သူ​ဟု ဆို​ကြ​သ​နည်း'' ဟု​မေး​တော်​မူ​လျှင်၊

16. ပေ​တ​ရု​က ``အ​ရှင်​သည်​အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်​၏​သား​တော်​တည်း​ဟူ​သော​ခ​ရစ် တော်​ဖြစ်​ပါ​သည်'' ဟု​လျှောက်​လေ​၏။

17. သ​ခင်​ယေ​ရှု​က ``ယော​ဟန်​၏​သား​ရှိ​မုန်၊ သင်​သည် မင်္ဂလာ​ရှိ​၏။ ဤ​အ​ကြောင်း​ကို​သာ​မန်​လူ​တစ်​ယောက် အ​နေ​ဖြင့်​သင်​မ​သိ​နိုင်။ ကောင်း​ကင်​ဘုံ​ရှင်​ငါ​၏ ခ​မည်း​တော်​က​ဖော်​ပြ​တော်​မူ​၍​သာ​သင်​သိ သ​တည်း။-

18. ထို့​ကြောင့်​သင်​၏​နာ​မည်​သည်​ကျောက်​ဟု​အ​နက် ရှိ​သော​ပေ​တ​ရု​ဖြစ်​၍​ထို​ကျောက်​တည်း​ဟူ​သော အုတ်​မြစ်​ပေါ်​မှာ​ငါ​၏​အ​သင်း​တော်​ကို​တည်​ဆောက် မည်။ သေ​ခြင်း​တ​ရား​ပင်​လျှင်​ထို​အ​သင်း​တော်​ကို မ​နိုင်​ရ။-

19. ငါ​သည်​သင့်​အား​ကောင်း​ကင်​နိုင်​ငံ​တော်​၏​သော့ များ​ကို​ပေး​အပ်​မည်။ လော​က​တွင်​သင်​တား​မြစ် သ​မျှ​ကို​ဘု​ရား​သ​ခင်​သည်​ကောင်း​ကင်​ဘုံ​တွင် လည်း​တား​မြစ်​တော်​မူ​မည်။ လော​က​တွင်​သင်​ခွင့် ပြု​သ​မျှ​ကို​ကောင်း​ကင်​ဘုံ​တွင်​လည်း​ခွင့်​ပြု တော်​မူ​မည်'' ဟု​မိန့်​တော်​မူ​၏။

20. ထို​နောက်​ကိုယ်​တော်​သည်​မိ​မိ​ခ​ရစ်​တော်​ဖြစ်​တော် မူ​ကြောင်း​ကို​အ​ဘယ်​သူ​အား​မျှ​မ​ပြော​ရန်​တပည့် တော်​တို့​အား​ပ​ညတ်​တော်​မူ​၏။

21. သ​ခင်​ယေ​ရှု​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​သွား​၍ ဘာ​သာ​ရေး​ခေါင်း​ဆောင်​များ၊ ယဇ်​ပု​ရော​ဟိတ် ကြီး​များ​နှင့်​ကျမ်း​တတ်​ဆ​ရာ​များ​၏​လက် တွင်​ဒုက္ခ​ဝေ​ဒ​နာ​ခံ​တော်​မူ​ရ​မည့်​အ​ကြောင်း ကို​လည်း​ကောင်း၊ သုံး​ရက်​မြောက်​သော​နေ့​၌​သေ ခြင်း​မှ​ထ​မြောက်​တော်​မူ​မည့်​အ​ကြောင်း​ကို လည်း​ကောင်း​တ​ပည့်​တော်​တို့​အား​ထို​အ​ချိန် မှ​စ​၍​ပွင့်​လင်း​စွာ​ဖော်​ပြ​တော်​မူ​၏။

22. ပေ​တ​ရု​သည်​ကိုယ်​တော်​အား​မ​လှမ်း​မ​ကမ်း​နေ​ရာ သို့​ပင့်​ဖိတ်​ပြီး​လျှင် ``သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ရှင် ဖော်​ပြ​ခဲ့​သည့်​အ​မှု​အ​ရာ​များ​မ​ဖြစ်​ပျက်​စေ ရန်​ဘုရား​သ​ခင်​ဆီး​တား​တော်​မူ​ပါ​စေ​သော။ ကိုယ်​တော်​ရှင်​သည်​ထို​အ​မှု​အ​ရာ​များ​နှင့် အ​ဘယ်​အ​ခါ​၌​မျှ​မ​ကြုံ​မ​တွေ့​ရ​ပါ​စေ​နှင့်'' ဟု​ပြစ်​တင်​လျှောက်​ထား​၏။

23. ကိုယ်​တော်​သည်​လှည့်​၍​ပေ​တ​ရု​အား ``အ​ချင်း စာ​တန်၊ ငါ့​နောက်​သို့​ဆုတ်​လော့။ သင်​သည်​ငါ့ အ​တွက်​ဆူး​ငြောင့်​ခ​လုတ်​သ​ဖွယ်​ဖြစ်​၏။ သင် သည်​ဘု​ရား​သ​ခင်​၏​ရှု​ထောင့်​က​မ​တွေး၊ လူ ၏​ရှု​ထောင့်​က​သာ​တွေး​၏'' ဟု​မိန့်​တော်​မူ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 16