ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 14:22-33 Common Language Bible (BCL)

22. ထို​နောက်​ကိုယ်​တော်​သည်​လူ​အ​ပေါင်း​တို့​အား အိမ်​သို့​ပြန်​စေ​တော်​မူ​၏။ တစ်​ချိန်​တည်း​ပင် တပည့်​တော်​တို့​အား​လှေ​ပေါ်​သို့​တက်​စေ​၍ အိုင်​တစ်​ဖက်​သို့​ကူး​စေ​တော်​မူ​၏။-

23. လူ​အ​ပေါင်း​တို့​အား​အိမ်​သို့​ပြန်​စေ​ပြီး​နောက် ကိုယ်​တော်​သည်​ဆု​တောင်း​ပတ္ထ​နာ​ပြု​ရန်​တောင်​ပေါ် ကို​တက်​တော်​မူ​၏။ ည​ချမ်း​အ​ချိန်​ရောက်​သော် ထို​အ​ရပ်​တွင်​တစ်​ကိုယ်​တည်း​ရှိ​နေ​တော်​မူ​သ​တည်း။-

24. တ​ပည့်​တော်​တို့​၏​လှေ​သည်​ကား​ကမ်း​နှင့်​များ​စွာ ဝေး​ကွာ​သွား​လေ​ပြီ။ လေ​ဆန်​ဖြစ်​သ​ဖြင့်​ထို​လှေ ကို​လှိုင်း​တံ​ပိုး​များ​ရိုက်​ခတ်​လျက်​ရှိ​၏။

25. မိုး​သောက်​ယံ​အ​ချိန်​ခန့်​တွင်​ကိုယ်​တော်​သည်​ရေ​ပေါ် မှာ​စက်​တော်​ဖြန့်​၍​တ​ပည့်​တော်​တို့​ထံ​သို့​ကြွ​လာ တော်​မူ​၏။-

26. ဤ​သို့​ရေ​ပေါ်​မှာ​ကိုယ်​တော်​စက်​တော်​ဖြန့်​၍​ကြွ လာ​သည်​ကို​မြင်​လျှင်​တ​ပည့်​တော်​တို့​သည်​ထိတ် လန့်​ကာ ``တစ္ဆေ'' ဟု​အ​လန့်​တ​ကြား​ဟစ်​အော်​ကြ​၏။

27. ထို​အ​ခါ​သ​ခင်​ယေ​ရှု​က ``အား​မ​ငယ်​ကြ​နှင့်။ ငါ ပင်​ဖြစ်​သည်။ မ​ကြောက်​ကြ​နှင့်'' ဟု​မိန့်​တော်​မူ​၏။

28. ပေ​တ​ရု​က ``သ​ခင်​ဘု​ရား၊ ကိုယ်​တော်​ရှင်​ဖြစ်​ပါ​မူ၊ အ​ကျွန်ုပ်​သည်​ရေ​ပေါ်​မှာ​လျှောက်​၍​အ​ထံ​တော်​သို့ လာ​နိုင်​ရန်​အ​မိန့်​ရှိ​တော်​မူ​ပါ'' ဟု​လျှောက်​၏။

29. ကိုယ်​တော်​က ``လာ​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​လျှင် ပေ​တ​ရု​သည်​လှေ​ပေါ်​က​ဆင်း​၍​ရေ​ပေါ်​တွင် လျှောက်​ကာ​သ​ခင်​ယေ​ရှု​ထံ​သို့​သွား​လေ​၏။-

30. သို့​ရာ​တွင်​သူ​သည်​လေ​အ​ဟုန်​ပြင်း​သည်​ကို မြင်​သော​အ​ခါ​ကြောက်​လန့်​၍​လာ​သ​ဖြင့်​ရေ နစ်​စ​ပြု​သည်​နှင့် ``သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ် အား​ကယ်​တော်​မူ​ပါ'' ဟု​ဟစ်​အော်​လေ​၏။

31. ထို​အ​ခါ​သ​ခင်​ယေ​ရှု​သည်​လက်​တော်​ကို​ဆန့်​၍ ပေ​တ​ရု​ကို​ဆွဲ​ကိုင်​တော်​မူ​ပြီး​လျှင် ``ယုံ​ကြည်​ခြင်း နည်း​လှ​ပါ​တ​ကား။ အ​ဘယ်​ကြောင့်​ယုံ​မှား​သနည်း'' ဟု​မိန့်​တော်​မူ​၏။

32. ကိုယ်​တော်​နှင့်​ပေ​တ​ရု​တို့​လှေ​ပေါ်​သို့​ရောက် ကြ​သော​အ​ခါ​လေ​သည်​ငြိမ်​သွား​လေ​၏။-

33. လှေ​ထဲ​ရှိ​တပည့်​တော်​တို့​သည်​ကိုယ်​တော်​အား ဦး​ညွှတ်​ရှိ​ခိုး​လျက် ``အ​ရှင်​ကား​အ​ကယ်​ပင် ထာ​ဝ​ရ​ဘု​ရား​၏​သား​တော်​ဖြစ်​ပါ​၏'' ဟု လျှောက်​ထား​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 14