20. လူအပေါင်းတို့သည်အဝစားရကြသည်သာမက မုန့်နှင့်ငါးအကြွင်းအကျန်များကိုပင်တစ်ဆယ့် နှစ်တောင်းအပြည့်ကောက်သိမ်းရသေး၏။-
21. အမျိုးသမီးနှင့်ကလေးများမှအပမုန့်စားသူ ယောကျာ်းဦးရေမှာငါးထောင်မျှရှိသတည်း။
22. ထိုနောက်ကိုယ်တော်သည်လူအပေါင်းတို့အား အိမ်သို့ပြန်စေတော်မူ၏။ တစ်ချိန်တည်းပင် တပည့်တော်တို့အားလှေပေါ်သို့တက်စေ၍ အိုင်တစ်ဖက်သို့ကူးစေတော်မူ၏။-
23. လူအပေါင်းတို့အားအိမ်သို့ပြန်စေပြီးနောက် ကိုယ်တော်သည်ဆုတောင်းပတ္ထနာပြုရန်တောင်ပေါ် ကိုတက်တော်မူ၏။ ညချမ်းအချိန်ရောက်သော် ထိုအရပ်တွင်တစ်ကိုယ်တည်းရှိနေတော်မူသတည်း။-
24. တပည့်တော်တို့၏လှေသည်ကားကမ်းနှင့်များစွာ ဝေးကွာသွားလေပြီ။ လေဆန်ဖြစ်သဖြင့်ထိုလှေ ကိုလှိုင်းတံပိုးများရိုက်ခတ်လျက်ရှိ၏။
25. မိုးသောက်ယံအချိန်ခန့်တွင်ကိုယ်တော်သည်ရေပေါ် မှာစက်တော်ဖြန့်၍တပည့်တော်တို့ထံသို့ကြွလာ တော်မူ၏။-
26. ဤသို့ရေပေါ်မှာကိုယ်တော်စက်တော်ဖြန့်၍ကြွ လာသည်ကိုမြင်လျှင်တပည့်တော်တို့သည်ထိတ် လန့်ကာ ``တစ္ဆေ'' ဟုအလန့်တကြားဟစ်အော်ကြ၏။
27. ထိုအခါသခင်ယေရှုက ``အားမငယ်ကြနှင့်။ ငါ ပင်ဖြစ်သည်။ မကြောက်ကြနှင့်'' ဟုမိန့်တော်မူ၏။
28. ပေတရုက ``သခင်ဘုရား၊ ကိုယ်တော်ရှင်ဖြစ်ပါမူ၊ အကျွန်ုပ်သည်ရေပေါ်မှာလျှောက်၍အထံတော်သို့ လာနိုင်ရန်အမိန့်ရှိတော်မူပါ'' ဟုလျှောက်၏။
29. ကိုယ်တော်က ``လာခဲ့လော့'' ဟုမိန့်တော်မူလျှင် ပေတရုသည်လှေပေါ်ကဆင်း၍ရေပေါ်တွင် လျှောက်ကာသခင်ယေရှုထံသို့သွားလေ၏။-