ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

မဿဲ 14:1-7 Common Language Bible (BCL)

1. ထို​ကာ​လ​၌​ဂါ​လိ​လဲ​ပြည်​ကို​အုပ်​စိုး​သူ ဟေ​ရုဒ်​သည်​သ​ခင်​ယေ​ရှု​၏​သ​တင်း​ကို ကြား​လျှင်၊-

2. ``ဤ​သူ​သည်​ဗတ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​ပင်​တည်း။ သူ​သည်​သေ​ရာ​မှ​အ​သက်​ပြန်​ရှင်​လေ​ပြီ။ သို့ ဖြစ်​၍​အံ့​ဖွယ်​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြု​လျက် ရှိ​၏'' ဟု​မိ​မိ​အ​မှု​ထမ်း​အ​ရာ​ထမ်း​တို့​အား မိန့်​တော်​မူ​၏။

3. ဟေ​ရုဒ်​သည်​ညီ​ဖြစ်​သူ​ဖိ​လိပ္ပု​၏​ဇ​နီး​ဟေ​ရော​ဒိ နှင့်​ပတ်​သက်​၍​ယော​ဟန်​ကို​ဖမ်း​ဆီး​ချုပ်​နှောင် ကာ​ထောင်​တွင်​အ​ကျဉ်း​ထား​ခဲ့​၏။-

4. အ​ဘယ်​ကြောင့်​ဆို​သော်​ယော​ဟန်​က ``သင်​သည် ညီ​ဖြစ်​သူ​၏​ဇ​နီး​ကို​မ​သိမ်း​မ​ယူ​အပ်'' ဟု ဆို​ခဲ့​သော​ကြောင့်​ဖြစ်​၏။-

5. ဟေ​ရုဒ်​သည်​ယော​ဟန်​ကို​သတ်​လို​သော်​လည်း ယု​ဒ​အ​မျိုး​သား​တို့​ကို​ကြောက်​သ​ဖြင့်​မ​သတ် ရဲ​ချေ။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ယော​ဟန် ကို​ပ​ရော​ဖက်​တစ်​ပါး​ဟု​မှတ်​ယူ​နေ​ကြ​သော ကြောင့်​ဖြစ်​၏။

6. ဟေ​ရုဒ်​၏​မွေး​နေ့​၌​ဟေ​ရော​ဒိ​၏​သ​မီး​သည် ဧည့်​သည်​တော်​များ​အား​အ​က​နှင့်​ဖျော်​ဖြေ လျက်​ဟေ​ရုဒ်​၏​စိတ်​ကို​များ​စွာ​ရွှင်​လန်း​စေ​၏။-

7. သို့​ဖြစ်​၍​ဟေ​ရုဒ်​သည်​သူ​ငယ်​မ​နှစ်​သက်​ရာ ဆု​ကို​ပေး​မည်​ဟု​ကျိန်​ဆို​၍​က​တိ​ပြု​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ မဿဲ 14