8. ထိုသို့မဟုတ်ပါမူအဘယ်ကြောင့်နည်း။ ဝတ် ကောင်းစားလှဝတ်ဆင်ထားသူကိုကြည့်ရှုကြ ရန်လော။ ဝတ်ကောင်းစားလှဝတ်ဆင်ထားသူများ ကားမင်းအိမ်စိုးအိမ်များတွင်နေထိုင်ကြ၏။-
9. ထိုသူတို့ကိုကြည့်ရှုရန်မဟုတ်ပါမူအဘယ် ကြောင့်သွားကြသနည်း။ ပရောဖက်ကိုကြည့်ရှု ကြရန်လော။ မှန်ပေ၏။ သင်တို့သည်ပရောဖက် ထက်ကြီးမြတ်သူကိုမြင်ရကြလေပြီဟု သင်တို့အားငါဆို၏။-
10. ယောဟန်ကားကျမ်းစာတော်တွင်၊`နားထောင်လော့။ သင်၏လမ်းကိုအသင့်ဖြစ်စေရန်၊ငါ၏စေတမန်ကိုသင့်အလျင်စေလွှတ်မည်' ဟု ဖော်ပြထား၏။-ယောဟန်ကားထိုစေတမန်ပင်တည်း။-
11. လူ့သမိုင်းတွင်ယောဟန်ထက်ကြီးမြတ်သူတစ်ဦး တစ်ယောက်မျှမရှိဟု သင်တို့အားငါဆို၏။ သို့ရာ တွင်ကောင်းကင်နိုင်ငံတော်၌ အသိမ်ငယ်ဆုံးသော သူသည်ယောဟန်ထက်ကြီးမြတ်၏။-
12. ဗတ္တိဇံဆရာယောဟန်စတင်ဟောပြောချိန်မှ အစပြု၍ ယနေ့တိုင်အောင်ကောင်းကင်နိုင်ငံ တော်သည် အကြမ်းဖက်သမားတို့၏တိုက်ခိုက် မှုကိုခံရ၏။ အကြမ်းဖက်သမားတို့သည်ထို နိုင်ငံတော်ကိုသိမ်းယူရန်ကြိုးစားကြ၏။-
13. ယောဟန်ပေါ်ထွန်းလာချိန်တိုင်အောင်ပရောဖက် အပေါင်းနှင့်မောရှေ၏ပညတ်ကျမ်းကနိုင်ငံ တော်အကြောင်းကိုဖော်ပြခဲ့ကြပေသည်။-
14. ထိုဖော်ပြချက်များကိုသင်တို့လက်ခံကြ ပါလျှင် ယောဟန်သည်ပေါ်ထွန်းလာရမည့် ဧလိယပင်ဖြစ်ကြောင်းကိုလည်းလက်ခံ ကြလိမ့်မည်။-
15. ကြားတတ်သောနားရှိသူတို့ကြားကြကုန်လော့။
16. ``ငါသည်ဤခေတ်လူတို့ကိုအဘယ်သို့ပုံနှိုင်း ရမည်နည်း။ သူတို့သည်စျေးရပ်ကွက်တွင်ထိုင်လျက် နေသည့်ကလေးသူငယ်များနှင့်တူကြ၏။ သူငယ် တစ်စုကအခြားတစ်စုအား `ငါတို့သည်တီးမှုတ် သော်လည်းသင်တို့မကမခုန်ကြ။-
17. ငါတို့သည်ငိုချင်းကိုဆိုသော်လည်းသင်တို့ မငိုမကြွေးကြ' ဟုဟစ်အော်ပြောဆိုကြ၏။-
18. ဗတ္တိဇံဆရာယောဟန်သည်အစာရှောင်လျက် မသောက်မစားဘဲ သင်တို့ထံလာသောအခါ သင်တို့က `ဤသူသည်နတ်မိစ္ဆာပူးဝင်သူဖြစ် သည်' ဟုဆိုကြ၏။-
19. လူသားသည်စားလျက်သောက်လျက်လာသော အခါ၌မူသင်တို့က `ကြည့်လော့။ ဤသူသည် စားကြူးသောက်ကြူးသူဖြစ်၏။ အခွန်ခံသူတို့ နှင့်အခြားအပယ်ခံတို့၏မိတ်ဆွေဖြစ်၏' ဟု ဆိုကြပြန်၏။ ဘုရားသခင်၏ဉာဏ်ပညာတော် သည်မှန်ကန်ကြောင်းကို ထိုပညာတော်မှသက် ရောက်လာသည့်အကျိုးတရားများကသက် သေပြကြ၏'' ဟုမိန့်တော်မူ၏။