37. မိဘကိုငါ့ထက်ပို၍ချစ်သူသည်ငါ၏တပည့် မဖြစ်ထိုက်၊ သားသမီးကိုငါ့ထက်ပို၍ချစ်သူ သည်ငါ၏တပည့်မဖြစ်ထိုက်။-
38. ကိုယ့်လက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်ကို မလိုက်သောသူသည်ငါ၏တပည့်မဖြစ်ထိုက်။-
39. မိမိအသက်လုံခြုံမှုရရှိရန်ကြိုးပမ်းသူ သည်အသက်ဆုံးရှုံးရလိမ့်မည်။ ငါ့အတွက် အသက်ဆုံးရှုံးသူသည်မိမိအသက်လုံခြုံ မှုရရှိလိမ့်မည်။
40. ``သင်တို့ကိုလက်ခံသောသူသည်ငါ့ကိုလက်ခံ၏။ ငါ့ကိုလက်ခံသောသူသည်ငါ့ကိုစေလွှတ်တော်မူ သောအရှင်ကိုလက်ခံ၏။-
41. ဘုရားသခင်၏စေတမန်ဖြစ်ခြင်းကိုထောက်၍ ဘုရားသခင်၏စေတမန်အားလက်ခံသူသည် ထိုစေတမန်ခံစားရသောအကျိုးကိုခံစားရ လိမ့်မည်။ သူတော်ကောင်းဖြစ်ခြင်းကိုထောက်၍ သူတော်ကောင်းကိုလက်ခံသူသည် သူတော်ကောင်း ခံစားရသောအကျိုးကိုခံစားရလိမ့်မည်။-
42. အမှန်အကန်သင်တို့အားငါဆိုသည်ကား ငါ၏တပည့်များအနက်အသိမ်ငယ်ဆုံးသူ တစ်စုံတစ်ယောက်အား ငါ၏မျက်နှာကိုထောက် ၍သောက်ရေတစ်ခွက်ကိုပေးသောသူသည်အကျိုး ကိုမခံစားဘဲမနေရ။''