ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဗျာ​ဒိတ် 9:1-7 Common Language Bible (BCL)

1. ထို​နောက်​ပဉ္စမ​ကောင်း​ကင်​တ​မန်​တံ​ပိုး​ခ​ရာ မှုတ်​လိုက်​သော​အ​ခါ ကောင်း​ကင်​မှ​ကမ္ဘာ​မြေ ပေါ်​သို့​ကြယ်​တစ်​လုံး​ကြွေ​ကျ​လာ​သည်​ကို ငါ​မြင်​ရ​၏။ ထို​ကြယ်​အား​တွင်း​နက်​ကြီး​၏ တံ​ခါး​သော့​ကို​ပေး​အပ်​ထား​၏။-

2. သူ​သည်​တွင်း​နက်​ကြီး​ကို​ဖွင့်​လိုက်​သော​အ​ခါ မီး​ခိုး​သည်​မီး​ဖို​ကြီး​မှ​ထွက်​သည့်​အ​လား ထွက်​လာ​လေ​သည်။ ထို​မီး​ခိုး​ကြောင့်​နေ​နှင့် အာ​ကာ​သ​ကောင်း​ကင်​သည်​မှောင်​မဲ​၍​သွား​၏။-

3. ထို​မီး​ခိုး​ထဲ​မှ​ကျိုင်း​ကောင်​များ​ထွက်​လာ​ပြီး လျှင် ကမ္ဘာ​မြေ​ကြီး​ပေါ်​သို့​ကျ​ကုန်​၏။ သူ​တို့ မှာ​ကင်း​မြီး​ကောက်​များ​ကဲ့​သို့​တန်​ခိုး​ရှိ ကြ​၏။-

4. သူ​တို့​သည်​မြက်​များ​နှင့်​အ​ခြား​စိမ်း​လန်း​သည့် အ​ပင်​ကြီး​ငယ်​တို့​ကို​ဘေး​ဥ​ပဒ်​ပြု​ပိုင်​ခွင့်​မ​ရှိ။ န​ဖူး​တွင်​ဘု​ရား​သ​ခင်​၏​တံ​ဆိပ်​တော်​မ​ပါ သည့်​လူ​တို့​ကို​သာ​လျှင်​ဘေး​ဥ​ပဒ်​ပြု​ပိုင်​ခွင့် ရှိ​ကြ​၏။-

5. ထို​သူ​တို့​အား​အ​သေ​သတ်​ပိုင်​ခွင့်​မ​ရှိ။ ငါး​လ​မျှ သာ​လျှင်​ညှဉ်း​ဆဲ​ပိုင်​ခွင့်​ရှိ​၏။ ကျိုင်း​ကောင်​အ​ကိုက် ခံ​ရ​သူ​တို့​သည်​ကင်း​မြီး​ကောက်​အ​ကိုက်​ခံ​ရ သ​ကဲ့​သို့​နာ​ကျင်​စွာ​ဝေ​ဒ​နာ​ခံ​ရ​ကြ​လိမ့် မည်။-

6. ထို​ငါး​လ​အ​တွင်း​လူ​တို့​သည်​သေ​မင်း​ကို​ရှာ ကြ​လိမ့်​မည်။ ရှာ​သော်​လည်း​မ​တွေ့​ရ​ကြ။ သေ​ရန် တောင့်​တ​ကြ​သော်​လည်း​သေ​မင်း​သည်​သူ​တို့ အား​တိမ်း​ရှောင်​၍​သွား​လိမ့်​မည်။

7. ထို​ကျိုင်း​ကောင်​တို့​သည်​စစ်​ပွဲ​ဝင်​ရန် အ​သင့်​ပြင် လျက်​နေ​သော​မြင်း​များ​နှင့်​တူ​ကြ​၏။ သူ​တို့​၏ ဦး​ခေါင်း​ပေါ်​မှာ​ရွှေ​သ​ရ​ဖူ​ဆောင်း​ထား​သည် နှင့်​တူ​၏။ သူ​တို့​၏​မျက်​နှာ​သည်​လူ​မျက်​နှာ နှင့်​တူ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဗျာ​ဒိတ် 9