ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဗျာ​ဒိတ် 6:4-10 Common Language Bible (BCL)

4. ထို​နောက်​မြင်း​နီ​တစ်​ကောင်​ထွက်​လာ​၏။ လူ​တို့ သည်​အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် သတ်​ဖြတ်​ကြ​စေ​ရန်​မြင်း​စီး​သူ​ရဲ​အား ဤ လော​က​တွင်​စစ်​မက်​ဖြစ်​ပွား​စေ​နိုင်​သည့်​တန်​ခိုး ကို​ပေး​အပ်​ထား​၏။ ဋ္ဌား​ကြီး​တစ်​လက်​ကို​သူ့ အား​ပေး​ထား​၏။

5. သိုး​သူ​ငယ်​တော်​သည်​တ​တိ​ယ​ချိပ်​တံ​ဆိပ်​ကို ဖွင့်​လိုက်​သော​အ​ခါ တ​တိ​ယ​သတ္တဝါ​က``လာ​လော့'' ဟု​ဆို​သည်​ကို​ငါ​ကြား​ရ​၏။ ငါ​ကြည့်​လိုက်​သော အ​ခါ​မြင်း​နက်​တစ်​ကောင်​ကို​တွေ့​ရ​၏။ မြင်း​စီး သူ​ရဲ​သည်​ချိန်​ခွင်​ကို​ကိုင်​ထား​၏။-

6. သတ္တ​ဝါ​လေး​ပါး​တို့​အ​လယ်​မှ​ထွက်​ပေါ်​လာ သည်​ဟု​ထင်​ရ​သော​အ​သံ​တစ်​ခု​ကို​ငါ​ကြား ရ​၏။ ထို​အ​သံ​က``ဂျုံ​ဆန်​တစ်​ခွက်​ကို​တစ်​နေ့ စာ​လုပ်​အား​ခ​ပေး​ရ​၏။ သို့​ရာ​တွင်​သံ​လွင် ဥ​ယျာဉ်​နှင့်​စ​ပျစ်​ဥ​ယျာဉ်​များ​ကို​မ​ဖျက် ဆီး​ကြ​နှင့်'' ဟု​ဆို​၏။

7. သိုး​သူ​ငယ်​တော်​သည်​စတုတ္ထ​ချိပ်​တံ​ဆိပ်​ကို​ဖွင့် လိုက်​သော​အ​ခါ စ​တုတ္ထ​သတ္တ​ဝါ​၏​အ​သံ​ကို ငါ​ကြား​ရ​၏။ ထို​သတ္တ​ဝါ​က``လာ​လော့'' ဟု ဆို​၏။-

8. ငါ​ကြည့်​လိုက်​သော​အ​ခါ​မြင်း​မွဲ​တစ်​ကောင်​ကို တွေ့​ရ​၏။ မြင်း​စီး​သူ​ရဲ​၏​နာ​မည်​မှာ​သေ​မင်း ဖြစ်​၏။ သူ​၏​နောက်​မှ​မ​ရ​ဏာ​နိုင်​ငံ​လိုက်​ပါ လာ​၏။ သူ​တို့​သည်​ကမ္ဘာ​မြေ​ကြီး​၏​လေး​ပုံ​တစ် ပုံ​တွင်​ရှိ​သော​လူ​တို့​အား​ဋ္ဌား​ဘေး၊ ငတ်​မွတ် ခေါင်း​ပါး​ခြင်း​ဘေး၊ ကပ်​ရော​ဂါ​ဘေး၊ သား​ရဲ တိ​ရစ္ဆာန်​များ​၏​ဘေး​တို့​ဖြင့်​သေ​စေ​နိုင်​သည့် အ​ခွင့်​အာ​ဏာ​ကို​ရ​ရှိ​ထား​ကြ​၏။

9. သိုး​သူ​ငယ်​တော်​သည်​ပဉ္စမ​ချိပ်​တံ​ဆိပ်​ကို​ဖွင့် လိုက်​သော​အ​ခါ ဘု​ရား​သခင်​၏​နှုတ်​က​ပတ် တော်​ကို​ဟော​ပြော​ကြေ​ညာ​သည့်​အ​တွက်​ကြောင့် လည်း​ကောင်း၊ သစ္စာ​နှင့်​သက်​သေ​ခံ​သည့်​အ​တွက် ကြောင့်​လည်း​ကောင်း​အ​သတ်​ခံ​ကြ​ရ​သူ​တို့ ၏​ဝိ​ညာဉ်​များ​ကို​ပလ္လင်​တော်​အောက်​တွင်​ငါ မြင်​ရ​၏။-

10. ထို​ဝိ​ညာဉ်​များ​က``သန့်​ရှင်း​မြင့်​မြတ်​ဖြောင့်​မှန် တော်​မူ​သော​အ​နန္တ​တန်​ခိုး​ရှင်၊ အ​ကျွန်ုပ်​တို့​အား သတ်​ဖြတ်​ခဲ့​သည့်​အ​ပြစ်​အ​တွက်​ကမ္ဘာ​သူ​ကမ္ဘာ သား​တို့​အား အ​ဘယ်​ကာ​လ​တိုင်​အောင်​တ​ရား စီ​ရင်​အ​ပြစ်​ဒဏ်​မ​ပေး​ဘဲ​နေ​တော်​မူ​မည် နည်း'' ဟု​အ​သံ​ကျယ်​စွာ​ဟစ်​အော်​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဗျာ​ဒိတ် 6