ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဗျာ​ဒိတ် 5:12-14 Common Language Bible (BCL)

12. သူ​တို့​က၊``အ​သေ​သတ်​ခြင်း​ခံ​ရ​သော​သိုး​သူ​ငယ်​တော်​သည်တန်​ခိုး၊စည်း​စိမ်​ချမ်း​သာ၊ဉာဏ်​ပ​ညာ၊ခွန်​အား စွမ်း​ရည်၊ဂုဏ်​အ​သ​ရေ၊ဘုန်း​အာ​နု​ဘော်၊ချီး​မွမ်း​ခြင်း​တို့​ကို​ခံ​ထိုက်​တော်​မူ​ပါ​၏''ဟု​အ​သံ​ကျယ်​စွာ​မြွက်​ဆို​ကြ​၏။-

13. ထို့​ပြင်​ကောင်း​ကင်၊ ကမ္ဘာ​မြေ​ကြီး၊ မြေ​ကြီး အောက်​ပင်​လယ်​အ​ရပ်​ရပ်​၌​ရှိ​သ​မျှ​သော သတ္တဝါ​အ​ပေါင်း​တို့​က၊ပလ္လင်​ပေါ်​တွင်​ထိုင်​နေ​တော်​မူ​သော​အ​ရှင်​နှင့် သိုး​သူ​ငယ်​တော်​သည်ကမ္ဘာ​အ​ဆက်​ဆက်​ချီး​မွမ်း​ခြင်း​ကို ခံ​ရ​ပါ​စေ​သ​တည်း။ဂုဏ်​အ​သ​ရေ၊ဘုန်း​အာ​နု​ဘော်၊တန်​ခိုး​တို့​ဖြင့် ပြည့်​စုံ​တော်​မူ​ပါ​စေ​သ​တည်း''ဟု​ကြွေး​ကြော်​ကြ​သည်​ကို​ငါ​ကြား​ရ​၏။-

14. သတ္တဝါ​လေး​ပါး​တို့​က``အာ​မင်'' ဟု​တုံ့​ပြန်​ကြ ၏။ အ​ကြီး​အ​ကဲ​တို့​သည်​လည်း​ပျပ်​ဝပ်​ရှိ​ခိုး ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဗျာ​ဒိတ် 5