ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဗျာ​ဒိတ် 21:8-14 Common Language Bible (BCL)

8. သို့​ရာ​တွင်​သူ​ရဲ​ဘော​နည်း​သူ၊ သစ္စာ​ဖောက်​သူ၊ စက် ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​သူ၊ လူ​သတ်​သူ၊ အ​ကျင့်​ပျက် သူ၊ စုန်း​အ​တတ်​ဖြင့်​ပြု​စား​သူ၊ ရုပ်​တု​ကိုး​ကွယ်​သူ၊ လိမ်​လည်​ပြော​ဆို​သူ​တို့​သည်​ကန့်​မီး​အိုင်​ထဲ​သို့ ရောက်​ရ​ကြ​လိမ့်​မည်။ ဤ​ကား​ဒု​တိ​ယ​သေ​ခြင်း ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​၏။

9. ထို​နောက်​နောက်​ဆုံး​ဘေး​ဒဏ်​ခု​နစ်​ပါး​ဖြင့် ပြည့်​သော​ခွက်​ဖလား​ခု​နစ်​လုံး​ကို ကိုင်​ထား​သည့် ကောင်း​ကင်​တ​မန်​ခု​နစ်​ပါး​အ​နက်​တစ်​ပါး သည်​ငါ့​ထံ​သို့​လာ​၍``လာ​ပါ။ သိုး​သူ​ငယ်​၏ ဇနီး​တည်း​ဟူ​သော​မင်္ဂလာ​ဆောင်​သ​တို့​သ​မီး ကို​သင့်​အား​ငါ​ပြ​မည်။'' ဟု​ဆို​၏။-

10. ဝိညာဉ်​တော်​သည်​ငါ့​အ​ပေါ်​သို့​သက်​ရောက်​တော် မူ​လျက်၊ ကောင်း​ကင်​တ​မန်​သည်​ငါ့​ကို​အ​လွန်​မြင့် သော​တောင်​ထိပ်​ပေါ်​သို့​ခေါ်​ဆောင်​သွား​ပြီး​လျှင် ဘု​ရား​သ​ခင်​စံ​တော်​မူ​ရာ​ကောင်း​ကင်​ဘုံ​မှ သန့်​ရှင်း​မြင့်​မြတ်​သည့်​ယေ​ရု​ရှ​လင်​မြို့​သက် ဆင်း​လာ​သည်​ကို​ပြ​၏။-

11. ထို​မြို့​သည်​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော် နှင့်​ထွန်း​လင်း​၍​ကျောက်​သ​လင်း​သ​ဖွယ်​ကြည်​လင် သည့်​န​ဂါး​သွဲ့​ကျောက်​မျက်​ရ​တ​နာ​ကဲ့​သို့ အ​ရောင်​အ​ဝါ​တောက်​ပ​လျက်​နေ​၏။-

12. ထို​မြို့​တွင်​တံ​ခါး​ပေါက်​တစ်​ဆယ့်​နှစ်​ပေါက်​နှင့် မြင့်​မား​သော​မြို့​ရိုး​ကြီး​ရှိ​၏။ ထို​တံ​ခါး​ပေါက် တို့​တွင်​ကောင်း​ကင်​တ​မန်​တစ်​ဆယ့်​နှစ်​ပါး​စောင့် ၍​ဣသ​ရေ​လ​အ​မျိုး​တစ်​ဆယ့်​နှစ်​ပါး​တို့​၏ နာ​မည်​များ​ကို​တံ​ခါး​များ​ပေါ်​၌​ရေး​ထား လျက်​ရှိ​၏။-

13. အ​ရှေ့​ဘက်​တွင်​တံ​ခါး​ပေါက်​သုံး​ပေါက်၊ မြောက် ဘက်​တွင်​သုံး​ပေါက်၊ တောင်​ဘက်​တွင်​သုံး​ပေါက်၊ အ​နောက်​ဘက်​တွင်​သုံး​ပေါက်​ရှိ​၏။-

14. မြို့​ရိုး​တွင်​အုတ်​မြစ်​ကျောက်​တစ်​ဆယ့်​နှစ်​ခု​ရှိ​၏။ ထို​ကျောက်​များ​အ​ပေါ်​တွင်​သိုး​သူ​ငယ်​တော်​၏ တ​မန်​တော်​တစ်​ဆယ့်​နှစ်​ပါး​တို့​၏​နာ​မည်​များ ကို​ရေး​ထား​လျက်​ရှိ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဗျာ​ဒိတ် 21