ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဗျာ​ဒိတ် 21:18-27 Common Language Bible (BCL)

18. မြို့​ရိုး​ကို​နဂါး​သွဲ့​ကျောက်​ဖြင့်​ဆောက်​လုပ်​ထား​၏။ မြို့​တော်​ကြီး​ကား​ဖန်​ရောင်​ထ​နေ​သော​ရွှေ​စင်​ဖြင့် ပြီး​၏။-

19. မြို့​ရိုး​အုတ်​မြစ်​များ​ကို​ကျောက်​မျက်​ရ​တ​နာ အ​မျိုး​မျိုး​တို့​ဖြင့်​ခြယ်​လှယ်​ထား​၏။ ပ​ထ​မ​အုတ် မြစ်​မှာ​န​ဂါး​သွဲ့​ကျောက်၊ ဒု​တိ​ယ​အုတ်​မြစ်​မှာ နီလာ၊ တ​တိ​ယ​အုတ်​မြစ်​မှာ​မ​ဟူ​ရာ၊ စ​တုတ္ထ အုတ်​မြစ်​မှာ​မြ၊-

20. ပဉ္စမ​အုတ်​မြစ်​မှာ​ကြောင်၊ ဆ​ဋ္ဌ​မ​အုတ်​မြစ်​မှာ​ပတ္တမြား၊ သတ္တမ​အုတ်​မြစ်​မှာ​ဂေါ​ဒန်​ကျောက်၊ အ​ဋ္ဌ​မ​အုတ်​မြစ် မှာ​မျက်​ရွဲ၊ န​ဝ​မ​အုတ်​မြစ်​မှာ​ဥ​ဿ​ဖ​ရား၊ ဒ​သ​မ အုတ်​မြစ်​မှာ​မ​ဟူ​ရာ​စိမ်း၊ ဧ​က​ဒ​သ​မ​အုတ်​မြစ် မှာ​စိမ်း​ပြာ​ကျောက်၊ ဒွါ​ဒ​သ​မ​အုတ်​မြစ်​မှာ​ဂေါ် မုတ်​ဖြစ်​သ​တည်း။-

21. မြို့​တံ​ခါး​တစ်​ခု​လျှင်​ပု​လဲ​တစ်​လုံး​ဖြင့်​ပြု​လုပ် ထား​သ​ဖြင့် မြို့​တံ​ခါး​တစ်​ဆယ့်​နှစ်​ခု​တို့​သည်​ပု​လဲ တစ်​ဆယ့်​နှစ်​လုံး​ဖြစ်​ကြ​၏။ မြို့​၏​လမ်း​တို့​ကို​လည်း ကြည်​လင်​သည့်​ဖန်​ကဲ့​သို့​ရွှေ​စင်​ဖြင့်​ပြု​လုပ်​ထား လေ​သည်။

22. ထို​မြို့​တော်​ထဲ​တွင်​ဗိ​မာန်​တော်​ကို​ငါ​မ​တွေ့​ရ။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​မြို့​၏​ဗိ​မာန်​တော်​သည် အနန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင် နှင့်​သိုး​သူ​ငယ်​တို့​ဖြစ်​သော​ကြောင့်​တည်း။-

23. ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော်​သည်​ထို​မြို့ အ​ပေါ်​သို့​ထွန်း​လင်း​၍​သိုး​သူ​ငယ်​တော်​သည်​ထို မြို့​၏​ဆီ​မီး​ဖြစ်​သ​ဖြင့် ထို​မြို့​သည်​နေ​၏ အ​ရောင်၊ လ​၏​အ​ရောင်​ကို​မ​လို။-

24. လူ​မျိုး​တ​ကာ​တို့​သည်​ထို​မြို့​၏​အ​လင်း​ရောင်​ကို အ​မှီ​ပြု​၍​သွား​လာ​ကြ​လိမ့်​မည်။ ကမ္ဘာ​ပေါ်​ရှိ​ရှင် ဘု​ရင်​တို့​သည်​လည်း​မိ​မိ​တို့​၏​စည်း​စိမ်​ဥစ္စာ​များ ကို​ထို​မြို့​သို့​ယူ​ဆောင်​လာ​ကြ​လိမ့်​မည်။-

25. မြို့​တံ​ခါး​တို့​ကို​တစ်​နေ့​လုံး​ဖွင့်​ထား​လိမ့်​မည်။ ထို မြို့​၌​ည​အ​ချိန်​မ​ရှိ​သ​ဖြင့်​မြို့​တံ​ခါး​တို့​ကို အ​ဘယ်​အ​ခါ​၌​မျှ​ပိတ်​ထား​လိမ့်​မည်​မ​ဟုတ်။-

26. လူ​မျိုး​တ​ကာ​တို့​သည်​မိ​မိ​တို့​၏​ဘုန်း​အ​သ​ရေ နှင့်​စည်း​စိမ်​ဥစ္စာ​များ​ကို​ထို​မြို့​သို့​ယူ​ဆောင်​လာ ကြ​လိမ့်​မည်။-

27. သို့​ရာ​တွင်​အ​ဘယ်​ညစ်​ညမ်း​သည့်​အ​ရာ​မျှ​ထို မြို့​တွင်း​သို့​ဝင်​ရ​လိမ့်​မည်​မ​ဟုတ်။ စက်​ဆုပ်​ရွံ​ရှာ ဖွယ်​သော​အ​မှု​ကို​ပြု​သူ၊ လိမ်​လည်​ပြော​ဆို​သူ မှန်​သ​မျှ​သည်​လည်း​ဝင်​ခွင့်​ရ​လိမ့်​မည်​မ​ဟုတ်။ သိုး​သူ​ငယ်​တော်​၏​အ​သက်​စာ​စောင်​စာ​ရင်း တွင်​ပါ​သူ​များ​သာ​လျှင်​ဝင်​ရ​ကြ​လိမ့်​မည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဗျာ​ဒိတ် 21