ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဗျာ​ဒိတ် 19:1-9 Common Language Bible (BCL)

1. ထို​နောက်​ကောင်း​ကင်​ပ​ရိ​သတ်​ကြီး​မှ ထွက် ပေါ်​လာ​သော​အ​သံ​နှင့်​တူ​သည့်​အ​သံ​ကို​ငါ ကြား​ရ​၏။ ထို​သူ​တို့​က``ဘု​ရား​သ​ခင်​၏​ဂုဏ် တော်​ကို​ချီး​မွမ်း​ကြ​လော့။ ငါ​တို့​ဘု​ရား​သ​ခင် သည်​ကယ်​တင်​တော်​မူ​သော​အ​ရှင်၊ ဘုန်း​အ​သ ရေ​တော်၊ တန်​ခိုး​တော်​နှင့်​ပြည့်​စုံ​တော်​မူ​သော အ​ရှင်​ဖြစ်​တော်​မူ​ပါ​၏။-

2. ကိုယ်​တော်​၏​တ​ရား​စီ​ရင်​တော်​မူ​ချက်​တို့​သည် ဖြောင့်​မှန်​ပါ​၏။ မိ​မိ​၏​ကာ​မ​ဂုဏ်​စည်း​စိမ်​အား ဖြင့် ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား​ဖောက်​ပြန်​ပျက်​စီး စေ​သည့်​ပြည့်​တန်​ဆာ​မ​ကြီး​အား အ​ပြစ်​ဒဏ် ခတ်​တော်​မူ​ပြီ။ ကိုယ်​တော်​၏​အ​စေ​ခံ​တို့​အား သတ်​ခဲ့​သော​ကြောင့် ဒဏ်​ခတ်​တော်​မူ​ပြီ'' ဟု ကြွေး​ကြော်​ကြ​၏။-

3. တစ်​ဖန်​ထို​သူ​တို့​၏``ဘု​ရား​သ​ခင်​၏​ဂုဏ်​တော် ကို​ချီး​မွမ်း​ကြ​လော့'' ထို​မြို့​မှ​မီး​ခိုး​တို့​သည် ထာ​ဝ​စဉ်​လွင့်​တက်​လျက်​ရှိ​၏'' ဟု​ကြွေး​ကြော် ကြ​ပြန်​၏။-

4. ထို​အ​ခါ​အ​ကြီး​အ​ကဲ​နှစ်​ဆယ့်​လေး​ပါး​နှင့် သက် ရှိ​သတ္တ​ဝါ​လေး​ပါး​တို့​က``အာ​မင်၊ ဘု​ရား​သ​ခင် ၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့'' ဟု​ဆို​ကာ​ပလ္လင် တော်​ပေါ်​တွင် စံ​နေ​တော်​မူ​သော​ဘု​ရား​သ​ခင် အား​ပျပ်​ဝပ်​ရှိ​ခိုး​ကြ​၏။

5. ``ဘု​ရား​သခင်​၏​အ​စေ​ခံ​အ​ပေါင်း​တို့၊ ကိုယ်​တော် ကို​ကြောက်​ရွံ့​ရို​သေ​သူ​အ​ကြီး​အ​ငယ်​အ​ပေါင်း တို့၊ ငါ​တို့​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း ကြ​လော့'' ဟု​ပလ္လင်​တော်​မှ​အ​သံ​ထွက်​ပေါ်​လာ​၏။-

6. ထို​နောက်​လူ​ပ​ရိ​သတ်​ကြီး​၏​အ​သံ​ကဲ့​သို့​လည်း ကောင်း၊ အ​ဟုန်​ဖြင့်​စီး​သော​ရေ​သံ​နှင့်​မိုး​ချုန်း​သံ ကဲ့​သို့​လည်း​ကောင်း​ထွက်​ပေါ်​လာ​သော​အ​သံ ကို​ငါ​ကြား​ရ​၏။ ထို​အ​သံ​ကြီး​က``ဘု​ရား သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။ အ​နန္တ တန်​ခိုး​နှင့်​ပြည့်​စုံ​တော်​မူ​သော​ထာ​ဝ​ရ​အ​ရှင် ငါ​တို့​၏​ဘု​ရား​သ​ခင်​သည်​စိုး​စံ​တော်​မူ​လေ​ပြီ။-

7. သိုး​သူ​ငယ်​တော်​၏​ထိမ်း​မြား​မင်္ဂလာ​ပွဲ​အ​ခါ ကျ​ရောက်​ပြီ​ဖြစ်​၍​ငါ​တို့​သည်​ရွှင်​လန်း​ဝမ်း မြောက်​လျက် ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​မွမ်း ကြ​ကုန်​အံ့။ ကိုယ်​တော်​၏​မင်္ဂ​လာ​ဆောင်​သ​တို့ သ​မီး​သည်​မိ​မိ​ကိုယ်​ကို​အ​သင့်​ပြင်​ဆင် ထား​လေ​ပြီ။-

8. သူ​သည်​ဝတ်​ဆင်​ရန်​တောက်​ပ​ဖြူ​စင်​သော​ပိတ် ချော​ထည်​ကို​ရ​ရှိ​ထား​ပြီ'' ဟု​ဆို​၏။ (ထို​ပိတ် ချော​ထည်​ကား​ဘု​ရား​သ​ခင်​လူ​စု​ဝင်​တို့​၏ မွန်​မြတ်​သည့်​အ​ကျင့်​များ​ကို​ဆို​လို​သ​တည်း။)

9. ထို​နောက်​ကောင်း​ကင်​တ​မန်​က``သိုး​သူ​ငယ်​တော် ၏​ထိမ်း​မြား​မင်္ဂ​လာ​ပွဲ​သို့​ဖိတ်​ခေါ်​ခြင်း​ခံ​ရ​သူ တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏​ဟု​ရေး​မှတ်​ထား​လော့'' ဟူ​၍​လည်း​ကောင်း``ဤ​စ​ကား​သည်​ဘု​ရား​သ​ခင် ၏​နှုတ်​တော်​ထွက်​စ​ကား​ပင်​ဖြစ်​၏'' ဟူ​၍​လည်း ကောင်း​ငါ့​အား​မြွက်​ဆို​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဗျာ​ဒိတ် 19