6. သင်တို့အားသူပြုကျင့်သည့်အတိုင်း သူ့အားလက်စားချေကြလော့။သူပြုကျင့်သည်ထက်နှစ်ဆလက်စားချေ ကြလော့။သင်တို့အတွက်ဖလားတွင်သူရောစပ်ပေးသည့်သောက်သုံးစရာထက်နှစ်ဆပြင်းအောင်သူ့ အတွက် ရောစပ်ပေးကြလော့။
7. သူသည်မိမိကိုယ်ကိုချီးမြှောက်၍ကာမဂုဏ် စည်းစိမ်ခံစားသည်နှင့်အမျှသူ့အားဝမ်းနည်းကြေကွဲဆင်းရဲ ဒုက္ခရောက်စေကြလော့။အဘယ်ကြောင့်ဆိုသော်သူက``ငါသည် မိဖုရားဖြစ်၏။ မုဆိုးမမဟုတ်။ငါသည်အဘယ်အခါ၌မျှဝမ်းနည်းကြေကွဲ ရလိမ့်မည်မဟုတ်'' ဟုမိမိကိုယ်ကိုပြောဆိုနေတတ်သောကြောင့်ဖြစ်၏။
8. ဤအကြောင်းကြောင့်ရောဂါဘေး၊ ဝမ်းနည်းကြေကွဲခြင်းဘေး၊အစာငတ်မွတ်ခေါင်းပါးခြင်းဘေးများသည်သူ၏အပေါ်သို့တစ်ရက်အတွင်း ကျရောက်လာလိမ့်မည်။သူသည်မီးရှို့ခြင်းကိုခံရလိမ့်မည်။အဘယ်ကြောင့်ဆိုသော်သူ့အားတရားစီရင်တော်မူသောထာဝရအရှင် ဘုရားသခင်သည်တန်ခိုးကြီးတော်မူသောကြောင့်ဖြစ်သတည်း'' ဟုဆို၏။
9. သူနှင့်ကာမဂုဏ်စည်းစိမ်ခံစားခဲ့ကြသောကမ္ဘာ တစ်ဝန်းလုံးရှိဘုရင်တို့သည် သူ့ကိုကျွမ်းလောင် လျက်ရှိသည့်မီးမှမီးခိုးများကိုမြင်သော အခါငိုကြွေးမြည်တမ်းကြလိမ့်မည်။-
10. သူတို့သည်သူခံရသကဲ့သို့ခံရမည်ကို ကြောက်ရွံ့တုန်လှုပ်ကာအဝေးမှရပ်လျက်``တန်ခိုး ကြီးသည့်မြို့၊ ကြီးမြတ်သည့်ဗာဗုလုန်မြို့၊ ဖြစ် ရလေခြင်း၊ ဖြစ်ရလေခြင်း။ သင်သည်တစ်နာရီ အတွင်း၌အပြစ်ဒဏ်စီရင်ခြင်းကိုခံရလေ ပြီတကား'' ဟုဆိုကြ၏။
11. ကမ္ဘာပေါ်ရှိကုန်သည်ကြီးတို့သည်လည်းမိမိ တို့ကုန်ပစ္စည်းများကိုဝယ်ယူမည့်သူတစ်ယောက် မျှမရှိတော့သဖြင့်ငိုကြွေးမြည်တမ်း၍ဝမ်း နည်းပူဆွေးကြ၏။-
12. သူတို့၏ကုန်ပစ္စည်းများကားရွှေ၊ ငွေ၊ ကျောက်မျက် ရတနာ၊ ပုလဲ၊ ပိတ်ချောထည်၊ မရမ်းစေ့ရောင်ပိုး ထည်၊ ဖဲနီထည်၊ နံ့သာသားအမျိုးမျိုး၊ ဆင်စွယ်၊ အဖိုးတန်သစ်သား၊ ကြေး၊ သံ၊ ကျောက်ဖြူတို့ ဖြင့်ပြုလုပ်ထားသည့်ပစ္စည်းအမျိုးမျိုး၊-
13. သစ်ကြံပိုး၊ ဟင်းခပ်အမွှေးအကြိုင်၊ နံ့သာပေါင်း၊ မုရန်၊ ဆီမွှေး။ လော်ဗန်၊ စပျစ်ရည်၊ ဆီ၊ ဂျုံမှုန့်၊ ဂျုံဆန်၊ ကျွဲ၊ နွား၊ သိုး၊ မြင်း၊ ရထား၊ ကျွန်၊ လူ့အသက်များ ပင်ဖြစ်လေသည်။-
14. ကုန်သည်ကြီးများကထိုမြို့အား``သင်လိုချင် တောင့်တသည့်အရာများသည်မရှိတော့ပြီ။ စည်း စိမ်ချမ်းသာဂုဏ်ကျက်သရေတို့သည်လည်းကွယ် ပျောက်သွားလေပြီ။ ထိုအရာများကိုသင်သည် နောက်တစ်ဖန်ရရှိတော့မည်မဟုတ်'' ဟုဆို ကြ၏။-
15. ဗာဗုလုန်မြို့ကိုအမှီပြု၍ထိုကုန်ပစ္စည်းများ ကိုရောင်းဝယ်ခြင်းအားဖြင့်ချမ်းသာကြွယ်ဝ လာသောကုန်သည်ကြီးများသည်ထိုမြို့ခံရ သည့်ဒဏ်ကြောင့်ကြောက်ရွံ့တုန်လှုပ်ကာအဝေး မှရပ်လျက်၊-