ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဗျာ​ဒိတ် 18:4-11 Common Language Bible (BCL)

4. ထို​နောက်​ကောင်း​ကင်​ဘုံ​က​အ​ခြား​သော​အ​သံ ကို​ငါ​ကြား​ရ​၏။ ထို​အ​သံ​က၊``ထွက်​ခဲ့​ကြ​လော့။ ငါ​၏​လူ​စု​တော်​တို့၊ သူ့​ထံ​မှ​ထွက်​ခဲ့​ကြ​လော့။သူ​နှင့်​အ​တူ​အ​ပြစ်​မ​ကူး​ကြ​နှင့်။သူ​နှင့်​အ​တူ​အ​ပြစ်​ဒဏ်​ကို​မ​ခံ​ကြ​နှင့်။

5. အ​ဘယ်​ကြောင့်​ဆို​သော်​သူ​၏​အ​ပြစ်​သည် မိုး​ကောင်း​ကင်​တိုင်​အောင်​မြင့်​မား​၍သူ​၏​ဆိုး​ယုတ်​သော​အ​ပြု​အ​မူ​များ​ကိုဘု​ရား​သ​ခင်​သ​တိ​ရ​တော်​မူ​လေ​ပြီ ဖြစ်​သော​ကြောင့်​တည်း။

6. သင်​တို့​အား​သူ​ပြု​ကျင့်​သည့်​အ​တိုင်း သူ့​အား​လက်​စား​ချေ​ကြ​လော့။သူ​ပြု​ကျင့်​သည်​ထက်​နှစ်​ဆ​လက်​စား​ချေ ကြ​လော့။သင်​တို့​အ​တွက်​ဖ​လား​တွင်​သူ​ရော​စပ်​ပေး​သည့်သောက်​သုံး​စ​ရာ​ထက်​နှစ်​ဆ​ပြင်း​အောင်​သူ့ အ​တွက် ရော​စပ်​ပေး​ကြ​လော့။

7. သူ​သည်​မိ​မိ​ကိုယ်​ကို​ချီး​မြှောက်​၍​ကာ​မ​ဂုဏ် စည်း​စိမ်​ခံ​စား​သည်​နှင့်​အ​မျှသူ့​အား​ဝမ်း​နည်း​ကြေ​ကွဲ​ဆင်း​ရဲ ဒုက္ခ​ရောက်​စေ​ကြ​လော့။အ​ဘယ်​ကြောင့်​ဆို​သော်​သူ​က``ငါ​သည် မိ​ဖု​ရား​ဖြစ်​၏။ မု​ဆိုး​မ​မ​ဟုတ်။ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​ဝမ်း​နည်း​ကြေ​ကွဲ ရ​လိမ့်​မည်​မ​ဟုတ်'' ဟုမိ​မိ​ကိုယ်​ကို​ပြော​ဆို​နေ​တတ်​သော​ကြောင့်​ဖြစ်​၏။

8. ဤ​အ​ကြောင်း​ကြောင့်​ရော​ဂါ​ဘေး၊ ဝမ်း​နည်း​ကြေ​ကွဲ​ခြင်း​ဘေး၊အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​များ​သည်သူ​၏​အ​ပေါ်​သို့​တစ်​ရက်​အ​တွင်း ကျ​ရောက်​လာ​လိမ့်​မည်။သူ​သည်​မီး​ရှို့​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။အ​ဘယ်​ကြောင့်​ဆို​သော်​သူ့​အားတ​ရား​စီ​ရင်​တော်​မူ​သော​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​သည်တန်​ခိုး​ကြီး​တော်​မူ​သော​ကြောင့်​ဖြစ်​သ​တည်း'' ဟု​ဆို​၏။

9. သူ​နှင့်​ကာ​မ​ဂုဏ်​စည်း​စိမ်​ခံ​စား​ခဲ့​ကြ​သော​ကမ္ဘာ တစ်​ဝန်း​လုံး​ရှိ​ဘု​ရင်​တို့​သည် သူ့​ကို​ကျွမ်း​လောင် လျက်​ရှိ​သည့်​မီး​မှ​မီး​ခိုး​များ​ကို​မြင်​သော အ​ခါ​ငို​ကြွေး​မြည်​တမ်း​ကြ​လိမ့်​မည်။-

10. သူ​တို့​သည်​သူ​ခံ​ရ​သ​ကဲ့​သို့​ခံ​ရ​မည်​ကို ကြောက်​ရွံ့​တုန်​လှုပ်​ကာ​အ​ဝေး​မှ​ရပ်​လျက်``တန်​ခိုး ကြီး​သည့်​မြို့၊ ကြီး​မြတ်​သည့်​ဗာ​ဗု​လုန်​မြို့၊ ဖြစ် ရ​လေ​ခြင်း၊ ဖြစ်​ရ​လေ​ခြင်း။ သင်​သည်​တစ်​နာ​ရီ အ​တွင်း​၌​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​လေ ပြီ​တ​ကား'' ဟု​ဆို​ကြ​၏။

11. ကမ္ဘာ​ပေါ်​ရှိ​ကုန်​သည်​ကြီး​တို့​သည်​လည်း​မိ​မိ တို့​ကုန်​ပစ္စည်း​များ​ကို​ဝယ်​ယူ​မည့်​သူ​တစ်​ယောက် မျှ​မ​ရှိ​တော့​သ​ဖြင့်​ငို​ကြွေး​မြည်​တမ်း​၍​ဝမ်း နည်း​ပူ​ဆွေး​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဗျာ​ဒိတ် 18