ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဗျာ​ဒိတ် 12:10-18 Common Language Bible (BCL)

10. ထို​နောက်​ကောင်း​ကင်​မှ​ကျယ်​စွာ​သော​အ​သံ က``ယ​ခု​အ​ခါ​ဘု​ရား​သ​ခင်​၏​ကယ်​တင် ခြင်း​သက်​ရောက်​လာ​လေ​ပြီ။ ယ​ခု​အ​ခါ ဘု​ရား​သ​ခင်​သည်​ဘု​ရင်​ဖြစ်​ကြောင်း​ပြ​သ တော်​မူ​ပြီ။ ခ​ရစ်​တော်​သည်​လည်း​သူ​၏​အာ ဏာ​တော်​စက်​ကို​ပြ​တော်​မူ​ပြီ။ အ​ဘယ် ကြောင့်​ဆို​သော်​ငါ​တို့​၏​ညီ​အစ်​ကို​များ အား​နေ့​ရော​ညဥ့်​ပါ ငါ​တို့​၏​ဘု​ရား​သ​ခင် ရှေ့​တော်​တွင် ပြစ်​တင်​စွပ်​စွဲ​လျက်​နေ​သူ​ကို ကောင်း​ကင်​ဘုံ​မှ​နှင်​ထုတ်​လိုက်​ပြီ​ဖြစ်​သော ကြောင့်​တည်း။-

11. ငါ​တို့​၏​ညီ​အစ်​ကို​များ​သည်​သိုး​သူ​ငယ် တော်​၏​သွေး​တော်​အား​ဖြင့်​လည်း​ကောင်း၊ မိ​မိ တို့​ဟော​ပြော​ကြေ​ညာ​သည့်​နှုတ်​က​ပတ် တ​ရား​တော်​အား​ဖြင့်​လည်း​ကောင်း​စာ​တန် ကို​အောင်​မြင်​ခဲ့​ကြ​၏။ သူ​တို့​သည်​အ​သေ ခံ​သည်​တိုင်​အောင်​မိ​မိ​တို့​အ​သက်​ကို မ​နှ​မြော​ကြ။-

12. သို့​ဖြစ်​၍​အ​ချင်း​မိုး​ကောင်း​ကင်​နှင့်​ကောင်း​ကင် သား​တို့၊ ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။ ကုန်း​မြေ နှင့်​ပင်​လယ်​တို့​အ​တွက်​အ​မင်္ဂလာ​ဖြစ်​ပါ​သည် တ​ကား။ အ​ဘယ်​ကြောင့်​ဆို​သော်​နတ်​မိစ္ဆာ​ဘု​ရင် သည် မိ​မိ​၏​နေ့​ရက်​ကာ​လ​အ​နည်း​ငယ်​သာ ကျန်​ရှိ​သည်​ကို​သိ​သ​ဖြင့်​ပြင်း​စွာ​အ​မျက် ထွက်​လျက် သင်​တို့​ထံ​သို့​ရောက်​ရှိ​လာ​ပြီ ဖြစ်​သော​ကြောင့်​တည်း'' ဟု​ပြော​သည်​ကို ငါ​ကြား​ရ​၏။

13. မိ​မိ​သည်​ကမ္ဘာ​မြေ​ပေါ်​သို့​ပစ်​ချ​ခြင်း​ခံ​ရ သည်​ကို​န​ဂါး​သိ​သော​အ​ခါ သား​ယောကျာ်း လေး​ဖွား​မြင်​သူ​အ​မျိုး​သ​မီး​အား​လိုက် ၍​ဖမ်း​လေ​၏။-

14. အ​မျိုး​သ​မီး​သည်​တော​ကန္တာ​ရ​ရှိ​မိ​မိ​အရပ် သို့​ပျံ​သန်း​သွား​နိုင်​ရန် လင်း​ယုန်​ကြီး​၏​အ​တောင် နှစ်​ခု​ကို​ရ​ရှိ​ထား​သည်။ သူ​သည်​ထို​အ​ရပ်​တွင် သုံး​နှစ်​ခွဲ​တိုင်​တိုင် န​ဂါး​၏​ဘေး​မှ​ကင်း​လွတ် လုံ​ခြုံ​လျက်​ပြု​စု​စောင့်​ရှောက်​ခြင်း​ကို​ခံ​ရ မည်​ဖြစ်​၏။-

15. နဂါး​သည်​အ​မျိုး​သ​မီး​အား​ရေ​အ​ဟုန်​တွင် မျော​ပါ​သွား​စေ​ရန် မိ​မိ​၏​ခံ​တွင်း​မှ​ရေ​ကို မြစ်​သ​ဖွယ်​မှုတ်​ထုတ်​လိုက်​၏။-

16. သို့​ရာ​တွင်​မြေ​ကြီး​သည်​မိ​မိ​၏​ခံ​တွင်း​ကို ဖွင့်​၍ န​ဂါး​မှုတ်​ထုတ်​လိုက်​သော​မြစ်​ရေ​ကို မျို​ချ​ကာ​အ​မျိုး​သ​မီး​အား​ကယ်​ဆယ် လိုက်​သည်။-

17. ထို​အ​ခါ​န​ဂါး​သည်​အ​မျက်​ထွက်​သ​ဖြင့် အ​မျိုး​သ​မီး​၏​ကျန်​ကြွင်း​နေ​သေး​သော သား​မြေး​များ​တည်း​ဟူ​သော ဘု​ရား​သ​ခင် ၏​ပ​ညတ်​တော်​တို့​ကို​စောင့်​ရှောက်​၍​သ​ခင် ယေ​ရှု​ဖော်​ပြ​တော်​မူ​သော သမ္မာ​တ​ရား​တော် ကို​သစ္စာ​ရှိ​စွာ​ထိန်း​သိမ်း​သူ​များ​အား​တိုက် ခိုက်​ရန်​ထွက်​ခွာ​သွား​၏။-

18. နဂါး​သည်​ပင်​လယ်​ကမ်း​ခြေ​တွင်​ရပ်​လျက်​နေ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဗျာ​ဒိတ် 12