ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဗျာ​ဒိတ် 1:5-15 Common Language Bible (BCL)

5. သစ္စာ​ရှိ​စွာ​သက်​သေ​ခံ​တော်​မူ​ထ​သော၊ သေ ခြင်း​မှ​ဦး​စွာ​ပ​ထ​မ​ရှင်​ပြန်​ထ​မြောက်​တော် မူ​ထ​သော၊ လော​ကီ​ဘု​ရင်​တို့​ကို​အ​စိုး​ရ တော်​မူ​ထ​သော​ယေ​ရှု​ခ​ရစ်​ထံ​တော်​မှ​လည်း ကောင်း ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို သင်​တို့​ခံ​စား​ရ​ကြ​ပါ​စေ​သ​တည်း။ငါ​တို့​ကို​ချစ်​တော်​မူ​၍​အ​သက်​တော်​ကို​စွန့် တော်​မူ​ခြင်း​အား​ဖြင့် ငါ​တို့​အား​အ​ပြစ်​၏ အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက်​စေ​တော်​မူ​ပြီး လျှင်၊-

6. မိ​မိ​၏​ခ​မည်း​တော်​ဘု​ရား​သခင်​၏​အ​မှု​တော် ကို​ဆောင်​ရွက်​နိုင်​စေ​ရန် ငါ​တို့​အား​ရှင်​ဘု​ရင် အ​ရာ​ကို​လည်း​ကောင်း၊ ယဇ်​ပု​ရော​ဟိတ်​အ​ရာ ကို​လည်း​ကောင်း​ပေး​အပ်​တော်​မူ​သော​ယေ​ရှု ခ​ရစ်​သည်​ကမ္ဘာ​အ​ဆက်​ဆက်​ဘုန်း​အ​သ​ရေ၊ တန်​ခိုး​အာ​နု​ဘော်​တော်​ရှိ​တော်​မူ​ပါ​စေ သ​တည်း။ အာ​မင်။

7. ကြည့်​ရှု​လော့။ ကိုယ်​တော်​သည်​မိုး​တိမ်​စီး​၍​ကြွ လာ​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​အား​လှံ​ဖြင့် ထိုး​ဖောက်​ခဲ့​သူ​များ​ပါ​မ​ကျန် လူ​အ​ပေါင်း တို့​သည်​ကိုယ်​တော်​ကို​ဖူး​မြင်​ကြ​ရ​လိမ့်​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​ရှိ​သ​မျှ​တို့​သည်​ဝမ်း နည်း​ကြေ​ကွဲ​ကြ​လိမ့်​မည်။ ထို​အ​တိုင်း ဖြစ်​ပါ​စေ​သော။

8. ပစ္စုပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ​အ​စဉ်​ရှိ​နေ တော်​မူ​သော​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်​က``ငါ​သည်​အ​စ​နှင့်​အ​ဆုံး ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

9. ငါ​ကား​နိုင်​ငံ​တော်​သား​များ​ခံ​ရ​သည့်​ဆင်း ရဲ​ဒုက္ခ​ကို သင်​တို့​နှင့်​အ​တူ​သည်း​ခံ​နေ​ရ​သူ၊ သင်​တို့​၏​အစ်​ကို​ယော​ဟန်​ဖြစ်​၏။ ငါ​သည် ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော်​နှင့်​သ​ခင် ယေ​ရှု​ဖော်​ပြ​သက်​သေ​ခံ​သည့်​သမ္မာ​တ​ရား ကို​ဟော​ပြော​ကြေ​ညာ​သည့်​အ​တွက်​ပတ်​မု ကျွန်း​သို့​အ​ပို့​ခံ​ရ​၏။-

10. သ​ခင်​ဘု​ရား​နေ့​၌​ဝိ​ညာဉ်​တော်​သည် ငါ့ အ​ပေါ်​သို့​သက်​ရောက်​တော်​မူ​လျက် ငါ​သည် တံ​ပိုး​ခ​ရာ​သံ​နှင့်​တူ​သော​အ​သံ​ကြီး တစ်​ခု​ကို​ငါ့​နောက်​၌​ကြား​ရ​၏။-

11. ထို​အ​သံ​က``သင်​မြင်​ရ​သည့်​အ​ရာ​ကို​စာ စောင်​တွင်​ရေး​သား​၍​ဧ​ဖက်​မြို့၊ စ​မု​ရ​န​မြို့၊ ပေ​ရ​ဂံ​မြို့၊ သွာ​တိ​ရ​မြို့၊ သာ​ဒိ​မြို့၊ ဖိ​လ ဒေ​ဖိ​မြို့၊ လော​ဒိ​ကိ​မြို့​များ​ရှိ​အ​သင်း​တော် ခု​နစ်​ပါး​သို့​ပေး​ပို့​လော့'' ဟု​ဆို​၏။

12. ထို​သို့​ငါ့​အား​ပြော​နေ​သော​အ​သံ​သည်​မည် သူ​၏​အ​သံ​ဖြစ်​ပါ​သ​နည်း​ဟု လှည့်​၍​ကြည့် လိုက်​သော​အ​ခါ ငါ​သည်​မီး​ခွက်​ခု​နစ်​လုံး ကို​လည်း​ကောင်း၊-

13. ထို​မီး​ခွက်​များ​အ​လယ်​၌​လူ​နှင့်​တူ​သူ​တစ် ဦး​ကို​လည်း​ကောင်း​တွေ့​ရ​၏။ ထို​သူ​သည်​ခြေ ဖျား​တိုင်​အောင်​ရောက်​သည့်​ဝတ်​လုံ​ရှည်​ကို​ခြုံ ၍​ရွှေ​ရင်​စည်း​ကို​ဝတ်​ဆင်​ထား​၏။-

14. သူ​၏​ဆံ​ပင်​သည်​မိုး​ပွင့်​ကဲ့​သို့​လည်း​ကောင်း၊ သိုး​မွေး​ကဲ့​သို့​လည်း​ကောင်း​ဖြူ​၏။ သူ​၏​မျက် လုံး​များ​သည်​လည်း​မီး​လျှံ​ကဲ့​သို့​တောက်ပ လျက်​နေ​၏။-

15. သူ​၏​ခြေ​တို့​သည်​မီး​ဖြင့်​ချွတ်​ထား​သည့် တောက်​ပ​သော​ကြေး​ဝါ​နှင့်​တူ​၏။ သူ​၏​အ​သံ မှာ​ရေ​တံ​ခွန်​ကြီး​၏​အ​သံ​နှင့်​တူ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဗျာ​ဒိတ် 1