12. ထိုသို့ငါ့အားပြောနေသောအသံသည်မည် သူ၏အသံဖြစ်ပါသနည်းဟု လှည့်၍ကြည့် လိုက်သောအခါ ငါသည်မီးခွက်ခုနစ်လုံး ကိုလည်းကောင်း၊-
13. ထိုမီးခွက်များအလယ်၌လူနှင့်တူသူတစ် ဦးကိုလည်းကောင်းတွေ့ရ၏။ ထိုသူသည်ခြေ ဖျားတိုင်အောင်ရောက်သည့်ဝတ်လုံရှည်ကိုခြုံ ၍ရွှေရင်စည်းကိုဝတ်ဆင်ထား၏။-
14. သူ၏ဆံပင်သည်မိုးပွင့်ကဲ့သို့လည်းကောင်း၊ သိုးမွေးကဲ့သို့လည်းကောင်းဖြူ၏။ သူ၏မျက် လုံးများသည်လည်းမီးလျှံကဲ့သို့တောက်ပ လျက်နေ၏။-
15. သူ၏ခြေတို့သည်မီးဖြင့်ချွတ်ထားသည့် တောက်ပသောကြေးဝါနှင့်တူ၏။ သူ၏အသံ မှာရေတံခွန်ကြီး၏အသံနှင့်တူ၏။-
16. သူသည်လက်ယာလက်ဖြင့်ကြယ်ခုနစ်လုံး ကိုကိုင်၍ထား၏။ သူ၏ခံတွင်းမှထက်သော သန်လျက်ထွက်လာ၏။ သူ၏မျက်နှာသည် လည်းမွန်းတည့်နေကဲ့သို့တောက်ပ၏။-
17. ထိုအရှင်ကိုတွေ့သောအခါငါသည်သူသေ သဖွယ် ခြေတော်ရင်း၌လဲကျသွားလေသည်။ ကိုယ်တော်သည်ငါ့အပေါ်သို့လက်ယာလက် တော်ကိုတင်တော်မူပြီးလျှင်``မကြောက်နှင့် ငါသည်အစနှင့်အဆုံးဖြစ်၏။-
18. ငါသည်အသက်ရှင်တော်မူသောသူဖြစ်၏။ ငါ သည်သေခဲ့၏။ ယခုမှာမူကမ္ဘာအဆက်ဆက် အသက်ရှင်လျက်ရှိ၏။ ငါသည်သေခြင်းတရား နှင့်မရဏာနိုင်ငံကိုအစိုးရ၏။-
19. သင်တွေ့မြင်ရသည့်အမှုအရာများမှာ ယခု မျက်မှောက်နှင့်နောင်အခါ၌ဖြစ်ပျက်မည့်အမှု အရာများဖြစ်၏။ ထိုအရာများအကြောင်းကို ရေးထားလော့။-
20. ငါ၏လက်ယာတော်လက်တွင်သင်မြင်တွေ့ရ သည့်ကြယ်ခုနစ်လုံးနှင့် ရွှေမီးခွက်ခုနစ်ခု၏ လျှို့ဝှက်သည့်အနက်အဋ္ဌိပ္ပါယ်မှာ မီးခွက်ခုနစ် လုံးသည်အသင်းတော်ခုနစ်ပါးဖြစ်၍ ကြယ် ခုနစ်လုံးသည်ထိုအသင်းတော်ခုနစ်ပါးကို စောင့်သောကောင်းကင်တမန်ခုနစ်ပါးဖြစ် သတည်း'' ဟုမိန့်တော်မူ၏။