ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

ဗျာ​ဒိတ် 1:1-5 Common Language Bible (BCL)

1. ဤ​ကျမ်း​စောင်​တွင်​ယေ​ရှု​ခ​ရစ်​ပေး​တော်​မူ သော ဗျာ​ဒိတ်​တော်​အ​ကြောင်း​ကို​မှတ်​တမ်း တင်​ထား​၏။ ဘု​ရား​သ​ခင်​သည်​ခ​ရစ်​တော် အား​ဤ​ဗျာ​ဒိတ်​တော်​ကို​ပေး​ရ​ခြင်း​မှာ များ မ​ကြာ​မီ​ဖြစ်​ပျက်​ရ​မည့်​အ​မှု​အ​ရာ​များ ကို မိ​မိ​၏​အ​စေ​ခံ​တို့​အား​သိ​စေ​ရန်​ဖြစ် ပေ​သည်။ ခ​ရစ်​တော်​သည်​မိ​မိ​၏​အ​စေ​ခံ ယော​ဟန်​ထံ​သို့​ကောင်း​ကင်​တ​မန်​ကို​စေ လွှတ်​၍ ဤ​ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား​စေ တော်​မူ​၏။-

2. ယော​ဟန်​သည်​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ် တော်​နှင့် ယေ​ရှု​ခ​ရစ်​ဖော်​ပြ​တော်​မူ​သည့် သမ္မာ​တ​ရား​ကို မိ​မိ​တွေ့​မြင်​ကြား​သိ​ရ​သည် အ​တိုင်း​ဤ​စာ​စောင်​တွင်​ရေး​သား​ထား​ပေ သည်။-

3. ဖော်​ပြ​ပါ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​မည့် အ​ချိန်​နီး​ကပ်​လျက်​ရှိ​ပြီ​ဖြစ်​ရာ ဤ​ဗျာ​ဒိတ် ကျမ်း​ကို​ဖတ်​ရှု​သူ​များ​နှင့်​အ​ဆို​ပါ​အ​နာ ဂတ်​ကျမ်း​တွင် ရေး​သား​ပါ​ရှိ​သည့်​တ​ရား စ​ကား​များ​ကို​နာ​ယူ​ကျင့်​သုံး​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏။

4. ယော​ဟန်​ထံ​မှ​အာ​ရှ​နယ်​ပယ်​ရှိ​အ​သင်း​တော် ခု​နစ်​ပါး​သို့​စာ​ရေး​လိုက်​ပါ​သည်။ ပစ္စုပ္ပန်၊ အ​တိတ်၊ အ​နာ​ဂတ်​ကာ​လ​အ​စဉ်​ရှိ​တော်​မူ​သော​ဘု​ရား သ​ခင်​၏​ထံ​တော်​မှ​လည်း​ကောင်း၊ ပလ္လင်​တော်​ရှေ့ ၌​ရှိ​သည့်​ဝိ​ညာဉ်​ခု​နစ်​ပါး​ထံ​မှ​လည်း​ကောင်း၊-

5. သစ္စာ​ရှိ​စွာ​သက်​သေ​ခံ​တော်​မူ​ထ​သော၊ သေ ခြင်း​မှ​ဦး​စွာ​ပ​ထ​မ​ရှင်​ပြန်​ထ​မြောက်​တော် မူ​ထ​သော၊ လော​ကီ​ဘု​ရင်​တို့​ကို​အ​စိုး​ရ တော်​မူ​ထ​သော​ယေ​ရှု​ခ​ရစ်​ထံ​တော်​မှ​လည်း ကောင်း ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို သင်​တို့​ခံ​စား​ရ​ကြ​ပါ​စေ​သ​တည်း။ငါ​တို့​ကို​ချစ်​တော်​မူ​၍​အ​သက်​တော်​ကို​စွန့် တော်​မူ​ခြင်း​အား​ဖြင့် ငါ​တို့​အား​အ​ပြစ်​၏ အ​နှောင်​အ​ဖွဲ့​မှ​လွတ်​မြောက်​စေ​တော်​မူ​ပြီး လျှင်၊-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ ဗျာ​ဒိတ် 1