ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တိ​တု 2:4-11 Common Language Bible (BCL)

4. သို့​မှ​သာ​သူ​တို့​သည်​မိ​မိ​တို့​ထက်​အ​သက် ငယ်​ရွယ်​သူ​အ​မျိုး​သ​မီး​တို့​အား ကိုယ့်​ခင်​ပွန်း၊ သား​သ​မီး​များ​ကို​ချစ်​ခင်​မှု၊-

5. ဣန္ဒြေ​စောင့်​စည်း​မှု၊ ဖြူ​စင်​မှု၊ အိမ်​ရှင်​မ​ကောင်း ပီ​သ​မှု​နှင့်​ခင်​ပွန်း​သည်​၏​စ​ကား​ကို​နား ထောင်​မှု​တို့​ကို​လေ့​ကျင့်​သင်​ကြား​ပေး​နိုင်​မည်။ ဤ​နည်း​အား​ဖြင့်​ဘု​ရား​သ​ခင်​၏​တ​ရား တော်​ကို​ပုတ်​ခတ်​ပြော​ဆို​သူ​ရှိ​မည်​မ​ဟုတ် ပေ။

6. ထို​နည်း​တူ​စွာ​ငယ်​ရွယ်​သူ​အ​မျိုး​သား​များ အား​ဣန္ဒြေ​စောင့်​စည်း​ရန်​တိုက်​တွန်း​လော့။-

7. ကိစ္စ​အ​ဝ​ဝ​၌​သင်​ကိုယ်​တိုင်​ပင်​လျှင်​စံ​န​မူ နာ​ကောင်း​ကို​ပြ​လော့။ တည်​ကြည်​လေး​နက်​စွာ သြ​ဝါ​ဒ​ပေး​လော့။-

8. သင်​၏​ရန်​သူ​များ​သည်​ငါ​တို့​အား​အ​ဘယ် အ​မှု​တွင်​မျှ​အ​ပြစ်​ရှာ​၍​မ​ရ​သ​ဖြင့် အ​ရှက် ကွဲ​ကြ​စေ​ရန်​သင်​သည်​သူ​တစ်​ပါး​တို့​ပြစ် တင်​ဝေ​ဖန်​မှု​မ​ပြု​နိုင်​အောင်​လျောက်​ပတ်​သည့် စ​ကား​ကို​ပြော​ဆို​လော့။

9. အ​စေ​ခံ​ကျွန်​တို့​သည်​မိ​မိ​တို့​သ​ခင်​များ ၏​စ​ကား​ကို​နား​ထောင်​ရ​ကြ​မည်။ အ​စ​စ အ​ရာ​ရာ​တွင်​သခင်​တို့​နှစ်​သက်​အောင်​ပြု​ရ ကြ​မည်။ စ​ကား​တုံ့​ပြန်​ပြော​ဆို​မှု၊-

10. သို့​မ​ဟုတ်​ခိုး​ဝှက်​မှု​ကို​မ​ပြု​ရ။ ယင်း​သို့​ပြု မည့်​အ​စား​သူ​တို့​သည်​အ​စဉ်​ရိုး​သား​၍ သ​စ္စာ ရှိ​သူ​များ​ဖြစ်​ကြောင်း​ပေါ်​လွင်​စေ​ရ​မည်။ ဤ နည်း​အား​ဖြင့်​သူ​တို့​သည်​မိ​မိ​တို့​ပြု​သ​မျှ သော​အ​မှု​တို့​တွင် ငါ​တို့​ကယ်​တင်​ရှင်​ဘု​ရား သ​ခင်​၏​တ​ရား​တော်​အ​ရောင်​အ​ဝါ​ကို​ပို​မို​၍ ထွန်း​တောက်​စေ​ကြ​လိမ့်​မည်။

11. ဘု​ရား​သ​ခင်​သည်​လူ​သား​အ​ပေါင်း​တို့​အား ကယ်​တင်​ရန်​အ​တွက် မိ​မိ​၏​ကျေး​ဇူး​တော်​ကို ပေါ်​လွင်​ထင်​ရှား​စေ​တော်​မူ​ပြီ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တိ​တု 2