ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တိ​တု 2:1-6 Common Language Bible (BCL)

1. သို့​ရာ​တွင်​သင်​သည်​မှန်​ကန်​သည့်​အ​ယူ​ဝါ​ဒ နှင့်​ကိုက်​ညီ​သည့် အ​ကြောင်း​အ​ရာ​ကို​သွန်​သင် ရ​မည်။-

2. အ​သက်​အ​ရွယ်​ကြီး​ရင့်​သူ​အ​မျိုး​သား​တို့​အား သ​မ္မာ​သ​တိ​ရှိ​ရန်၊ တည်​ကြည်​ရန်​နှင့်​ဣန္ဒြေ​စောင့် စည်း​ကြ​ရန်​လည်း​ကောင်း၊ စစ်​မှန်​သော​ယုံ​ကြည် ခြင်း၊ မေတ္တာ၊ ခံ​နိုင်​ရည်​တို့​ဖြင့်​ပြည့်​ဝ​ကြ​စေ​ရန် လည်း​ကောင်း​သွန်​သင်​လော့။-

3. ထို​နည်း​တူ​စွာ​အ​သက်​အ​ရွယ်​ကြီး​ရင့်​သူ အ​မျိုး​သ​မီး​တို့​သည်​လည်း ဘု​ရား​တ​ရား ကြည်​ညို​သူ​များ​ဖြစ်​ရန်​သွန်​သင်​လော့။ သူ တို့​သည်​သူ​တစ်​ပါး​၏​အ​သ​ရေ​ကို​ဖျက်​သူ များ၊ အ​ရက်​၏​ကျွန်​များ​မ​ဖြစ်​စေ​ရ။ အ​ကောင်း ကို​သင်​ကြား​ပေး​တတ်​သူ​များ​ဖြစ်​ရ​ကြ​မည်။-

4. သို့​မှ​သာ​သူ​တို့​သည်​မိ​မိ​တို့​ထက်​အ​သက် ငယ်​ရွယ်​သူ​အ​မျိုး​သ​မီး​တို့​အား ကိုယ့်​ခင်​ပွန်း၊ သား​သ​မီး​များ​ကို​ချစ်​ခင်​မှု၊-

5. ဣန္ဒြေ​စောင့်​စည်း​မှု၊ ဖြူ​စင်​မှု၊ အိမ်​ရှင်​မ​ကောင်း ပီ​သ​မှု​နှင့်​ခင်​ပွန်း​သည်​၏​စ​ကား​ကို​နား ထောင်​မှု​တို့​ကို​လေ့​ကျင့်​သင်​ကြား​ပေး​နိုင်​မည်။ ဤ​နည်း​အား​ဖြင့်​ဘု​ရား​သ​ခင်​၏​တ​ရား တော်​ကို​ပုတ်​ခတ်​ပြော​ဆို​သူ​ရှိ​မည်​မ​ဟုတ် ပေ။

6. ထို​နည်း​တူ​စွာ​ငယ်​ရွယ်​သူ​အ​မျိုး​သား​များ အား​ဣန္ဒြေ​စောင့်​စည်း​ရန်​တိုက်​တွန်း​လော့။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တိ​တု 2