ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တိ​တု 1:11-16 Common Language Bible (BCL)

11. ထို​သူ​တို့​၏​နှုတ်​ကို​ပိတ်​ရန်​လို​အပ်​လာ​ပေ ပြီ။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည်​ငွေ ရ​ရှိ​ရေး​ရည်​ရွယ်​ချက်​ဖြင့် မ​သွန်​သင်​သင့် သော​အ​ရာ​များ​ကို​သွန်​သင်​ခြင်း​အား​ဖြင့် အိမ်​ထောင်​စု​များ​ကို​က​မောက်​က​မ​ဖြစ်​စေ ကြ​သော​ကြောင့်​တည်း။-

12-14. သူ​တို့​၏​ပ​ရော​ဖက်​ဖြစ်​သူ​က​ရေ​တေ​ကျွန်း သား​တစ်​ဦး​က​ပင်​လျှင်``က​ရေ​တေ​ကျွန်း​သား တို့​သည်​အ​စဉ်​လိမ်​လည်​သူ​များ၊ သား​ရဲ​ဆိုး များ၊ ပျင်း​ရိ​စား​ကြူး​သူ​များ​ဖြစ်​၏'' ဟု​ပြော ဆို​ခဲ့​၏။ ထို​သူ​၏​ပြော​ဆို​ချက်​သည်​မှန်​ပေ သည်။ သို့​ဖြစ်​၍​သူ​တို့​သည်​အ​မှန်​တ​ကယ် ယုံ​ကြည်​လာ​ကြ​စေ​ရန်​လည်း​ကောင်း၊ ယု​ဒ ဒဏ္ဍာရီ​စ​ကား​များ​နှင့်​သမ္မာ​တ​ရား​ကို ပစ်​ပယ် သူ​တို့​၏​ပ​ညတ်​များ​ကို​စွန့်​လွှတ်​လိုက်​ကြ စေ​ရန်​လည်း​ကောင်း​သူ​တို့​အား​ကြပ်​တည်း စွာ​ဆုံး​မ​ရ​မည်။-

15. မိ​မိ​တို့​ကိုယ်​တိုင်​စိတ်​နှ​လုံး​စင်​ကြယ်​သန့်​ရှင်း သူ​တို့​အ​ဖို့​မှာ မည်​သည့်​အ​ရာ​မ​ဆို​စင်​ကြယ် သန့်​ရှင်း​၏။ သို့​သော်​မိ​မိ​တို့​ကိုယ်​တိုင်​မ​စင် ကြယ်​မ​ယုံ​ကြည်​သူ​တို့​အ​ဖို့​မှာ​မူ​ကား အ​ဘယ်​အ​ရာ​မျှ​စင်​ကြယ်​သန့်​ရှင်း​သည်​ဟူ​၍ မ​ရှိ။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​သူ​တို့​၏​စိတ် နှ​လုံး​နှင့်​သြတ္တ​ပ္ပ​စိတ်​သည်​ညစ်​ညမ်း​နေ​သော ကြောင့်​ဖြစ်​၏။-

16. သူ​တို့​သည်​ဘုရား​သခင်​ကို​သိ​သည်​ဟု​ဝန်​ခံ သော်​လည်း​သူ​တို့​အ​ကျင့်​က​မ​ထောက်​ခံ။ သူ တို့​သည်​မုန်း​ဖွယ်​ကောင်း​သူ၊ နား​မ​ထောင်​သူ၊ ကောင်း​မြတ်​သည့်​အ​မှု​တစ်​စုံ​တစ်​ခု​ကို​မျှ ပြု​ရန်​မ​သင့်​တော်​သူ​များ​ဖြစ်​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တိ​တု 1