ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တိ​တု 1:1-5 Common Language Bible (BCL)

1. ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​နှင့်​သ​ခင်​ယေ​ရှု ခ​ရစ်​၏​တ​မန်​တော်​ဖြစ်​သူ ငါ​ပေါ​လု​သည် စာ​ရေး​လိုက်​ပါ​သည်။ဘု​ရား​သ​ခင်​သည်​မိ​မိ​ရွေး​ကောက်​တော်​မူ သော​လူ​စု​တော်​၏ ယုံ​ကြည်​ခြင်း​ကို​ပြု​စု ပေး​စေ​ရန်​လည်း​ကောင်း၊ ငါ​တို့​၏​ဘာ​သာ တော်​က​သွန်​သင်​သည့်​သမ္မာ​တ​ရား​တော် အ​ကြောင်း​ကို ထို​သူ​တို့​သ​ဘော​ပေါက်​နား လည်​ကြ​စေ​ရန်​လည်း​ကောင်း​ငါ့​ကို​ရွေး ချယ်​စေ​လွှတ်​တော်​မူ​၏။-

2. ထို​ဘာ​သာ​တော်​သည်​ထာ​ဝ​ရ​အ​သက်​ကို မျှော်​လင့်​မှု​တွင်​အ​ခြေ​ခံ​ပေ​သည်။ မု​သား နှင့်​ကင်း​စင်​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ရှေး​ကပ်​ကာ​လ​မ​တည်​ရှိ​မီ​က​ပင် ထာ​ဝ​ရ အ​သက်​ကို​ငါ​တို့​အား​ပေး​တော်​မူ​ရန် က​တိ​ထား​တော်​မူ​ပေ​သည်။-

3. ထို​နောက်​အ​ချိန်​သင့်​သော​အ​ခါ​၌​ထို ထာ​ဝ​ရ​အ​သက်​ကို​တ​ရား​တော်​အား​ဖြင့် ပေါ်​လွင်​ထင်​ရှား​စေ​တော်​မူ​၏။ ငါ​တို့​၏ ကယ်​တင်​ရှင်​ဘု​ရား​သ​ခင်​သည်​ထို​တ​ရား တော်​ကို ငါ့​အား​ပေး​အပ်​တော်​မူ​သည်​ဖြစ်​ရာ ငါ​သည်​ကိုယ်​တော်​၏​အ​မိန့်​တော်​အ​ရ​ထို တ​ရား​တော်​ကို​ကြေ​ညာ​၏။

4. ငါ​တို့​နည်း​တူ​ယုံ​ကြည်​သူ၊ ယုံ​ကြည်​ခြင်း​အား ဖြင့် ငါ​၏​သား​စစ်​ဖြစ်​သူ​တိ​တု​ထံ​သို့​ဤ​စာ ကို​ငါ​ရေး​သား​ပေး​ပို့​လိုက်​ပါ​သည်။ခ​မည်း​တော်​ဘု​ရား​သ​ခင်​နှင့်​ငါ​တို့​၏​ကယ် တင်​ရှင်​ခ​ရစ်​တော်​ယေ​ရှု​သည် သင့်​အား​ကျေး​ဇူး တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို​ပေး​သ​နား​တော်​မူ ပါ​စေ​သတည်း။

5. က​ရေ​တေ​ကျွန်း​တွင်​လုပ်​ဆောင်​စ​ရာ​ရှိ​သေး သော​အ​မှု​ကိစ္စ​အ​ဝ​ဝ​တို့​ကို​စီ​မံ​ဆောင်​ရွက် ရန်​နှင့် အ​မြို့​မြို့​တွင်​သင်း​အုပ်​များ​ခန့်​ထား ရန်​သင့်​အား​ငါ​ထား​ခဲ့​၏။ ငါ​ယ​ခု​ပေး​မည့် ညွှန်​ကြား​ချက်​များ​ကို​မ​မေ့​နှင့်။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တိ​တု 1