9. ထိုသူဤသို့ဘုရားသခင်၏ဂုဏ်တော် ကိုချီးကူးလျက် လှမ်းသွားသည်ကိုလူ အပေါင်းတို့တွေ့မြင်ကြ၏။-
10. ထိုသူသည်ဗိမာန်တော်တင့်တယ်တံခါးဝ တွင် ထိုင်နေလေ့ရှိသည့်သူတောင်းစားဖြစ် ကြောင်းကိုမှတ်မိကြသဖြင့် သူတို့သည် ထိုသူ၌ဖြစ်ပျက်သည့်အမှုအရာကို များစွာအံ့သြမိန်းမောကြ၏။
11. ထိုသူသည်ပေတရုနှင့်ယောဟန်တို့ကိုတွယ် ကပ်လျက်နေစဉ် လူအပေါင်းတို့သည်များစွာ အံ့သြလျက် ပေတရုတို့ရှိရာရှောလမုန်ဟု နာမည်တွင်သောမုခ်ဆောင်သို့ပြေး၍လာ ကြ၏။-
12. ပေတရုသည်လူတို့ကိုမြင်လျှင်``ဣသရေလ အမျိုးသားတို့၊ အဘယ်ကြောင့်ငါတို့ကိုစူး စိုက်၍ကြည့်နေကြသနည်း။ ငါတို့၏တန်ခိုး၊ ငါတို့၏အကျင့်သီလအားဖြင့် ဤသူကို လမ်းလျှောက်စေနိုင်သည်ဟုထင်မှတ်ကြသလော။-
13. အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့၏ဘုရား၊ ငါတို့ ဘိုးဘေးများ၏ဘုရားသည်ဤအမှုအရာ အားဖြင့် မိမိ၏အစေခံယေရှုကိုဘုန်းအသ ရေထွန်းတောက်စေတော်မူပြီ။ သင်တို့သည်ထို အရှင်ကိုရန်သူ့လက်သို့အပ်နှံ၍ ပိလတ်မင်း ၏ရှေ့တော်တွင်ပစ်ပယ်ခဲ့ကြ၏။ ပိလတ်မင်း သည်ထိုအရှင်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေး ရန်ဆုံးဖြတ်သော်လည်း၊-
14. သင်တို့ကမူသန့်ရှင်းကောင်းမြတ်တော်မူသော အရှင်ကိုပစ်ပယ်ခဲ့ကြ၏။ သင်တို့သည်လူ သတ်သမားအားလွတ်ငြိမ်းချမ်းသာခွင့်ပေး ရန်တောင်းခံပြီးလျှင်၊-
15. အသက်ပိုင်ရှင်ကိုမူသတ်ဖြတ်စေခဲ့ကြ၏။ သို့သော်လည်းဘုရားသခင်သည် ထိုအရှင် ကိုသေခြင်းမှရှင်ပြန်ထမြောက်စေတော်မူ ကြောင်းကို ငါတို့ကိုယ်တိုင်တွေ့မြင်ခဲ့ကြ၏။-