ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 3:2-10 Common Language Bible (BCL)

2. တင့်​တယ်​ဟု​ခေါ်​သော​တံ​ခါး​အ​နီး​တွင်​ဝမ်း တွင်း​ပါ​ခြေ​မ​စွမ်း​မ​သန်​သူ​လူ​တစ်​ယောက် ထိုင်​လျက်​ရှိ​၏။ ဗိ​မာန်​တော်​ထဲ​သို့​လာ​ကြ သော​သူ​များ​ထံ​မှ​ကြေး​ငွေ​တောင်း​ခံ​နိုင်​ရန် နေ့​စဉ်​နေ့​တိုင်း​ထို​သူ​ကို​တံ​ခါး​အ​နီး​တွင် ချ​ထား​လေ့​ရှိ​ကြ​၏။-

3. သူ​သည်​ပေ​တ​ရု​နှင့်​ယော​ဟန်​တို့​ဗိ​မာန်​တော် ထဲ​သို့​ဝင်​မည်​ပြု​သည်​ကို​မြင်​လျှင် ကြေး​ငွေ တစ်​စုံ​တစ်​ရာ​ပေး​ကမ်း​စွန့်​ကြဲ​ရန်​တောင်း ခံ​လေ​၏။-

4. ထို​သူ​နှစ်​ယောက်​သည်​သူ့​ကို​စေ့​စေ့​ကြည့် ကြ​၏။ ထို​နောက်​ပေ​တ​ရု​က``ငါ​တို့​ကို ကြည့်​လော့'' ဟု​ဆို​၏။-

5. ထို​အ​ခါ​သူ​သည်​တ​မန်​တော်​တို့​ထံ​မှ ကြေး​ငွေ​တစ်​စုံ​တစ်​ရာ​ရ​ရှိ​မည်​အ​ထင် နှင့်​သူ​တို့​ကို​အာ​ရုံ​စိုက်​၍​ကြည့်​လေ​၏။-

6. သို့​ရာ​တွင်​ပေ​တ​ရု​က``ငါ့​မှာ​ရွှေ​ငွေ​မ​ရှိ။ သို့​သော်​ရှိ​သည့်​အ​ရာ​ကို​သင့်​အား​ငါ​ပေး မည်။ နာ​ဇ​ရက်​မြို့​သား​ယေ​ရှု​၏​နာ​မ​တော် အား​ဖြင့်​ထ​၍​လှမ်း​သွား​လော့'' ဟု​ဆို​၏။-

7. ထို​နောက်​သူ​၏​လက်ယာ​ဘက်​ကို​ဆွဲ​ကိုင်​ထူ​မ လိုက်​၏။ ထို​ခ​ဏ​၌​သူ​၏​ခြေ​နှင့်​ခြေ​ဖ​ဝါး များ​သည်​သန်​မာ​လာ​သ​ဖြင့်၊-

8. သူ​သည်​ခုန်​ပေါက်​ကာ​ဘု​ရား​သ​ခင်​၏​ဂုဏ် တော်​ကို​ချီး​ကူး​လျက်​ဗိ​မာန်​တော်​ထဲ​သို့ လိုက်​သွား​၏။-

9. ထို​သူ​ဤ​သို့​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော် ကို​ချီး​ကူး​လျက် လှမ်း​သွား​သည်​ကို​လူ အ​ပေါင်း​တို့​တွေ့​မြင်​ကြ​၏။-

10. ထို​သူ​သည်​ဗိ​မာန်​တော်​တင့်​တယ်​တံ​ခါး​ဝ တွင် ထိုင်​နေ​လေ့​ရှိ​သည့်​သူ​တောင်း​စား​ဖြစ် ကြောင်း​ကို​မှတ်​မိ​ကြ​သ​ဖြင့် သူ​တို့​သည် ထို​သူ​၌​ဖြစ်​ပျက်​သည့်​အ​မှု​အ​ရာ​ကို များ​စွာ​အံ့​သြ​မိန်း​မော​ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 3