ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 3:15-26 Common Language Bible (BCL)

15. အ​သက်​ပိုင်​ရှင်​ကို​မူ​သတ်​ဖြတ်​စေ​ခဲ့​ကြ​၏။ သို့​သော်​လည်း​ဘု​ရား​သ​ခင်​သည် ထို​အ​ရှင် ကို​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​စေ​တော်​မူ ကြောင်း​ကို ငါ​တို့​ကိုယ်​တိုင်​တွေ့​မြင်​ခဲ့​ကြ​၏။-

16. ထို​အ​ရှင်​၏​နာ​မ​တော်​တန်​ခိုး​အား​ဖြင့် ဤ ခြေ​မ​စွမ်း​မ​သန်​သူ​သည်​စွမ်း​သန်​၍​လာ​၏။ ထို​အ​ရှင်​၏​နာ​မ​တော်​ကို​ယုံ​ကြည်​ခြင်း အား​ဖြင့် ယ​ခု​သင်​တို့​တွေ့​မြင်​ကြ​ရ​သည့် အ​မှု​အ​ရာ​သည်​ဖြစ်​ပွား​ခဲ့​၏။ သင်​တို့​တွေ့ မြင်​သည့်​အ​တိုင်း​သ​ခင်​ယေ​ရှု​ကို​ယုံ​ကြည် ခြင်း​က​သာ​လျှင် ထို​သူ​အား​ကျန်း​မာ​လာ စေ​ခြင်း​ဖြစ်​၏။''

17. ``ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​မိ​မိ​တို့​၏​ခေါင်း ဆောင်​များ​နည်း​တူ မိ​မိ​တို့​ပြု​သော​အ​မှု​ကို မ​သိ​နား​မ​လည်​ဘဲ​ပြု​ကြ​ကြောင်း​ကို​ငါ သိ​၏။-

18. မေ​ရှိ​ယ​သည်​အ​သေ​ခံ​တော်​မူ​ရ​မည်​ဖြစ် ကြောင်း ပ​ရော​ဖက်​အ​ပေါင်း​တို့​အား​ဖြင့်၊ ဘု​ရား သ​ခင်​ဗျာ​ဒိတ်​ထား​တော်​မူ​ခဲ့​၏။ ဤ​သို့​ဖြစ် ပျက်​ရ​ခြင်း​ကား​ထို​ဗျာ​ဒိတ်​တော်​ကို​အ​ကောင် အ​ထည်​ဖော်​ခြင်း​ပင်​တည်း။-

19. သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​သင်​တို့​၏​အ​ပြစ် များ​ကို​ဖြေ​လွှတ်​တော်​မူ​စေ​ရန် နောင်​တ​ရ​၍ ပြောင်း​လဲ​ကြ​လော့။ သို့​မှ​သာ၊-

20. ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​ဝိ​ညာဉ်​ခွန်​အား သက်​ရောက်​ရာ​အ​ချိန်​ကာ​လ​ရောက်​လာ​လျက် သင်​တို့​အ​ဖို့​ရွေး​ချယ်​ခန့်​ထား​တော်​မူ​သော မေ​ရှိ​ယ​အ​ရှင်​တည်း​ဟူ​သော​သ​ခင်​ယေ​ရှု ကို သင်​တို့​ထံ​သို့​စေ​လွှတ်​တော်​မူ​လိမ့်​မည်။-

21. ရှေး​သန့်​ရှင်း​မြင့်​မြတ်​သော​ပ​ရော​ဖက်​များ မှ​တစ်​ဆင့် ပေး​တော်​မူ​ခဲ့​သော​ဘု​ရား​သ​ခင် ၏​ဗျာ​ဒိတ်​တော်​နှင့်​အ​ညီ အ​ရာ​ခပ်​သိမ်း​တို့ ကို​အ​သစ်​ပြု​ပြင်​ပြောင်း​လဲ​တော်​မူ​ရာ​ကာ​လ မ​တိုင်​မီ ထို​အ​ရှင်​သည်​ကောင်း​ကင်​ဘုံ​တွင်​ရှိ နေ​တော်​မူ​ပေ​မည်။-

22. မော​ရှေ​က`သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ​သည့်​နည်း တူ ပ​ရော​ဖက်​တစ်​ပါး​ကို​လည်း​သင်​တို့​ထံ သို့​စေ​လွှတ်​တော်​မူ​လိမ့်​မည်။ ထို​အ​ရှင်​သည် သင်​တို့​အ​မျိုး​သား​ထဲ​မှ​ဖြစ်​လိမ့်​မည်။ ထို အ​ရှင်​ဟော​ပြော​သ​မျှ​သော​စ​ကား​တို့​ကို သင်​တို့​သည်​နာ​ယူ​ကြ​ရ​မည်။-

23. ထို​ပ​ရော​ဖက်​၏​စ​ကား​ကို​မ​နာ​မ​ယူ​ဘဲ နေ​သော​သူ​သည် ဘု​ရား​သ​ခင်​၏​လူ​စု​တော် ဝင်​အ​ဖြစ်​မှ​လုံး​ဝ​ပယ်​ရှား​ခြင်း​ကို​ခံ​ရ​လိမ့် မည်' ဟု​မိန့်​မြွက်​ခဲ့​၏။-

24. ရှ​မွေ​လ​မှ​စ​၍​ဗျာ​ဒိတ်​တော်​အား​ဖြင့်​ဟော ပြော​ကြ​သည့်​အ​ခြား​ပ​ရော​ဖက်​အ​ပေါင်း တို့​က ယ​ခု​နေ့​ရက်​ကာ​လ​တွင်​ဖြစ်​ပျက်​မည့် အ​ကြောင်း​အ​ရာ​များ​ကို​ဟော​ပြော​ကြေ​ညာ ခဲ့​ကြ​၏။-

25. ထို​ပ​ရော​ဖက်​များ​ဖြင့်​ဘု​ရား​သ​ခင်​ပေး​တော် မူ​သော​က​တိ​များ​သည် သင်​တို့​နှင့်​ဆိုင်​၏။ သင်​တို့ ဘိုး​ဘေး​များ​နှင့်​ဘု​ရား​သ​ခင်​ပြု​တော်​မူ​သော ပ​ဋိ​ညာဉ်​တော်​သည်​လည်း​သင်​တို့​နှင့်​ဆိုင်​၏။ ဘု​ရား သ​ခင်​က​အာ​ဗြ​ဟံ​အား`သင်​၏​အ​မျိုး​အ​နွယ် အား​ဖြင့်​ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​သည် ကောင်း​ချီး​မင်္ဂ​လာ​ကို​ခံ​စား​ကြ​ရ​လိမ့်​မည်' ဟု​မိန့်​တော်​မူ​ခဲ့​သ​တည်း။-

26. သို့​ဖြစ်​၍​သင်​တို့​သည်​ဆိုး​ညစ်​သော​အ​မှု​တို့ ကို​စွန့်​ပယ်​ခြင်း​အား​ဖြင့် ကောင်း​ချီး​ခံ​စား​ကြ​ရ စေ​ရန်​ဘု​ရား​သ​ခင်​သည် မိ​မိ​၏​အ​စေ​ခံ​ကို သင်​တို့​ထံ​သို့​ဦး​စွာ​စေ​လွှတ်​တော်​မူ​၏'' ဟု ပေ​တ​ရု​ဟော​ပြော​လေ​သည်။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 3