ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 28:20-31 Common Language Bible (BCL)

20. သို့​ဖြစ်​၍​သင်​တို့​နှင့်​တွေ့​ဆုံ​ခွင့်​ကို​တောင်း​ခံ ခဲ့​ခြင်း​ဖြစ်​သည်။ ငါ​သည်​ဤ​သံ​ကြိုး​များ ဖြင့်​အ​ချည်​အ​နှောင်​ခံ​ရ​သည်​မှာ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​မျှော်​လင့်​စောင့်​စား​လျက်​နေ ကြ​သည့်​အ​ရှင်​၏​အ​တွက်​ကြောင့်​ပင်​ဖြစ်​သည်'' ဟု​ဆို​၏။

21. ထို​သူ​တို့​က ``ငါ​တို့​သည်​သင်​၏​အ​ကြောင်း ယု​ဒ​ပြည်​မှ​စာ​တစ်​စောင်​မျှ​မ​ရ​ခဲ့​ကြ​ပါ။ ငါ​တို့​ယု​ဒ​အ​မျိုး​သား​ညီ​အစ်​ကို​တစ်​စုံ​တစ် ယောက်​မျှ​လည်း လာ​ရောက်​၍​သင်​၏​အ​ကြောင်း မ​ကောင်း​သ​တင်း​မ​ပြော​ပါ။-

22. သို့​ရာ​တွင်​ဤ​ဂိုဏ်း​အ​ကြောင်း​ကို​မူ​ဆန့်​ကျင် ၍ နေ​ရာ​တ​ကာ​တွင်​ပြော​ဆို​နေ​ကြ​သည်​ကို ငါ​တို့​သိ​ရှိ​ပါ​၏။ သို့​ဖြစ်​၍​သင်​၏​အ​ယူ ဝါ​ဒ​ကို​သင့်​ထံ​မှ​ငါ​တို့​ကြား​နာ​လို​ပါ ၏'' ဟု​ဆို​ကြ​၏။

23. ထို​သူ​တို့​သည်​ရက်​ချိန်း​ပေး​ကြ​၏။ ချိန်း​သည့်​နေ့ ၌ ပေါ​လု​တည်း​ခို​ရာ​သို့​လူ​အ​မြောက်​အ​မြား လာ​ရောက်​ကြ​၏။ ပေါ​လု​သည်​နံ​နက်​မှ​ည​နေ ချမ်း​တိုင်​အောင် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ဆိုင် ရာ​တ​ရား​တော်​အ​ကြောင်း​ကို​ရှင်း​လင်း​ဖော် ပြ​၏။ သ​ခင်​ယေရှု​၏​အ​ကြောင်း​တော်​ကို​လည်း မော​ရှေ​၏​ပ​ညတ်​ကျမ်း​နှင့်​ပ​ရော​ဖက်​ကျမ်း များ​မှ​ကောက်​နုတ်​ကာ ထို​သူ​တို့​နား​လည် သ​ဘော​ပေါက်​လာ​စေ​ရန်​ကြိုး​စား​၍​ဟော ပြော​၏။

24. လူ​အ​ချို့​တို့​သည်​ပေါ​လု​၏​ဟော​ပြော​ချက် ကို​နား​လည်​သ​ဘော​ပေါက်​လာ​ကြ​သော် လည်း အ​ချို့​သူ​တို့​မူ​ကား​မ​ယုံ​ကြည်​ကြ။-

25. ဤ​သို့​ပေါ​လု​ဆို​သော​အ​ခါ​ယု​ဒ​အ​မျိုး​သား တို့​သည် အ​ချင်း​ချင်း​ပြင်း​ထန်​စွာ​ငြင်း​ခုံ​လျက် ထွက်​သွား​ကြ​၏။ ပေါ​လု​က ``ပ​ရော​ဖက်​ဟေ​ရှာ​ယ အား​ဖြင့် သင်​တို့​ဘိုး​ဘေး​တို့​အား​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ဖော်​ပြ​ပုံ​မှာ​လျောက်​ပတ်​လှ​ပေ​၏။ ဖော်​ပြ​ပုံ​မှာ​ဤ​သို့​တည်း။

26. `ဤ​လူ​မျိုး​ထံ​သို့​သွား​၍​ပြော​ကြား​လော့။သင်​တို့​သည်​ကြိုး​စား​၍​နား​ထောင်​သော်​လည်း နား​လည်​လိမ့်​မည်​မ​ဟုတ်။ကြိုး​စား​၍​ကြည့်​သော်​လည်း​မြင်​လိမ့်​မည်​မ​ဟုတ်။

27. အ​ဘယ်​ကြောင့်​ဆို​သော်​ဤ​လူ​မျိုး​၏ စိတ်​နှ​လုံး​သည်​ထိုင်း​မှိုင်း​လျက်၊သူ​တို့​၏​နား​များ​သည်​လေး​လျက်​သူ​တို့​၏ မျက်​စိ​များ​သည်​ပိတ်​လျက်​ရှိ​သော​ကြောင့်​ဖြစ်​၏။အ​ကယ်​၍​သာ​ဤ​သို့​မ​ဖြစ်​ဘဲ​သူ​တို့​၏ မျက်​စိ​များ​သည်​မြင်​နိုင်​လျက်၊နား​များ​သည်​ကြား​နိုင်​လျက်​စိတ်​နှ​လုံး​များ​သည် သိ​နား​လည်​ကြ​ပါ​မူ၊သူ​တို့​သည်​စိတ်​သ​ဘော​ပြောင်း​လဲ​လာ​ကြ​မည် ဖြစ်​၍ငါ​သည်​လည်း​သူ​တို့​အား​ကျန်း​မာ​စေ​တော် မူ​မည်' ''ဟု​ဆို​လေ​သည်။

28. နိ​ဂုံး​ချုပ်​အ​နေ​ဖြင့်​ပေါ​လု​က ``သို့​ဖြစ်​၍ ကယ်​တင်​တော်​မူ​ခြင်း​ဆိုင်​ရာ​ဘု​ရား​သ​ခင်​၏ ကယ်​တင်​ခြင်း​တ​ရား​ကို လူ​မျိုး​ခြား​တို့​ကြား နာ​ရန်​ဟော​ပြော​မည့်​သူ​တို့​ကို​စေ​လွှတ်​ပြီ​ဖြစ် ၍ သူ​တို့​သည်​ကြား​နာ​ကြ​လိမ့်​မည်​ဖြစ်​ကြောင်း သင်​တို့​သိ​မှတ်​ကြ​လော့'' ဟု​ဆို​၏။

29. (ဤ​သို့​ပေါ​လု​ဆို​သော​အ​ခါ​ယု​ဒ​အ​မျိုး​သား တို့​သည် အ​ချင်း​ချင်း​ပြင်း​ထန်​စွာ​ငြင်း​ခုံ​လျက် ထွက်​သွား​ကြ​၏။)

30. ပေါ​လု​သည်​ထို​မြို့​တွင်​နှစ်​နှစ်​ပတ်​လုံး မိ​မိ​ငှား ရမ်း​ထား​သည့်​အိမ်​တွင်​နေ​၏။ မိ​မိ​ထံ​လာ​ရောက် ကြ​သူ​အ​ပေါင်း​တို့​အား​ကြို​ဆို​ဧည့်​ခံ​လျက်၊-

31. ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​အ​ကြောင်း​ကို​ဟော ပြော​၍ သ​ခင်​ယေ​ရှု​၏​အ​ကြောင်း​တော်​ကို အ​ဆီး​အ​တား​မ​ရှိ​ဘဲ​ရဲ​ရင့်​စွာ​ဟော​ပြော သွန်​သင်​လျက်​နေ​၏။ ရှင်​လု​ကာ​စီ​ရင်​ရေး​သား​သော​တ​မန်​တော် ဝတ္ထု​ပြီး​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 28