ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 28:2-8 Common Language Bible (BCL)

2. ကျွန်း​သူ​ကျွန်း​သား​တို့​သည်​ကျွန်ုပ်​တို့​အ​ပေါ်​တွင် အ​ထူး​ကြင်​နာ​မှု​ကို​ပြ​ကြ​၏။ မိုး​ရွာ​သ​ဖြင့် ချမ်း​အေး​လာ​သော​ကြောင့် ထို​သူ​တို့​သည်​မီး​ဖို ပြီး​လျှင်​ကျွန်ုပ်​တို့​အား​ဧည့်​ခံ​ကြ​၏။

3. ပေါ​လု​သည်​ထင်း​တစ်​စည်း​ကို​ယူ​ပြီး​လျှင်​မီး ထဲ​သို့​ထည့်​လိုက်​၏။ ထို​အ​ခါ​မီး​ပူ​ရှိန်​ကြောင့် ထင်း​စည်း​ထဲ​မှ​မြွေ​တစ်​ကောင်​ထွက်​လာ​ပြီး နောက် ပေါ​လု​၏​လက်​ကို​တွယ်​လျက်​နေ​၏။-

4. သူ​၏​လက်​မှ​တန်း​လန်း​ကျ​နေ​သော​မြွေ ကို​ကျွန်း​သူ​ကျွန်း​သား​တို့​မြင်​လျှင် ``ဤ​သူ ကား​သူ​သတ်​သ​မား​ဖြစ်​တန်​ရာ​၏။ ပင်​လယ် တွင်​အ​သက်​ဘေး​မှ​လွတ်​မြောက်​ခဲ့​သော်​လည်း တ​ရား​မျှ​တ​မှု​က​သူ့​အား​အ​သက်​ရှင် ခွင့်​မ​ပြု'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။-

5. သို့​ရာ​တွင်​ပေါလု​သည်​မြွေ​ကို​မီး​ထဲ​သို့​ခါ ၍​ချ​လိုက်​၏။ သို့​သော်​အ​ဘယ်​သို့​မျှ​ဘေး ဥ​ပဒ်​မ​ဖြစ်။-

6. ထို​သူ​တို့​က​ပေါ​လု​သည်​တစ်​ကိုယ်​လုံး​ရောင် လာ​လိမ့်​မည်။ သို့​မ​ဟုတ်​တ​ခ​ဏ​ချင်း​တွင်​လဲ သေ​လိမ့်​မည်​ဟု​စောင့်​မျှော်​နေ​ကြ​၏။ ဤ​အ​တိုင်း ပင်​ဆက်​လက်​၍​အ​တော်​ကြာ​အောင်​စောင့်​မျှော် နေ​ကြ​သော်​လည်း အ​ဘယ်​သို့​မျှ​ပေါ​လု​၌ ဘေး​ဥ​ပဒ်​မ​ဖြစ်​သည်​ကို​မြင်​ကြ​သော​အ​ခါ သူ​တို့​သည်​စိတ်​သ​ဘော​ပြောင်း​လဲ​လာ​လျက် ``ဤ​သူ​ကား​နတ်​ဘု​ရား​ပေ​တည်း'' ဟု​ဆို ကြ​ကုန်​၏။

7. ထို​နေ​ရာ​အ​နီး​အ​နား​တွင်​ကျွန်း​သူ​ကြီး ပု​ဗ​လိ​ပိုင်​သည့်​မြေ​ယာ​များ​ရှိ​၏။ ထို​သူ သည်​ကျွန်ုပ်​တို့​ကို​လက်​ခံ​ပြီး​လျှင်​သုံး​ရက် တိုင်​တိုင်​ကျွေး​မွေး​ဧည့်​ခံ​၏။-

8. ပု​ဗ​လိ​၏​ဖ​ခင်​သည်​အ​ဖျား​ရော​ဂါ၊ ဝမ်း​ကိုက် ရော​ဂါ​များ​ဖြင့်​လဲ​၍​နေ​၏။ ပေါ​လု​သည်​သူ​၏ အ​ခန်း​ထဲ​သို့​ဝင်​၍​ဆု​တောင်း​ပြီး​နောက် သူ​၏ အ​ပေါ်​မှာ​လက်​ကို​တင်​၍​သူ့​ကို​ကျန်း​မာ လာ​စေ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 28