ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 28:14-24 Common Language Bible (BCL)

14. ထို​မြို့​တွင်​ယုံ​ကြည်​သူ​အ​ချို့​တို့​ကို​တွေ့​၍ သူ​တို့​က မိ​မိ​တို့​နှင့်​ခု​နစ်​ရက်​မျှ​နေ​ရန် တောင်း​ပန်​သည်​အ​တိုင်း​နေ​ပြီး​နောက် ရော​မ​မြို့​သို့​ခ​ရီး​ဆက်​ကြ​၏။-

15. ထို​ရော​မ​မြို့​ရှိ​ယုံ​ကြည်​သူ​များ​သည် ကျွန်ုပ် တို့​လာ​သည့်​အ​ကြောင်း​ကို​ကြား​သိ​ကြ​သ​ဖြင့် အပ္ပိ​စျေး​သို့​တိုင်​အောင်​လည်း​ကောင်း၊ တည်း​ခို ရိပ်​သာ​သုံး​ဆောင်​သို့​တိုင်​အောင်​လည်း​ကောင်း လာ​ရောက်​ကြို​ဆို​ကြ​၏။ ပေါ​လု​သည်​ထို​သူ တို့​ကို​မြင်​သော​အ​ခါ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​၍​အား​တက်​လာ​၏။

16. ရော​မ​မြို့​သို့​ရောက်​ကြ​သော​အ​ခါ​ပေါ​လု သည် တစ်​ကိုယ်​တည်း​အ​စောင့်​စစ်​သား​တစ်​ယောက် နှင့်​အ​တူ​နေ​ခွင့်​ရ​ရှိ​၏။

17. နောက်​သုံး​ရက်​ကြာ​လျှင်​ပေါ​လု​သည် မြို့​ပေါ်​ရှိ ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​များ​ကို​ဖိတ်​ခေါ် ၏။ ထို​သူ​တို့​လာ​ရောက်​စု​ဝေး​လျက်​ရှိ​သော အ​ခါ​ပေါ​လု​က ``ညီ​အစ်​ကို​တို့၊ ငါ​သည်​မိ​မိ အ​မျိုး​သား​တို့​အား​လည်း​ကောင်း၊ ဘိုး​ဘေး တို့​၏​ထုံး​တမ်း​စဉ်​လာ​များ​အား​လည်း​ကောင်း ဆန့်​ကျင်​သည့်​အ​မှု​တစ်​စုံ​တစ်​ရာ​ကို​မျှ မ​ပြု​လုပ်​ခဲ့​သော်​လည်း ယု​ဒ​အ​မျိုး​သား​တို့ သည်​ယေ​ရု​ရှ​လင်​မြို့​တွင် ငါ့​ကို​ဖမ်း​ဆီး​ပြီး လျှင်​ရော​မ​အ​မျိုး​သား​တို့​၏​လက်​သို့​အပ် ကြ​၏။-

18. ထို​သူ​တို့​သည်​ငါ့​ကို​စစ်​ဆေး​မေး​မြန်း​ပြီး နောက် ငါ​၏​အ​မှု​တွင်​သေ​ဒဏ်​ပေး​ထိုက်​သော အ​ကြောင်း​တစ်​စုံ​တစ်​ရာ​မျှ​မ​တွေ့​ရ သ​ဖြင့်​ငါ့​အား​လွှတ်​လို​ကြ​၏။-

19. သို့​ရာ​တွင်​ယု​ဒ​အ​မျိုး​သား​တို့​က​ကန့်​ကွက် ကြ​သော​ကြောင့် ငါ​သည်​မ​လွဲ​မ​ရှောင်​သာ​တော့ ဘဲ​ဧ​က​ရာဇ်​ဘု​ရင်​ထံ​အ​ယူ​ခံ​ရ​၏။ သို့​ပြု ရ​ခြင်း​မှာ​မိ​မိ​၏​အ​မျိုး​သား​တို့​အား​စွပ် စွဲ​ပြော​ဆို​ရန်​အ​ကြောင်း​ရှိ​၍​မ​ဟုတ်။-

20. သို့​ဖြစ်​၍​သင်​တို့​နှင့်​တွေ့​ဆုံ​ခွင့်​ကို​တောင်း​ခံ ခဲ့​ခြင်း​ဖြစ်​သည်။ ငါ​သည်​ဤ​သံ​ကြိုး​များ ဖြင့်​အ​ချည်​အ​နှောင်​ခံ​ရ​သည်​မှာ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​မျှော်​လင့်​စောင့်​စား​လျက်​နေ ကြ​သည့်​အ​ရှင်​၏​အ​တွက်​ကြောင့်​ပင်​ဖြစ်​သည်'' ဟု​ဆို​၏။

21. ထို​သူ​တို့​က ``ငါ​တို့​သည်​သင်​၏​အ​ကြောင်း ယု​ဒ​ပြည်​မှ​စာ​တစ်​စောင်​မျှ​မ​ရ​ခဲ့​ကြ​ပါ။ ငါ​တို့​ယု​ဒ​အ​မျိုး​သား​ညီ​အစ်​ကို​တစ်​စုံ​တစ် ယောက်​မျှ​လည်း လာ​ရောက်​၍​သင်​၏​အ​ကြောင်း မ​ကောင်း​သ​တင်း​မ​ပြော​ပါ။-

22. သို့​ရာ​တွင်​ဤ​ဂိုဏ်း​အ​ကြောင်း​ကို​မူ​ဆန့်​ကျင် ၍ နေ​ရာ​တ​ကာ​တွင်​ပြော​ဆို​နေ​ကြ​သည်​ကို ငါ​တို့​သိ​ရှိ​ပါ​၏။ သို့​ဖြစ်​၍​သင်​၏​အ​ယူ ဝါ​ဒ​ကို​သင့်​ထံ​မှ​ငါ​တို့​ကြား​နာ​လို​ပါ ၏'' ဟု​ဆို​ကြ​၏။

23. ထို​သူ​တို့​သည်​ရက်​ချိန်း​ပေး​ကြ​၏။ ချိန်း​သည့်​နေ့ ၌ ပေါ​လု​တည်း​ခို​ရာ​သို့​လူ​အ​မြောက်​အ​မြား လာ​ရောက်​ကြ​၏။ ပေါ​လု​သည်​နံ​နက်​မှ​ည​နေ ချမ်း​တိုင်​အောင် ဘု​ရား​သ​ခင်​၏​နိုင်​ငံ​တော်​ဆိုင် ရာ​တ​ရား​တော်​အ​ကြောင်း​ကို​ရှင်း​လင်း​ဖော် ပြ​၏။ သ​ခင်​ယေရှု​၏​အ​ကြောင်း​တော်​ကို​လည်း မော​ရှေ​၏​ပ​ညတ်​ကျမ်း​နှင့်​ပ​ရော​ဖက်​ကျမ်း များ​မှ​ကောက်​နုတ်​ကာ ထို​သူ​တို့​နား​လည် သ​ဘော​ပေါက်​လာ​စေ​ရန်​ကြိုး​စား​၍​ဟော ပြော​၏။

24. လူ​အ​ချို့​တို့​သည်​ပေါ​လု​၏​ဟော​ပြော​ချက် ကို​နား​လည်​သ​ဘော​ပေါက်​လာ​ကြ​သော် လည်း အ​ချို့​သူ​တို့​မူ​ကား​မ​ယုံ​ကြည်​ကြ။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 28