ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 28:10-17 Common Language Bible (BCL)

10. သူ​တို့​သည်​ကျွန်ုပ်​တို့​အား​လက်​ဆောင်​များ​ပေး ကြ​၏။ ကျွန်ုပ်​တို့​ထွက်​ခွာ​မည်​ပြု​သော​အ​ခါ​၌ လည်း​လို​အပ်​သည့်​စား​နပ်​ရိက္ခာ​များ​ကို သင်္ဘော​ပေါ်​သို့​ပို့​ပေး​ကြ​၏။

11. သုံး​လ​ကြာ​သော်​ကျွန်ုပ်​တို့​သည် ထို​ကျွန်း​တွင် ဆောင်း​ခို​နေ​ခဲ့​သည့်​သင်္ဘော​ဖြင့်​ရွက်​လွှင့်​ကြ​၏။ သင်္ဘော​သည်​အာ​လေ​ဇ​န္ဒြိ​မြို့​မှ​လာ​၍​နတ် အ​မြွှာ​ညီ​နောင်​ဟု​အ​မည်​တွင်​၏။-

12. ကျွန်ုပ်​တို့​သည်​သု​ရ​ကုတ်​မြို့​တွင်​သင်္ဘော​ဆိုက် ကပ်​၍ ထို​မြို့​တွင်​သုံး​ရက်​မျှ​နေ​၏။-

13. ထို​မြို့​မှ​ရွက်​လွှင့်​ပြန်​ရာ​ရေ​ဂျုန်​မြို့​သို့​ရောက် ကြ​၏။ နောက်​တစ်​နေ့​၌​တောင်​လေ​လာ​သ​ဖြင့် နှစ်​ရက်​ကြာ​သော်​ပေါ​တ​ယော​လိ​မြို့​သို့​ရောက် ကြ​၏။-

14. ထို​မြို့​တွင်​ယုံ​ကြည်​သူ​အ​ချို့​တို့​ကို​တွေ့​၍ သူ​တို့​က မိ​မိ​တို့​နှင့်​ခု​နစ်​ရက်​မျှ​နေ​ရန် တောင်း​ပန်​သည်​အ​တိုင်း​နေ​ပြီး​နောက် ရော​မ​မြို့​သို့​ခ​ရီး​ဆက်​ကြ​၏။-

15. ထို​ရော​မ​မြို့​ရှိ​ယုံ​ကြည်​သူ​များ​သည် ကျွန်ုပ် တို့​လာ​သည့်​အ​ကြောင်း​ကို​ကြား​သိ​ကြ​သ​ဖြင့် အပ္ပိ​စျေး​သို့​တိုင်​အောင်​လည်း​ကောင်း၊ တည်း​ခို ရိပ်​သာ​သုံး​ဆောင်​သို့​တိုင်​အောင်​လည်း​ကောင်း လာ​ရောက်​ကြို​ဆို​ကြ​၏။ ပေါ​လု​သည်​ထို​သူ တို့​ကို​မြင်​သော​အ​ခါ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး တော်​ကို​ချီး​မွမ်း​၍​အား​တက်​လာ​၏။

16. ရော​မ​မြို့​သို့​ရောက်​ကြ​သော​အ​ခါ​ပေါ​လု သည် တစ်​ကိုယ်​တည်း​အ​စောင့်​စစ်​သား​တစ်​ယောက် နှင့်​အ​တူ​နေ​ခွင့်​ရ​ရှိ​၏။

17. နောက်​သုံး​ရက်​ကြာ​လျှင်​ပေါ​လု​သည် မြို့​ပေါ်​ရှိ ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​များ​ကို​ဖိတ်​ခေါ် ၏။ ထို​သူ​တို့​လာ​ရောက်​စု​ဝေး​လျက်​ရှိ​သော အ​ခါ​ပေါ​လု​က ``ညီ​အစ်​ကို​တို့၊ ငါ​သည်​မိ​မိ အ​မျိုး​သား​တို့​အား​လည်း​ကောင်း၊ ဘိုး​ဘေး တို့​၏​ထုံး​တမ်း​စဉ်​လာ​များ​အား​လည်း​ကောင်း ဆန့်​ကျင်​သည့်​အ​မှု​တစ်​စုံ​တစ်​ရာ​ကို​မျှ မ​ပြု​လုပ်​ခဲ့​သော်​လည်း ယု​ဒ​အ​မျိုး​သား​တို့ သည်​ယေ​ရု​ရှ​လင်​မြို့​တွင် ငါ့​ကို​ဖမ်း​ဆီး​ပြီး လျှင်​ရော​မ​အ​မျိုး​သား​တို့​၏​လက်​သို့​အပ် ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 28