ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 27:8-17 Common Language Bible (BCL)

8. ပင်​လယ်​ကမ်း​နှင့်​ခပ်​နီး​နီး​ရွက်​လွှင့်​လျက် ခက် ခက်​ခဲ​ခဲ​နှင့်​လာ​သဲ​မြို့​အ​နီး​ဆိပ်​သာ​ယာ ဟု​ခေါ်​သော​အ​ရပ်​သို့​ရောက်​ကြ​၏။

9. ကျွန်ုပ်​တို့​သည်​ထို​အ​ရပ်​တွင်​ရက်​ပေါင်း​မျာ​စွာ ရပ်​နား​ခဲ့​ကြ​ရာ အ​ပြစ်​ဖြေ​ရာ​ပွဲ​နေ့​အ​ခါ ပင်​လွန်​၍​လာ​ပြီ။ ထို့​ကြောင့်​ပင်​လယ်​ခ​ရီး​ပြု ရန်​ဘေး​အန္တရာယ်​မ​ကင်း​တော့​ပေ။ သို့​ဖြစ်​၍ ပေါ​လု​က၊-

10. ``အ​ချင်း​တို့၊ ယ​ခု​အ​ခါ​၌​ပင်​လယ်​ခ​ရီး ပြု​မည်​ဆို​ပါ​က သင်္ဘော​နှင့်​ကုန်​ပစ္စည်း​များ သာ​မ​က​ကျွန်ုပ်​တို့​၏​အ​သက်​ပါ​ဆုံး​ရှုံး စ​ရာ​ရှိ​ကြောင်း​ငါ​တွေ့​မြင်​၏'' ဟု​သ​တိ ပေး​စ​ကား​ပြော​ကြား​၏။-

11. သို့​ရာ​တွင်​တပ်​မှူး​သည်​ပေါ​လု​၏​စ​ကား​ထက် ရေ​ယာဉ်​မှူး​နှင့်​သင်္ဘော​ပိုင်​ရှင်​တို့​၏​စ​ကား​ကို ပို​၍​ယုံ​၏။-

12. ဤ​ဆိပ်​ကမ်း​တွင်​ဆောင်း​ကာ​လ​ပတ်​လုံး​ရပ်​နား ရန်​မ​သင့်​သ​ဖြင့် လူ​များ​စု​က​ဤ​ဆိပ်​ကမ်း​မှ ထွက်​ခွာ​ပြီး​လျှင် ဖြစ်​နိုင်​ပါ​က​ဖိ​နိတ်​မြို့​သို့ ရောက်​အောင်​သွား​၍​ဆောင်း​ရာ​သီ​အ​တွက်​ရပ် နား​လို​ကြ​၏။ ဖိ​နိတ်​ဆိပ်​ကမ်း​ကား​က​ရေ​တေ ကျွန်း​တွင်​ရှိ​၍ အ​နောက်​တောင်​နှင့်​အ​နောက် မြောက်​သို့​မျက်​နှာ​မူ​လျက်​ရှိ​သ​တည်း။

13. တောင်​လေ​ပြေ​က​လေး​စ​၍​တိုက်​ခတ်​လာ​သော အ​ခါ သင်္ဘော​သား​တို့​သည်​မိ​မိ​တို့​၏​အ​ကြံ အောင်​မည်​ဟု​ထင်​မှတ်​လျက် ကျောက်​ဆူး​ကို​နုတ် ပြီး​လျှင်​သင်္ဘော​ကို​က​ရေ​တေ​ကမ်း​ခြေ​တစ် လျှောက်​ကပ်​နိုင်​သ​မျှ​ကပ်​၍​ရွက်​လွှင့်​ကြ​၏။-

14. သို့​ရာ​တွင်​မ​ကြာ​မီ​ပင်​အ​ရှေ့​မြောက်​ရာ​သီ လေ​ဟု​နာ​မည်​ရှိ​သော​လေ​သည် ကုန်း​ဘက်​မှ အ​ဟုန်​ပြင်း​စွာ​တိုက်​ခတ်​လာ​လေ​သည်။-

15. သင်္ဘော​သည်​လေ​အ​ဟုန်​တွင်​မိ​သ​ဖြင့် ထို​လေ ကို​ရင်​ဆိုင်​ရန်​မ​တတ်​နိုင်​တော့​ပေ။ သို့​ဖြစ်​၍ ကျွန်ုပ်​တို့​သည်​လက်​လျှော့​လိုက်​ရ​ကြ​၏။ လေ တိုက်​ရာ​သို့​လွင့်​ပါ​သွား​ကြ​ပြီး​နောက်၊-

16. က​လော​ဒေ​ခေါ်​ကျွန်း​ငယ်​တောင်​ဘက်​သို့​ရောက်​ရှိ သော​အ​ခါ လေ​ပြင်း​ဒဏ်​မှ​အ​နည်း​ငယ်​အ​ကွယ် အ​ကာ​ရ​ရှိ​ကြ​၏။ ထို​အ​ရပ်​တွင်​သင်္ဘော​နောက် မှ​အ​သက်​ကယ်​လှေ​ငယ်​ကို​မ​ပျက်​စီး​စေ​ရန် အ​နိုင်​နိုင်​ကြိုး​စား​ကြ​၏။-

17. သင်္ဘော​သား​တို့​သည်​ထို​လှေ​ကို​ဆွဲ​တင်​ပြီး​လျှင် သင်္ဘော​ဝမ်း​ကို​ကြိုး​များ​ဖြင့်​ပတ်​၍​ခိုင်​ခန့်​အောင် ပြု​ကြ​၏။ သူ​တို့​သည်​သု​ရ​တိ​သောင်​တွင်​သင်္ဘော တင်​မည်​စိုး​သ​ဖြင့် ရွက်​ကို​လျှော့​ချ​လိုက်​ပြီး လျှင်​သင်္ဘော​ကို​လေ​တိုက်​ရာ​သို့​မျော​ပါ​စေ ကြ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 27