ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 27:35-41 Common Language Bible (BCL)

35. ထို​နောက်​ပေါ​လု​သည်​မုန့်​ကို​ယူ​ပြီး​လျှင် ထို သူ​အား​လုံး​တို့​၏​ရှေ့​တွင်​ဘု​ရား​သ​ခင်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​နောက်​မုန့်​ကို ဖဲ့​၍​စား​လေ​၏။-

36. ထို​အ​ခါ​ထို​သူ​အား​လုံး​ပင်​အား​တက်​လာ ကြ​ပြီး​လျှင် အ​စား​အ​စာ​စား​ကြ​ကုန်​၏။-

37. သင်္ဘော​ပေါ်​တွင်​စု​စု​ပေါင်း​လူ​နှစ်​ရာ​ခု​နစ် ဆယ့်​ခြောက်​ယောက်​ရှိ​၏။-

38. လူ​တိုင်း​ဝ​အောင်​စား​ကြ​ပြီး​သော​အ​ခါ သင်္ဘော​ကို​ပေါ့​စေ​ရန် ဂျုံ​ဆန်​ရှိ​သ​မျှ​ကို ပင်​လယ်​ထဲ​သို့​ပစ်​ချ​ကြ​၏။

39. မိုး​လင်း​သော​အ​ခါ​သင်္ဘော​သား​တို့​သည် မိ​မိ တို့​မည်​သည့်​အ​ရပ်​သို့​ရောက်​ရှိ​နေ​မှန်း​မ​သိ ကြ​သော်​လည်း ပင်​လယ်​ကွေ့​ကမ်း​ခြေ​တစ်​ခု​ကို တွေ့​မြင်​ကြ​သ​ဖြင့် ဖြစ်​နိုင်​ပါ​က​ထို​ကမ်း​ခြေ ပေါ်​သို့​သင်္ဘော​ကို​ထိုး​တင်​ရန်​ဆုံး​ဖြတ်​ကြ​၏။-

40. သူ​တို့​သည်​ကျောက်​ကြိုး​ကို​ဖြတ်​၍​ကျောက်​ဆူး များ​ကို​ပင်​လယ်​ထဲ​သို့​ချ​လိုက်​ကြ​၏။ တစ်​ချိန် တည်း​မှာ​ပင်​ပဲ့​ထိန်း​တက်​များ​မှ​ကြိုး​တို့​ကို လည်း​ဖြေ​ကြ​၏။ ထို​နောက်​သင်္ဘော​ဦး​မှ​ရွက် ကို​တင်​၍​ကမ်း​ခြေ​ဘက်​သို့​ရွက်​တိုက်​ကြ​၏။-

41. သို့​ရာ​တွင်​သင်္ဘော​သည်​ရေ​တိမ်​ရာ​သို့​ရောက်​၍ သောင်​တင်​နေ​တော့​၏။ သင်္ဘော​ဦး​သည်​သောင်​တွင် စိုက်​လျက်​နေ​သ​ဖြင့်​လှုပ်​ရှား​၍​မ​ရ။ သင်္ဘော ပဲ့​ပိုင်း​မှာ​မူ​လှိုင်း​လုံး​များ​ရိုက်​သ​ဖြင့်​ကျိုး ပျက်​စ​ပြု​လာ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 27