ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 27:31-39 Common Language Bible (BCL)

31. ပေါ​လု​သည်​တပ်​မှူး​နှင့်​စစ်​သား​များ​အား ``ဤ သင်္ဘော​သား​တို့​သည်​သင်္ဘော​ပေါ်​တွင်​မ​နေ​ကြ လျှင် သင်​တို့​ကိုယ်​တိုင်​အ​သက်​ချမ်း​သာ​ရန် မျှော်​လင့်​ချက်​ရှိ​လိမ့်​မည်​မ​ဟုတ်'' ဟု​ပြော လေ​၏။-

32. ထို​အ​ခါ​စစ်​သား​တို့​သည်​အ​သက်​ကယ်​လှေ ကြိုး​များ​ကို​ခုတ်​ဖြတ်​၍ လှေ​ကို​အောက်​သို့ ချ​လိုက်​ကြ​၏။

33. မိုး​လင်း​ခါ​နီး​၌​ပေါ​လု​သည်​ထို​သူ​အ​ပေါင်း တို့​အား အ​စာ​စား​ရန်​တိုက်​တွန်း​လို​၍ ``သင် တို့​သည်​အ​ဘယ်​သို့​ဖြစ်​မည်​ကို​စောင့်​မျှော်​ကာ အ​ငတ်​ခံ​လျက်​နေ​ခဲ့​ကြ​သည်​မှာ​တစ်​ဆယ့် လေး​ရက်​ရှိ​ပေ​ပြီ။ သင်​တို့​သည်​မည်​သည့် အ​စား​အ​စာ​ကို​မျှ​မ​စား​ခဲ့​ကြ။-

34. သင်​တို့​ဆက်​လက်​အ​သက်​ရှင်​နိုင်​ရေး​အ​တွက် အ​စား​အ​စာ​စား​ကြ​ရန်​ငါ​တောင်း​ပန်​ပါ​၏။ သင်​တို့​တစ်​စုံ​တစ်​ယောက်​၏​ဦး​ခေါင်း​မှ​ဆံ ခြည်​တစ်​ပင်​မျှ​ပင်​လျှင်​ပျက်​စီး​ဆုံး​ရှုံး ရ​လိမ့်​မည်​မ​ဟုတ်'' ဟု​ဆို​၏။-

35. ထို​နောက်​ပေါ​လု​သည်​မုန့်​ကို​ယူ​ပြီး​လျှင် ထို သူ​အား​လုံး​တို့​၏​ရှေ့​တွင်​ဘု​ရား​သ​ခင်​၏ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ပြီး​နောက်​မုန့်​ကို ဖဲ့​၍​စား​လေ​၏။-

36. ထို​အ​ခါ​ထို​သူ​အား​လုံး​ပင်​အား​တက်​လာ ကြ​ပြီး​လျှင် အ​စား​အ​စာ​စား​ကြ​ကုန်​၏။-

37. သင်္ဘော​ပေါ်​တွင်​စု​စု​ပေါင်း​လူ​နှစ်​ရာ​ခု​နစ် ဆယ့်​ခြောက်​ယောက်​ရှိ​၏။-

38. လူ​တိုင်း​ဝ​အောင်​စား​ကြ​ပြီး​သော​အ​ခါ သင်္ဘော​ကို​ပေါ့​စေ​ရန် ဂျုံ​ဆန်​ရှိ​သ​မျှ​ကို ပင်​လယ်​ထဲ​သို့​ပစ်​ချ​ကြ​၏။

39. မိုး​လင်း​သော​အ​ခါ​သင်္ဘော​သား​တို့​သည် မိ​မိ တို့​မည်​သည့်​အ​ရပ်​သို့​ရောက်​ရှိ​နေ​မှန်း​မ​သိ ကြ​သော်​လည်း ပင်​လယ်​ကွေ့​ကမ်း​ခြေ​တစ်​ခု​ကို တွေ့​မြင်​ကြ​သ​ဖြင့် ဖြစ်​နိုင်​ပါ​က​ထို​ကမ်း​ခြေ ပေါ်​သို့​သင်္ဘော​ကို​ထိုး​တင်​ရန်​ဆုံး​ဖြတ်​ကြ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 27