ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 27:16-31 Common Language Bible (BCL)

16. က​လော​ဒေ​ခေါ်​ကျွန်း​ငယ်​တောင်​ဘက်​သို့​ရောက်​ရှိ သော​အ​ခါ လေ​ပြင်း​ဒဏ်​မှ​အ​နည်း​ငယ်​အ​ကွယ် အ​ကာ​ရ​ရှိ​ကြ​၏။ ထို​အ​ရပ်​တွင်​သင်္ဘော​နောက် မှ​အ​သက်​ကယ်​လှေ​ငယ်​ကို​မ​ပျက်​စီး​စေ​ရန် အ​နိုင်​နိုင်​ကြိုး​စား​ကြ​၏။-

17. သင်္ဘော​သား​တို့​သည်​ထို​လှေ​ကို​ဆွဲ​တင်​ပြီး​လျှင် သင်္ဘော​ဝမ်း​ကို​ကြိုး​များ​ဖြင့်​ပတ်​၍​ခိုင်​ခန့်​အောင် ပြု​ကြ​၏။ သူ​တို့​သည်​သု​ရ​တိ​သောင်​တွင်​သင်္ဘော တင်​မည်​စိုး​သ​ဖြင့် ရွက်​ကို​လျှော့​ချ​လိုက်​ပြီး လျှင်​သင်္ဘော​ကို​လေ​တိုက်​ရာ​သို့​မျော​ပါ​စေ ကြ​၏။

18. နောက်​တစ်​နေ့​၌​လည်း​လေ​ပြင်း​မုန်​တိုင်း​ဆက် လက်​တိုက်​ခတ်​နေ​သ​ဖြင့် သူ​တို့​သည်​ကုန်​ပစ္စည်း အ​ချို့​ကို​သင်္ဘော​ပေါ်​မှ​ပစ်​ချ​ကြ​၏။-

19. တ​တိ​ယ​နေ့​၌​သင်္ဘော​နှင့်​စပ်​ဆိုင်​သော​ကုန် ပစ္စည်း​တန်​ဆာ​အ​ချို့​ကို​ပစ်​ချ​ကြ​၏။-

20. ကျွန်ုပ်​တို့​သည်​ရက်​ပေါင်း​များ​စွာ​နေ​နှင့် ကြယ်​နက္ခတ်​များ​ကို​မ​တွေ့​မ​မြင်​နိုင်​ကြ။ လေ​သည်​ဆက်​၍​အ​ရှိန်​ပြင်း​စွာ​တိုက်​ခတ် လျက်​ရှိ​၏။ နောက်​ဆုံး​၌​ကျွန်ုပ်​တို့​သည် သေ ဘေး​မှ​လွတ်​မြောက်​နိုင်​တော့​မည်​မ​ဟုတ် ဟု​စိတ်​လျှော့​လိုက်​ကြ​၏။

21. လူ​တို့​သည်​ကာ​လ​ကြာ​မြင့်​စွာ​အ​စာ မ​စား​ဘဲ​နေ​ကြ​ပြီး​နောက် ပေါ​လု​သည် သူ​တို့​အ​လယ်​တွင်​ရပ်​၍ ``အ​ချင်း​တို့၊ သင် တို့​သည်​ငါ့​စ​ကား​ကို​နား​ထောင်​၍ က​ရေ တေ​ကျွန်း​မှ​မ​ထွက်​မ​ခွာ​ဘဲ​နေ​သင့်​ကြ​၏။ သို့​နေ​ခဲ့​ကြ​မူ​ဤ​သို့​ပျက်​စီး​ဆုံး​ရှုံး​မှု နှင့်​ရင်​ဆိုင်​ကြ​ရ​မည်​မ​ဟုတ်။-

22. သို့​သော်​အား​မ​ငယ်​ကြ​နှင့်။ သင်​တို့​အ​နက် မည်​သူ​တစ်​စုံ​တစ်​ယောက်​မျှ​အ​သက်​ဆုံး​ရှုံး ရ​မည်​မ​ဟုတ်။ သင်္ဘော​သာ​လျှင်​ဆုံး​ရှုံး​ရ လိမ့်​မည်။-

23. ငါ​၏​အ​ရှင်၊ ငါ​ကိုး​ကွယ်​သော​ဘု​ရား​သ​ခင် ၏​ကောင်း​ကင်​တ​မန်​သည်​လွန်​ခဲ့​သော​ည​က ငါ့​ထံ​သို့​လာ​လျက်၊-

24. `ပေါ​လု၊ မ​ကြောက်​နှင့်။ သင်​သည်​ဧ​က​ရာဇ်​ဘု​ရင် ရှေ့​တော်​သို့​ရောက်​ရ​မည်။ ဘု​ရား​သ​ခင်​သည်​သင့် ကို​ထောက်​ထား​တော်​မူ​သ​ဖြင့် သင်​နှင့်​အ​တူ သင်္ဘော​စီး​ခဲ့​ကြ​သူ​အ​ပေါင်း​တို့​အား​သေ​ဘေး မှ​လွတ်​မြောက်​စေ​တော်​မူ​လိမ့်​မည်' ဟု​ဆို​ပါ​၏။-

25. သို့​ဖြစ်​၍​အား​မ​ငယ်​ကြ​နှင့်။ ငါ​သည်​ဘု​ရား သ​ခင်​ကို​ယုံ​ကြည်​သူ​ဖြစ်​၏။ ထို့​ကြောင့်​ငါ့ အား​ကောင်း​ကင်​တ​မန်​ဖော်​ပြ​သည့်​အ​တိုင်း ဖြစ်​ပျက်​လိမ့်​မည်။-

26. သို့​ရာ​တွင်​ငါ​တို့​သင်္ဘော​သည်​ကျွန်း​တစ်​ခု တွင်​သောင်​တင်​လိမ့်​မည်'' ဟု​ဆို​၏။

27. တစ်​ဆယ့်​လေး​ရက်​မြောက်​သော​ည​၌ ကျွန်ုပ်​တို့ သင်္ဘော​သည်​မြေ​ထဲ​ပင်​လယ်​တွင်​လေ​ပြင်း​မုန် တိုင်း​တိုက်​ခတ်​ရာ​သို့​မျော​ပါ​လျက်​ရှိ​၏။ သန်း ခေါင်​အ​ချိန်​ခန့်​တွင်​သင်္ဘော​သား​တို့​သည် ကမ်း တစ်​ခု​ခု​နှင့်​နီး​လာ​သည်​ဟု​ရိပ်​စား​မိ​ကြ​၏။-

28. သူ​တို့​သည်​ရေ​တိမ်​ရေ​နက်​ကို​တိုင်း​ကြည့်​ကြ သော​အ​ခါ ပေ​တစ်​ရာ့​နှစ်​ဆယ်​ရှိ​ကြောင်း​တွေ့ ရ​ကြ​၏။ ရှေ့​သို့​အ​နည်း​ငယ်​သွား​ပြီး​နောက် တစ်​ဖန်​တိုင်း​ကြည့်​ပြန်​ရာ​ပေ​ကိုး​ဆယ်​ရှိ သည်​ကို​တွေ့​ရ​၏။-

29. သူ​တို့​သည်​ကျောက်​ဆောင်​နှင့်​တိုက်​မိ​မည်​စိုး သ​ဖြင့် သင်္ဘော​ပဲ့​ပိုင်း​မှ​ကျောက်​ဆူး​လေး​ခု ကို​ချ​ပြီး​လျှင် ``မိုး​လင်း​ပါ​စေ'' ဟု​ဆု​တောင်း ကြ​၏။-

30. သင်္ဘော​သား​များ​သည်​သင်္ဘော​ဦး​ပိုင်း​မှ​ကျောက် ဆူး​ချ​မည့်​ဟန်​ဖြင့် အ​သက်​ကယ်​လှေ​ကို​လျှော ချ​၍​ထွက်​ပြေး​ရန်​ကြိုး​စား​ကြ​စဉ်၊-

31. ပေါ​လု​သည်​တပ်​မှူး​နှင့်​စစ်​သား​များ​အား ``ဤ သင်္ဘော​သား​တို့​သည်​သင်္ဘော​ပေါ်​တွင်​မ​နေ​ကြ လျှင် သင်​တို့​ကိုယ်​တိုင်​အ​သက်​ချမ်း​သာ​ရန် မျှော်​လင့်​ချက်​ရှိ​လိမ့်​မည်​မ​ဟုတ်'' ဟု​ပြော လေ​၏။-

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 27