ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 27:1-6 Common Language Bible (BCL)

1. ဖေတ္တု​သည်​ကျွန်ုပ်​တို့​ကို​ဣ​တ​လိ​ပြည်​သို့ သင်္ဘော​ဖြင့်​ပို့​ရန်​ဆုံး​ဖြတ်​ပြီး​နောက် ပေါ​လု နှင့်​အ​ခြား​အ​ကျဉ်း​သား​အ​ချို့​တို့​ကို ဧ​က ရာဇ်​မင်း​တပ်​တော်​ဟု​ခေါ်​သော​တစ်​ထောင်​တပ် မှ​တပ်​မှူး​ယု​လ​လက်​သို့​ပေး​အပ်​လိုက်​၏။-

2. ကျွန်ုပ်​တို့​သည်​အာ​ရှ​နယ်​ကမ်း​ခြေ​တစ်​လျှောက် ရှိ​သော သင်္ဘော​ဆိပ်​မြို့​များ​သို့​သွား​မည့်​ဆဲ​ဆဲ ဖြစ်​သော​သင်္ဘော​တစ်​စင်း​ပေါ်​သို့​တက်​၍​ရွက် လွှင့်​ကြ​၏။ ထို​သင်္ဘော​သည်​အာ​ဒြ​မုတ္တိ​မြို့​မှ လာ​သော​သင်္ဘော​ဖြစ်​၏။ မာ​ကေ​ဒေါ​နိ​ပြည် သက်​သာ​လော​နိတ်​မြို့​သား​အာ​ရိတ္တ​ခု​သည် လည်း​ကျွန်ုပ်​တို့​နှင့်​အ​တူ​ပါ​လာ​၏။-

3. နောက်​တစ်​နေ့​၌​ကျွန်ုပ်​တို့​သည်​ဇိ​ဒုန်​မြို့​သို့ ဆိုက်​ကပ်​ကြ​၏။ ယု​လိ​သည်​ပေါ​လု​ကို​သ​နား ကြင်​နာ​စိတ်​ရှိ​သ​ဖြင့် မိတ်​ဆွေ​များ​ထံ​သွား ရောက်​တွေ့​ဆုံ​ခွင့်​ပြု​၏။-

4. ထို​သူ​တို့​အား​လည်း​ပေါ​လု​ကို​ပြု​စု​လုပ်​ကျွေး ခွင့်​ပေး​၏။ ထို​မြို့​မှ​ထွက်​ခွာ​ကြ​သော​အ​ခါ လေ​ဆန်​နှင့်​ကြုံ​နေ​သ​ဖြင့် ကု​ပ​ရု​ကျွန်း​လေ ရိပ်​ကို​ခို​၍​ရွက်​လွှင့်​ရ​ကြ​၏။-

5. ထို​နောက်​ကိ​လိ​ကိ​ပြည်​နှင့်​ပံ​ဖု​လိ​ပြည်​ပင် လယ်​ပြင်​ကို​ဖြတ်​၍​ကူး​ကြ​ရာ လု​ကိ​ပြည် မု​ရ​မြို့​သို့​ရောက်​ကြ​၏။-

6. ထို​မြို့​တွင်​ဣ​တ​လိ​ပြည်​သို့​သွား​မည့်​အာ​လေ ဇန္ဒြိ​မြို့​မှ​ရောက်​ရှိ​လာ​သော​သင်္ဘော​တစ်​စင်း​ကို တွေ့​သ​ဖြင့် တပ်​မှူး​သည်​ကျွန်ုပ်​တို့​အား​ထို သင်္ဘော​ပေါ်​သို့​တက်​စေ​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 27