ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 26:24-32 Common Language Bible (BCL)

24. ဤ​သို့​လျှောက်​လျက်​နေ​စဉ်​ဖေတ္တု​က ``ပေါ​လု၊ သင်​သည်​ရူး​သွပ်​လေ​ပြီ။ အ​တတ်​လွန်​ကဲ​၍ သူ​ရူး​ဖြစ်​လေ​ပြီ​တ​ကား'' ဟု​အော်​၍​ပြော ၏။

25. ပေါ​လု​က ``အ​ရှင်​မင်း​ကြီး၊ အ​ကျွန်ုပ်​သည် သူ​ရူး​မ​ဟုတ်​ပါ။ အ​ရှင့်​အား​လေး​နက်​သော အ​မှန်​တ​ရား​ကို​လျှောက်​ထား​ခြင်း​ဖြစ်​ပါ​၏။-

26. အ​ဂြိပ္ပ​ဘု​ရင်​မင်း​မြတ်၊ ထို​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​အ​ရှင်​သိ​တော်​မူ​သည်​ဖြစ်​၍ အ​ကျွန်ုပ်​သည်​အ​ရှင်​၏​ရှေ့​တော်​တွင်​ရဲ​ဝံ့​စွာ လျှောက်​ထား​ခြင်း​ဖြစ်​ပါ​သည်။ ထို​အ​မှု​အ​ရာ များ​သည်​ချောင်​ကြို​ချောင်​ကြား​တွင်​ဖြစ်​ပျက် ခဲ့​သည်​မ​ဟုတ်​ပါ။ ယင်း​အ​ကြောင်း​အ​ရာ အ​လုံး​စုံ​ကို​အ​ရှင်​မင်း​ကြီး​သိ​တော်​မူ ပြီး​ဖြစ်​သည်​ဟု​အ​ကျွန်ုပ်​ယုံ​ကြည်​ပါ​၏။-

27. အ​ဂြိပ္ပ​ဘု​ရင်​မင်း​မြတ်၊ အ​ရှင်​သည်​ပ​ရော ဖက်​ကျမ်း​များ​ကို​ယုံ​ကြည်​တော်​မူ​ပါ သ​လော။ အ​ရှင်​ယုံ​ကြည်​တော်​မူ​ကြောင်း​ကို အ​ကျွန်ုပ်​သိ​ပါ​၏'' ဟု​လျှောက်​၏။

28. အ​ဂြိပ္ပ​မင်း​က ``သင်​သည်​ဤ​မျှ​တို​တောင်း သည့်​အ​ချိန်​၌ ငါ့​ကို​ခ​ရစ်​ယာန်​ဖြစ်​စေ​နိုင် မည်​ဟု​ထင်​မှတ်​ပါ​သ​လော'' ဟု​ဆို​၏။

29. ပေါ​လု​က ``အ​ချိန်​တို​သည်​ကြာ​သည်​မှာ ပ​ဋ္ဌာ​န​မ​ဟုတ်​ပါ။ အ​ရှင်​မင်း​ကြီး​နှင့်​တ​ကွ ယ​နေ့​အ​ကျွန်ုပ်​ပြော​ဆို​သည်​ကို နား​ထောင် လျက်​ရှိ​ကြ​သော​လူ​အ​ပေါင်း​တို့​သည် ဤ အ​နှောင်​အ​ဖွဲ့​ခံ​ရ​မှု​မှ​လွဲ​၍​အ​ကျွန်ုပ်​ကဲ့ သို့​ပင်​ဖြစ်​လာ​ကြ​စေ​ရန် ဘု​ရား​သ​ခင် ထံ​တော်​သို့​အ​ကျွန်ုပ်​ဆု​တောင်း​ပါ​၏'' ဟု လျှောက်​လေ​သည်။

30. ထို​အ​ခါ​မင်း​ကြီး​နှင့်​ဘု​ရင်​ခံ​တို့​သည် မိ ဖု​ရား​ဗေ​ရ​နိတ်​နှင့်​အ​ဖွဲ့​ဝင်​အ​ပေါင်း​တို့ နှင့်​တ​ကွ​နေ​ရာ​မှ​ထ​ကြ​၏။-

31. သူ​တို့​သည်​ထို​နေ​ရာ​မှ​ထွက်​ခွာ​သွား​ပြီး နောက် ``ဤ​သူ​သည်​သေ​ဒဏ်​သို့​မ​ဟုတ်​ထောင် ဒဏ်​ခံ​ထိုက်​သည့်​ပြစ်​မှု​တစ်​စုံ​တစ်​ရာ​ကို​မျှ မ​ကူး​လွန်'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။-

32. အ​ဂြိပ္ပ​မင်း​က ``အ​ကယ်​၍​ဤ​သူ​သည်​ကဲ​သာ ဘု​ရင်​ထံ​သို့​အ​ယူ​ခံ​ဝင်​ရန်​မ​လျှောက်​ထား ခဲ့​ပါ​မူ​သူ့​ကို​လွှတ်​ပစ်​နိုင်​၏'' ဟု​ဖေတ္တု အား​ပြော​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 26