ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တမန်တော်ဝတ္ထု 26:15-22-23 Common Language Bible (BCL)

15. ထို​အ​ခါ​အ​ကျွန်ုပ်​က `အ​ရှင်၊ အ​ရှင်​သည် အ​ဘယ်​သူ​ဖြစ်​ပါ​သ​နည်း' ဟု​မေး​လျှောက် ပါ​၏။ ထို​အ​ရှင်​က `ငါ​ကား​သင်​နှိပ်​စက်​ညှဉ်း ဆဲ​နေ​သည့်​ယေ​ရှု​တည်း။-

16. သို့​ရာ​တွင်​ယ​ခု​ထ​၍​မတ်​တပ်​ရပ်​လော့။ သင့် အား​ငါ​၏​အ​မှု​တော်​ဆောင်​အ​ဖြစ်​ခန့်​ထား​ရန် သင်​၏​ထံ​သို့​ငါ​ကြွ​လာ​ခြင်း​ဖြစ်​၏။ ယ​နေ့ သင်​မြင်​ရ​သည့်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အ​ကြောင်း နှင့် နောင်​အ​ခါ​ငါ​ဖော်​ပြ​လတ္တံ့​သော​အ​ကြောင်း အ​ရာ​တို့​ကို​သင်​သည်​သူ​တစ်​ပါး​တို့​အား သက်​သေ​ခံ​ရ​မည်။-

17. ငါ​သည်​သင့်​အား​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​လက်​မှ​လည်း​ကောင်း၊ ငါ​စေ​လွှတ်​၍​သင် သွား​ရောက်​ဟော​ပြော​မည့်​လူ​မျိုး​ခြား​တို့ ၏​လက်​မှ​လည်း​ကောင်း​ကယ်​ဆယ်​မည်။-

18. သင်​သည်​လူ​မျိုး​ခြား​တို့​၏​မျက်​စိ​ကို​ဖွင့် ပေး​ရ​မည်။ သူ​တို့​အား​အ​မှောင်​မှ​အ​လင်း သို့​ကူး​မြောက်​စေ​၍ စာ​တန်​အာ​ဏာ​စက်​မှ ဘု​ရား​သ​ခင်​၏​အာ​ဏာ​စက်​သို့​ကူး​ပြောင်း စေ​ရ​မည်။ ထို​သူ​တို့​သည်​ငါ့​ကို​ယုံ​ကြည်​ခြင်း အား​ဖြင့်​အ​ပြစ်​များ​ပြေ​လွတ်​လျက် ဘု​ရား သ​ခင်​ရွေး​ကောက်​တော်​မူ​သော​လူ​စု​တော် တွင်​အ​ပါ​အ​ဝင်​ဖြစ်​ရ​လိမ့်​မည်' ဟု​မိန့် တော်​မူ​ပါ​၏။''

19. ``အ​ရှင်​အ​ဂြိပ္ပ​မင်း​ကြီး၊ အ​ကျွန်ုပ်​သည်​ကောင်း ကင်​မှ​ရ​ရှိ​သည့်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​ကို​မ​လွန်​ဆန် နိုင်​ပါ။ `သင်​တို့​သည်​နောင်​တ​ရ​၍​ဘု​ရား​သ​ခင် ထံ​ပြောင်း​လဲ​ရ​ကြ​မည်။ နောင်​တ​နှင့်​လျော်​ကန် သည့်​အ​ကျင့်​ကို​ကျင့်​ရ​ကြ​မည်' ဟု၊-

20. ဦး​စွာ​ဒ​မာ​သက်​မြို့၊ ထို​နောက်​ယေ​ရု​ရှ​လင်​မြို့ မှ​စ​၍ ယု​ဒ​ပြည်​တစ်​ပြည်​လုံး​ရှိ​လူ​တို့​အား လည်း​ကောင်း၊ လူ​မျိုး​ခြား​တို့​အား​လည်း​ကောင်း အ​ကျွန်ုပ်​ဟော​ပြော​ပါ​၏။-

21. ထို့​ကြောင့်​ယု​ဒ​အ​မျိုး​သား​တို့​သည် အ​ကျွန်ုပ် ကို​ဗိ​မာန်​တော်​ထဲ​တွင်​ဖမ်း​ဆီး​၍​သတ်​ရန် ကြိုး​စား​ကြ​ပါ​၏။-

22-23. သို့​သော်​ဘု​ရား​သ​ခင်​သည်​အ​ကျွန်ုပ်​ကို​မ​စ တော်​မူ​သ​ဖြင့် ယ​နေ့​တိုင်​အောင်​အ​ကျွန်ုပ်​သည် အ​သက်​ရှင်​၍​ယုတ်​မြတ်​မ​ဟူ​လူ​အ​ပေါင်း​တို့ အား​သက်​သေ​ခံ​လျက်​ရှိ​ပါ​၏။ မေ​ရှိ​ယ​သည် အ​သေ​ခံ​တော်​မူ​ရ​မည်​ဟူ​၍​လည်း​ကောင်း၊ ကိုယ်​တော်​သည်​သေ​ခြင်း​မှ​အ​ဦး​ထ​မြောက် တော်​မူ​ပြီး​လျှင် ဣသ​ရေ​လ​အ​မျိုး​သား​တို့ နှင့်​လူ​မျိုး​ခြား​တို့​အား ကယ်​တင်​ခြင်း အ​လင်း​တ​ရား​တော်​ကို​ကြေ​ညာ​တော်​မူ လိမ့်​မည်​ဟူ​၍​လည်း​ကောင်း မော​ရှေ​နှင့်​ပ​ရော ဖက်​များ​ဟော​ကြား​ခဲ့​သည့်​အ​တိုင်း​အ​ကျွန်ုပ် သည်​ဟော​ပြော​ပါ​၏'' ဟု​ချေ​ပ​လျှောက် ထား​၏။

ပြီးပြည့်စုံသောအခနျးတှငျဖတျရှုပါ တမန်တော်ဝတ္ထု 26